စာမူဖိတ်ခေါ်ခြင်း
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာကြီးကို “အင်ကုန်းတောသာ၊ ထိုမာရွာ” ဟူသော ဆိုရိုးစကားနှင့်အညီ ၁၂၇၆-ခုနှစ်၌ စတင်တည်ထောင်ခဲ့ရာ ၁၃၇၆-ခုနှစ် တွင် နှစ်တစ်ရာပြည့်တော့မည်ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း ထိုမာရွာကြီးသည် အိမ်ခြေ တစ်ထောင်နှစ်ရာကျော်အထိ များပြားစည်ပင်လာခဲ့ပြီး စီးပွားရေး၊ပညာရေးစသည်တို့ တွင်လည်း အထူးတိုးတက်အောင်မြင်ခဲ့ပေသည်။
08/11/2013
18/10/2013
ပါလိလေယျက လမ်းစဉ်
1. စီးဆင်း ရင်ခွင် | 10/18/2013 |
2.
3. ဆောင်းပါး
4.
5.
6.
ပါလိလေယျကတောအုပ်
“နာနာ ဟိ ခေါ နော, ဘန္တေ , ကာယာ , ဧကဉ္စ ပန မညေ စိတ္တံ”
“နာနာ ဟိ ခေါ နော, ဘန္တေ , ကာယာ , ဧကဉ္စ ပန မညေ စိတ္တံ”
“မြတ်စွာဘုရား၊ တပည့်တော်တို့ သုံးဦးမှာ ကိုယ်ကသာ သုံးကိုယ်ကွဲပြား နေသော်လည်း စိတ်သည်ကား မကွဲမပြား နို့နှင့်ရေ ရောထားသကဲ့သို့ တစ်သားတည်းကဲ့သို့ ဖြစ်နေကြပါသည်ဘုရား"
(မဟာဝါ- နှာ-၄၉၈)
(မဟာဝါ- နှာ-၄၉၈)
ကိုရင်ငယ်ဘ၀က မဟာဝါပါဠိတော်နှင့် ဓမ္မပဒဋ္ဌကထာတို့ကို သင်ယူခဲ့ရသည်။ ထိုစဉ်က မြတ်ဗုဒ္ဓ သည် ပြောဆိုဆုံးမ၍ မရသည့် သံဃာကို စွန့်ခွါကာ ပါလိလေယျက တော၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်ပုံ၊ အပေါင်းအသင်း အုပ်စုတို့နှင့် နေရခြင်းကို ငြီးငွေ့၍ တစ်ကောင်တည်း ထွတ်လာသော ဆင်မင်းကြီးက တစ်ဝါတွင်းလုံး ဘုရားရှင်ကို ပြုစုလုပ်ကျွေးပုံ၊ မျောက်တစ်ကောင်သည် မိမိလှူဒါန်းသော ပျားရည်ကို ဘုရားရှင် ဘုန်းပေးသုံးဆောင်သောကြောင့် ၀မ်းသားအားရ ခုန်ပေါက်ကခုန်သဖြင့် သစ်ကိုင်းကျိုး သေလွန်ကာ နတ်ပြည်၌ မျောက်နတ်သားဖြစ်ပုံ စသောပုံရိပ်တို့သည် စွဲစွဲထင်ထင် ရှိနေခဲ့ပေ၏။ အချို့သော ဘုရားတန်းဆောင်း၊ ပြခန်းတို့တွင် ယင်းဖြစ်စဉ် ပန်းချီပုံတို့ကို ရေးဆွဲဖန်တီးထားသဖြင့် ပို၍ပင် မှတ်မှတ်ရရ ရှိနေခဲ့၏။
19/09/2013
အမူးမပြေသေးတဲ့ မွန်းတည့်ချိန်
1. စီးဆင်း ရင်ခွင် | 9/19/2013 |
2.
3. ဆောင်းပါး
4.
5.
6.
