“အမျိုးသားပညာရေးအစ…ဘုန်းတော်ကြီးကျောင်းက”…ဟူ၍ဆိုရိုးစကား သမိုင်းများ
ရှိခဲ့ကြသ ကဲ့သို့…ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်သည် ဟိုတောကြိုအုံကြား ရပ်/ ရွာများမှ မြို့နယ်တိုက်ကြား ရွှေနန်းတော်များအထိ ခရီးပေါက်မြောက်ခဲ့ပေသည်။
ထိုဘုန်းတော်ကြီး သင်ပညာရေးစနစ်သည် အမိမြန်မာပြည်ကြီး သူ့ကျွန်ဘဝကိုလိုနီ
နယ်ချဲ့အောက် ကျရောက်သည်မှစ၍ တစတစနှင့်အနှိမ်နင်းခံ နင်းကြမ်းဘဝသို့ ရောက်မှန်းမသိ
ရောက်ရှိသွားကာ ပစ္စုပ္ပန် မျက်မှောက် ကျောင်းတော်ကြီး၏ ခေါင်းလောင်းသံသည်ကား….တိတ်
ဆိတ်ငြိမ်သက်ခြင်းကို အဖော်ပြုပြီး အနာဂါတ်၏ရင်သွေးငယ်များအတွက် တာဝန်မဲ့သယောင်
ယောင် အသွင်ဆောင်၍နေ ခဲ့လေပြီတကား………။
ယင်းကဲ့သို့ အနှိမ်ခံနင်းကြမ်းဘဝသို့ ကျရောက်သွားခြင်း၏အကြောင်းရင်းမှာ…ဘာသန္တရစာပေများကို အားပေးမှုနည်းသောရှေးဆရာများ၏ရှေးရိုးစဉ်လာ ပညာသင်ကြားရေးနည်း
စနစ်ကို မပြောင်း လဲလိုခြင်း….လောကီနှင့်လောကုတ္တရာကိုမရောထွေးခြင်း…ဟူသောအကြောင်း
တရားနှစ်ရပ်ကို ယေဘုယျ အားဖြင့် ရှုမြင်သုံးသပ်တွေ့ရှိပေသည်။