စာမူဖိတ်ခေါ်ခြင်း
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာကြီးကို “အင်ကုန်းတောသာ၊ ထိုမာရွာ” ဟူသော ဆိုရိုးစကားနှင့်အညီ ၁၂၇၆-ခုနှစ်၌ စတင်တည်ထောင်ခဲ့ရာ ၁၃၇၆-ခုနှစ် တွင် နှစ်တစ်ရာပြည့်တော့မည်ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း ထိုမာရွာကြီးသည် အိမ်ခြေ တစ်ထောင်နှစ်ရာကျော်အထိ များပြားစည်ပင်လာခဲ့ပြီး စီးပွားရေး၊ပညာရေးစသည်တို့ တွင်လည်း အထူးတိုးတက်အောင်မြင်ခဲ့ပေသည်။
ဘာသာရေးအားဖြင့် ဗုဒ္ဓဘာသာ သက်သက်ကိုသာ ယုံကြည်ကိုးကွယ်ကြပြီး တစ်ရွာတစ်ကျောင်းစနစ်ကို တန်ဖိုးထား မြတ်နိုးကြကာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်းကိုသာ ထားရှိကိုးကွယ် ကြပါသည်။
ထိုမာရွာကြီး၏ နှစ်တစ်ရာပြည့်မြောက်ရာ ၁၃၇၆-ခုနှစ်တွင် ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကြမည်ဖြစ်ပြီး ရာပြည့်အထိမ်းအမှတ်စာစောင်ကိုလည်း မော်ကွန်းတင် ပုံနှိပ်ထုတ်ဝေ သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထိုရာပြည့်အထိမ်းအမှတ်စာစောင်အတွက် ဘာသာရေး၊ လူမူရေး၊ ပညာရေး၊ ကျမ္မာရေးစသော ရှု့ထောင့်မျိုးစုံမှ သုတ၊ရသ ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေး၊ကဗျာစသည်တို့ကို ၁၃၇၆-ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်၊ (၃၀-၄-၁၄) ဗုဒ္ဓဟူးနေ့ နောက်ဆုံး ထား၍ ရေးသားပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေးချယ်ခံရသော စာမူရှင်များအား ရာပြည့်အထိမ်းအမှတ် အမှတ်တရလက်ဆောင်တို့ကို ပြန်လည် ချီးမြှင့်ပါမည်။
စာမူပေးပို့ရန်လိပ်စာများ-
konipu@gmail.com / siddhibala@gmail.com / ashinwizana@gmail.com
(၁) ဘုန်းတော်ကြီးကျောင်း၊ ထိုမာရွာ၊ ကလေးမြို့နယ်။
ဖုန်း= ၀၉၄၇၀၇၂၆၂၁၊ ၀၉၄၀၁၅၆၉၂၄၃၊ ၀၉၄၀၀၅၁၁၉၈၁။
(၂) ပုပ္ဖာရုံကလေးမြို့ကျောင်း၊ ရေနံချောင်းတိုက်၊ ဂရိတ်ဝေါ ဟိုတယ်အနီး၊ မန္တလေး။
ဖုန်း= ၀၉၉၁၀၂၉၃၁၁။
(၃) အရှင်ဝိဇန၊ သာသနာ့အလင်းရောင်ကျောင်း၊ ကြည်စုရပ်ကွက်၊ ဗြဟ္မ၀ိဟာရလမ်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၀၉၄၂၀၀၆၂၃၁၉။
(၄) အရှင်ပညာဇောတ၊ သာသနာ့ဝေပုလ္လကလေးမြို့ကျောင်း ၊ ဘင်္ဂလားတိုက်၊ ကြားတောရရပ်ကွက်၊ ဗဟန်း၊ ရန်ကုန်။
No comments:
Post a Comment