အမှားလုပ်လဲ ငုတ်တုတ်ခံ
အမှန်လုပ်လဲ မတုံ့ ပြန်
ရှေးရှေးဘ၀က ကုသိုလ်ကံ
ကံပေးသမျှ ရောင့်ရဲ ကြ
ဒါမှ မြန်မာ ပီသတဲ့ဗျ ။
ဗုဒ္စဘာသာ တို့ တိုင်းပြည်
လောကီရေးကို မတွေးပြီ
တမလွန်သို့  စိတ်ကရည်
နိဗ္ဗာန်ရွှေပြည် ပန်းတိုင်သို့ 
ကိုယ်ပိုင် ဥစ္စာ စွန့် လွှတ်လို့ 
အလှူရေစက် ချကြစို့ ။
ငါတို့ နိုင်ငံ ထွန်းကားရန်
စိတ်အား မထက်သန်
အကြံဥာဏ် တွေ ထုတ်မသုံး
သိပ္မံ နည်းတွေ မုန်း ။
တဟုန်းဟုန်း နဲ့  တိုးတက်ရန်
ဟောသည် ကမ္ဘာမြေ
မြန်မာတွေ နေရစ်တော့
ကျောင်းသင်္ခမ်း မှာ စံလေရော့ ။ ။
ဆရာ တင်မိုး
၂၃ ၊ ဇွန် ၊ ၁၉၉၉
ဗုဒ္ဓဟူး နံနက်ခင်း
လောကီရေးကို မတွေးပြီ
တမလွန်သို့  စိတ်ကရည်
နိဗ္ဗာန်ရွှေပြည် ပန်းတိုင်သို့ 
ကိုယ်ပိုင် ဥစ္စာ စွန့် လွှတ်လို့ 
အလှူရေစက် ချကြစို့ ။
ငါတို့ နိုင်ငံ ထွန်းကားရန်
စိတ်အား မထက်သန်
အကြံဥာဏ် တွေ ထုတ်မသုံး
သိပ္မံ နည်းတွေ မုန်း ။
တဟုန်းဟုန်း နဲ့  တိုးတက်ရန်
ဟောသည် ကမ္ဘာမြေ
မြန်မာတွေ နေရစ်တော့
ကျောင်းသင်္ခမ်း မှာ စံလေရော့ ။ ။
ဆရာ တင်မိုး
၂၃ ၊ ဇွန် ၊ ၁၉၉၉
ဗုဒ္ဓဟူး နံနက်ခင်း