တဏှာပူးတဲ့၊ အရူးတွေမှာ၊ အမူးမပြေ၊ ပင်ပန်းရှာကြလေး…။
တဏှာကြိုက်တဲ့၊ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး…။
တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ပင်ပန်းရှာကြလေး...။
အဆိုတော် ရီရီသန့်၏ သီချင်းသံသည် သူ၏အခန်းကျဉ်းလေး တစ်ခုလုံးကို ပျံ့နှံ့နေခဲ့သည်။ လယ်တီဆရာတော်ကြီး၏ နိဗ္ဗန္ဒတေးထပ်ကို သီချင်းဟန်ဖြင့် သီဆိုထားခြင်းဖြစ်၍ စာသားများက ထိထိမိမိရှိသည်။ ပြောင်မြောက်သည်။ ထို့အပြင် အဆိုတော်က သီဆိုရာတွင် အစွဲ အငင် အဖြတ် အတောက် လေယူလေသိမ်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိသောကြောင့် နားထောင်သူတို့ကို စွဲမက်စေသည်။ အကြိမ်ကြိမ် နားထောင်မိခြင်းနှင့်အတူ တေးထပ်စာသားတို့သည် သူ၏ရင်ထဲသို့ ရောက်ရှိလာခဲ့၏။ သီချင်းနားထောင်းနေရင်း တရားနာယူနေရသည့်ပမာ သံဝေဂဥာဏ်တို့ ဖြစ်ရပေသည်။ နိဗ္ဗိန္ဒတေးထပ် သည် သူလို အန္ဓပုထုဇဉ်တစ်ယောက်၏ ရင်ဘတ်ကြီးအား ကွတ်တိ ထိမှန်သော တေးထပ် ပင် ဖြစ်တော့၏။
16/09/2013
နှလုံးလှ ယာစကာကြီး
1. စီးဆင်း ရင်ခွင် | 9/16/2013 |
2.
3. ဆောင်းပါး
4.
5.
6.
“ဘန္တေကြီး နိရောဂီ ရဟေ ဆူခီ ရဟေ”
(ဘန္တေကြီး ကျမ္မာပါစေ ချမ်းသာပါစေ)
မေတ္တာဓာတ် လွှမ်းခြုံထားသော အသံတစ်ခုက အခန်းရှေ့မှ မတိုးမကျယ် ထွတ်ပေါ်လာသည်။ ထိုအသံကြားလျှင် ကျွန်ုပ်သိလိုက်ပြီ။ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့တိုင်း ပုံမှန်လာနေကျ သူတောင်းစား ပုဏ္ဏားအဘိုးကြီး၏ နှုတ်ဆက်သံ။ အဘိုးကြီးမှာ ဇာတ်မြင့်ပုဏ္ဏားမျိုးဖြစ်၍ အရောင်မရှိတော့သော ပိတ်ဖြူဝတ်စုံကို သေသပ်စွာ ၀တ်ဆင်ထား၏။ ဦးခေါင်းတစ်ခေါင်းလုံး ပြောင်စင်အောင် ရိတ်ထားသော် လည်း ပုဏ္ဏားတို့ ရိုးရာထုံးစံအတိုင်း မွေးရာပါ ဆံပင်ကို မပျောက်စေရန် ဆံပင်အနဲငယ်မျှကို မရိတ်ဘဲ ထုံးဖွဲ့၍ ဦးခေါင်း၏ နောက်ဘက်ခြမ်း၌ ချန်ထားလေ၏။ သူ၏ ညာဘက် လက်တစ်ဖက်မှာ တစ်ထောင်ဆစ်အထက်ပိုင်း ပြတ်နေပြီး အရွယ်အားဖြင့် (၇၀)နီးပါး ရှိမည်ထင်၏။ ကျွန်ုပ်၏ အဆောင်သို့ အမြဲတစေ မဟုတ်သော်လည်း နှစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါခန့် လာရောက် တောင်းရမ်းလေ၏။
14/09/2013
01/09/2013
ဒီနေ့ တွေးမိတွေးရာ (၇)
1. စီးဆင်း ရင်ခွင် | 9/01/2013 |
2.
