ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

14/09/2013

တုံးလုံးချွတ် သရုပ်ခွဲ

1. စီးဆင်း ရင်ခွင် | 9/14/2013 | 2. 3. 4. 5. 6. Best Blogger Tips
                                               ဂျိန်းဘုန်းကြီးများ
      အိန္ဒိယ၌ နေတာ မကြာသေးလျှင် တုံးလုံးချွတ်နေသူတိုင်းကို ဂျိန်း ဘုန်းကြီးဟု ထင်တတ်ပေသည်။ တုံးလုံးချွတ် ကျင့်ကြံသူတိုင်း ဂျိန်း ဘုန်းကြီးများ မဟုတ်ကြပါ။ တုံးလုံးချွတ် ကျင့်သူတို့မှာ ဂျိန်းဘုန်းကြီး၊ ဆာဒူးဘုန်းကြီး ဟု နှစ်မျိုးတွေ့ရပါသည်။


                                              ဂျိန်းဘုန်းကြီး တရားပွဲ

    ဂျိန်းဘုန်းကြီးတို့မှာ အမြဲတစေ တုံးလုံးချွတ်နေထိုင်ကာ ကျင့်ကြပြီး အပြင်ထွတ်လျှင် သားမြီးဖျားယပ်တောင်ကို လက်ကကိုင်လေ့ရှိ၏။ ရေကရားကိုင်လျှက် လိုက်ပါသော ကပ္ပိယဒကာ တစ်ယောက် အမြဲပါတတ်သည်။ ထိုဂျိန်းဘုန်းကြီးများက လာရောက်ဖူးမျှော်သူတို့ကို ကန်တော့ခံသောအခါ သားမြီးဖျား ယပ်တောင်ဖြင့် မိမိပစ္စည်းကို ဖုံးထားတတ်၏။
                                                     ဂျိန်းဘုန်းကြီး
       ဟိန္ဒူဆာဒူးဘုန်းကြီးများက ထိုသို့မဟုတ်ပေ။ သူ့ရာသီပွဲတော်ရက်များအတွင်း၌သာ သျှီဝနတ်ဘုရားကို ပူဇော်ရန် တုံးလုံးချွတ်ပြီး ဂင်္ဂါမြစ်ရေကို ချိုး၍ တစ်ကိုယ်လုံး ပြာတို့ဖြင့် လိမ်းကြံကာ ဂင်္ဂါမြစ်ဘေး၌ နေကြ၏။ ပွဲတော်ရက်အတွင်း ထိုကဲ့သို့ တုံးလုံးချွတ်ဖြင့် ပူဇော်ကြ၏။ ဖုံးကွယ်ခြင်းမရှိဘဲ ဖော်ရတာကို ဂုဏ်ယူသကဲ့သို့ လုပ်ပြတတ်၏။ ပွဲတော်ရက်ပြီးရင် တုံးလုံးချွတ် မနေတော့ပေ။
                                                   ဆာဒူး ဟိန္ဒူဘုန်းကြီးများ

  
ယခုနှစ် အရှင်တစ်ပါးက ထိုပွဲတော်ကို သွားရောက်ပြီး ဓာတ်ပုံများ ဖေ့ဘွတ်တွင် တင်ကာ ဂျိန်းဘုန်းကြီးဟု ဆိုလေ၏။ မိမိက ရှင်းပြသောအခါ သိပ်လက်မခံချင်ပေ။ တိဗက် ၊ ဘူတန်ကျောင်းသားများကလဲ ဂျိန်းဘုန်းကြီးဟု ပြောကြောင်း စောဒကပြု၏။ အကျယ်တ၀င့် ရှင်းပြမှ လက်ခံချင်ယောင်ပြု၏။ ထိုကဲ့သို့ ဗဟုသုတ လေ့လာလိုသူများ အမြင်ရှင်းစေရန် ဓာတ်ပုံတို့ကို တင်ပြကာ သရုပ်ခွဲခြားလိုက်ပါသည်။ အဓိကနေရာတို့ကို ဖျက်လိုသော်လည်း ပိုတိုရှော့ မလုပ်တတ်သဖြင့် နားလည်ပေးစေလိုပါသည်။
 
                                                       ဆာဒူး ဟိန္ဒူဘုန်းကြီး


ဂျိန်းဘုန်းကြီး နဲ့ ဤအရှင်                                               
သိမ်မွေ့ဦး (BHU)
(13-09-13)

No comments:

Post a Comment