ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၂ )

1. စီးဆင်း ရင်ခွင် | 2/28/2015 | 2. 3. 4. 5. 6. Best Blogger Tips
           နေ့လည်စာပြီးနောက် ဗီယန်ကျင်းမှ အနည်းငယ်ဝေးသောအရပ် မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသော ဗုဒ္ဓပန်းခြံသို့ သွားရောက်ခဲ့ကြသည်။ ပန်းခြံကို အနုပညာအင်ဂျင်နီယာ MR. Bounleua က တည်ဆောက်ခဲ့သည်။ ပန်းခြံအတွင်းတွင် လျောင်းတော်မူ မြတ်ဗုဒ္ဓဆင်းတုတော်ကြီး၊ ဘုရားရှင်၏သမိုင်း၊ ဟိန္ဒူသမိုင်းရုပ်တုတို့ကို ထုဆစ်ကာ ပုံဖော်ခဲ့သည်။ ပန်းခြံမပြီးခင် အင်ဂျင်နီယားဆုံးခဲ့သဖြင့် ပန်းခြံမပြီးခဲ့ပေ။ ပန်းခြံကို ကြိုးစားကာပြုလုပ်သဖြင့် ပင်ပန်းသော ဒဏ်ကြောင့် ဆုံးသည်ဟု ဆိုစမှတ်ပြုကြ၏။ သူသည် မြစ်တစ်ဘက်ကမ်း ထိုင်းနိုင်ငံ၊ နောင်ခိုင်းမြို့ (Nongkhai)တွင် Keoku park အမည်ဖြင့် ပန်းခြံကို ဦးစွာ ဖန်တီးတည်ဆောက်ခဲ့၏။ ယင်းပန်းခြံကား ပြီးစီးခဲ့သည်။

27/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၁ )

1. စီးဆင်း ရင်ခွင် | 2/27/2015 | 2. 3. 4. 5. 6. Best Blogger Tips

        ၂၀၁၄-ခု၊ ဇွန်လ (၁၀)ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းသို့ အလည်ရောက်ခဲ့သည်။ မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသည့် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သည်။ လာအိုနိုင်ငံသည် ပြည်နယ် (၁၇)နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၆)သန်း နေထိုင်သည်။ တစ်နိုင်ငံလုံး သံဃာဦးရေ (၂၄၇၄)ပါး ရှိသည်။ နူးညံ့အိစက်သော ကောင်းညှင်းပျော့ကိုသာ အမြဲစားသုံးကြပြီး လာအိုလူမျိုး အများစုမှာ ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်ဖြင့် ချောမောလှပကြသည်။ ကောင်းညှင်းကိုသာ စားသုံးလေ့ရှိသဖြင့် ကောင်ညှင်းဆန်က ဈေးချိုပြီး ရိုးရိုးဆန်က ဈေးကြီးသည်။