3. ဆောင်းပါး
4.
5.
6.
ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နံနက်ခါ။
ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် နေ့ခင်းခါ။
ကိုယ်နှုတ်စိတ်တွင်၊ အလှပြင်၊ နေ့စဉ် ညချမ်းခါ။
ငါးပါးသီလ၊ လုံခြုံက၊ မုချလှမည်သာ။
ကိုယ်ကျင့်သီလ၊ ကောင်းမွန်က၊ မုချလှမည်သာ။
(မဟာသုဗောဓာရုံဆရာတော်ဘုရားကြီး)
သက်ရှိလူသားတိုင်း လှချင်ကြတာမဟုတ်လား။ လှချင်ကြတော့လဲ လှပအောင် ပြင်ကြရပြီပေါ့။ လှဖို့အတွက် ငွေကုန်၊ အချိန်ကုန်ခံပြီး အမျိုးမျိုးပြုပြင်ကြရတယ်။ ပြုပြင်တဲ့ အလှဟာ တခဏတော့ အဆင်ပြေ လှပပါတယ်။ ဒါပေမယ့် အချိန်တန်တော့ အလှတွေ ပျက်ပြီး အိုကြရတာပါပဲ။ မမြဲတဲ့ ရုပ်အလှကို ပြင်ထားတော့ အလှမမြဲတော့ဘူးပေါ့။ အမြဲတန်း အိုသည်ထိတိုင်အောင် လှပဖို့ဆိုတာ စိတ်အလှကို ပြင်မှ ဖြစ်မှာပါ။ လူသားတိုင်း ကိုယ်ကျင့်သီလတွေ ကောင်းမွန်နေကြမယ်ဆိုရင် ငါးပါးသီလတွေ လုံခြုံနေကြမယ်ဆိုရင် အိုသည့်တိုင်အောင် အလှမပျက်ဘဲ လှပနေပါမှာ။ ကိုယ်အလှတင် သာမက စိတ်အလှ ကိုလည်း ပြုပြင်ဖို့ အရေးကြီးတယ်မဟုတ်လား။
31/08/2013
ဘာမှ ယူမသွားပါ
1. စီးဆင်း ရင်ခွင် | 8/31/2013 |
2.
3. အက်ဆေး
4.
5.
6.
ဆယ်တန်းအောင်လို့ ပထမဘွဲ့ ကို ၅ နှစ်ကြာအောင် သင်ယူပြီးကတည်းက နောက်ထပ် စုစုပေါင်း ၉ နှစ်ကြာအောင် ပညာ သင်ယူခဲ့ရသော.... ကြိုးစား တည်ဆောက်ခဲ့ရသော ဘဝကို မြတ်နိုးမိခြင်းသည် အမှားတစ်ခု... ဘဝသံသရာ ရှည်စေသော... လမ်းကြောင်းတစ်ခု...၊
ဘဝတဏှာ ..၊ ဘဝရဲ့အတ္တမာနနဲ့ ဘဝဒိဋ္ဌိကြိုးကို ပိုမို ခိုင်မာစေတဲ့ ကြိုးတစ်ချောင်းဆိုတာ ကျွန်မ အရင်က မသိခဲ့ပါ..။
ဝင့်ဝါလိုခြင်း မရှိသည့်တိုင် အသိအမှတ် ပြုတာလေးတော့ လိုချင်မိခဲ့ပါ တယ်..။
ဒါတွေ မလိုချင်ပါဘူး..အရေးမကြီးပါဘူးလို့ ကျွန်မက ပြောခဲ့ရင် ဒါဟာ ညာတာပဲဖြစ်ပါလိမ့်မယ်..။
ဘဝတဏှာ ရှိနေသေးတာ အထင်အရှားပေကိုး..။
Subscribe to:
Posts (Atom)







