ထို့နောက် အန်ကောနယ်မြေအတွင်း အဓိကကျောင်းဖြစ်သည့် ကမ္ဘာ့အံ့ဘွယ် နံပါတ် ၇-ဖြစ်သည့် အန်ကောဝတ်ကျောင်းတော်သို့ ၀င်ကြသည်၊ ကျယ်ဝန်းလှသော အန်ကောဝတ် ကျောင်းတော်ကြီးကို အပြင်မှ ရေကန်ကြီးတို့ဖြင့် ကျုံးခတ်ထား၏။ အတွင်းမှ နန်းမြို့ရိုးတံတိုင်းကဲ့သို့ စင်္ကြံဆောင်တို့ဖြင့် ကာရံထားသည်။ ယင်းစင်္ကြံဆောင်ကြီးတို့ကို ကျောက်တုံးတို့ဖြင့် သေသပ်ခိုင်မာစွာ ပြုလုပ်ထားပြီး ပန်းချီ ပန်းပု ကနုတ်လက်ရာမျိုးစုံဖြင့် ထုဆစ်ထားသည်။ အတွင်း၌ အန်ကောဝတ်ကျောင်းဆောင်ကို စင်္ကြံ နတ်လမ်းဆောင် နှစ်ဆင့်တို့ဖြင့် ထပ်မံကာ ကာရံထားပြန်၏။ ပတ်လည်ဝိုင်းထားသည့် အဆောင်တို့မှာ မြင့်မားသည့် ကျောက်တုံးဖြင့် တည်ဆောင်ထားသော နှစ်ထပ်အဆောင်တို့ဖြစ်၍ မြင်ရသူတို့ကို အံ့သြစေ၏။
16/01/2015
14/01/2015
ကမ္ဘောဒီယားခရီးသွားမှတ်တမ်း (၁)
1. စီးဆင်း ရင်ခွင် | 1/14/2015 |
2.
3. ခရီးသွားဆောင်းပါး
4.
5.
6.
ကမ္ဘောဒီယားနိုင်ငံသို့ အလည်သွားရန် စိတ်ကူးခဲ့သည်မှာ ကြာခဲ့လေပြီ။ အထူးသဖြင့် ကမ္ဘာကျော် အန်ကောဝတ်သို့ ရောက်ချင်မိသည်။ စိတ်ကူးများ ခုမှ အကောင်ထည်ပေါ်ခဲ့လေ၏။ ၂၀၁၄-ခု၊ ဇွန်လ (၁၇)ရက်နေ့ ၊ နံနက် ၂-နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ တဆင့် ထိုင်း၊ ကမ္ဘောဒီယားနယ်စပ်သို့ ထိုနေ့ နံနက် (၁၀)နာရီခွဲခန့်တွင် ရောက်ရှိလေ၏။ ထိုင်းဘက်တွင် အထူးသန့်ရှင်းလှပသော်လည်း ကမ္ဘောဒီယားဘက်ခြမ်းမှာ ညစ်ပတ်လှ၏။ စည်းကမ်းရှိမှု မရှိမှု၊ သန့်ရှင်းမှု မသန့်ရှင်းမှုတို့မှာ စည်းရိုးတစ်ဘက်ကို ဖြတ်ကျော်သည်နှင့် ပိုမိုထင်ရှား၏။ ကမ္ဘောဒီယား နယ်စပ်ဘက်ခြမ်းတွင် အလုပ်နားချိန် ဖဲရိုက်နေကြသော အလုပ်သမများ၊ များပြားလှသော ကာဆီနိုဝိုင်း အဆောက်အဦးကြီးတို့ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်ပြီး ကမ္ဘောဒီယား ဘက်ခြမ်း ဆိုင်တစ်ဆိုင် တွင် နေ့ဆွမ်းစားဖြစ်သည်။
07/01/2015
04/01/2015
ထိုင်းမှတ်တမ်း (၃)
1. စီးဆင်း ရင်ခွင် | 1/04/2015 |
2.
3. ခရီးသွားဆောင်းပါး
4.
5.
6.
ဇွန်လ(၁၅) ရက်၊ တနင်္ဂနွေနေ့တွင် ဗုဒ္ဓဘာသာဝင် ဂေါရခါးလူမျိုးတို့၏ မင်္ဂလာဆွမ်းကျွေး တစ်ခုသို့ ကြွဖြစ်သည်။ ဇွန်လ (၁၆) ရက်သည် တနင်္လာနေ့ဖြစ်၍ ကျောင်းဖွင့်သည်။ နံနက်စောစော၌ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် များအတွက် ကျောင်းကြို ဖယ်ရီဘတ်စ်ကားကြီး နှစ်စီးတို့က ၀ပ်တလုံးကျောင်းသို့ လာကြိုသည်။ ထိုကားကြီးဖြင့် မိမိသည်လည်း တက္ကသိုလ်သို့ အလည်လိုက်ခဲ့၏။
03/01/2015
ထိုင်းမှတ်တမ်း (၂)
1. စီးဆင်း ရင်ခွင် | 1/03/2015 |
2.
3. ခရီးသွားဆောင်းပါး
4.
5.
6.
ဇွန်လ (၉)ရက်နေ့တွင် လာအိုနိုင်ငံသို့ ခရီးဆက်သည်။ မဟာချူလာလောင်ကွန်တွင် BA တက်နေသော အရှင်သုဝဏ္ဏ(ယော)က မိမိ၏ ခရီးစဉ်အတွင်း လိုအပ်ရာရာ သုံးစွဲရန် ဘတ် (၁၅၀၀) လှူဒါန်း၏။ နေ့ခင်းပိုင်းတွင် ညီမောင်သြသဓက Morsith (Chatuchak) အမည်ရသော ဗန်ကောက် ပြည်တွင်း အဝေးပြေးဘတ်စ်ကားဂိတ်သို့ လိုက်ပို့သည်။ ထိုင်းနိုင်ငံအတွင်း သွားလိုသည့်မြို့တိုင်းသို့ ဤနေရာမှ လွယ်ကူစွာ သွားရောက်နိုင်သည်။ ကားဝင်းမှာ ကျယ်ဝန်းပြီး သေသပ်မှုရှိသည်။ သို့သော် နာမည်များကို ထိုင်းဘာသာဖြင့်သာ ရေးထားကြသဖြင့် ထိုင်းဘာသာမတတ်လျင် လက်မှတ် ဖြတ်ရန်ပင် ခက်ခဲ၏။
17/10/2014
ထိုင်းမှတ်တမ်း
1. စီးဆင်း ရင်ခွင် | 10/17/2014 |
2.
3. ခရီးသွားဆောင်းပါး
4.
5.
6.
မှတ်တမ်းဆိုတာ မှတ်မှ တမ်းတာကွဲ့ ဟု၎င်း၊ မှတ်တမ်းဆိုတာ တမ်းပြီး မှတ်ရတာ ရမ်းမှတ်လို့ မရဘူး ဟု၎င်း ဆရာ့ဆရာကြီးများ၏ စကားတို့ကို မှတ်ခဲ့ဘူးသည်။ ကျွန်ုပ်မှာ တမ်းပြီး မမှတ်ခဲ့ မိသဖြင့် ပျက်ခဲ့ရသည့် မှတ်တမ်းတွေ များခဲ့ပြီ။ လွန်ခဲ့သည် နှစ်က သီရိလင်္ကာသို့ နှစ်ပတ်ကြာ ဘုရားဖူးသွားခဲ့သည်။ ခရီးစဉ်အတွင်း ဘုရားဖူးပြီးမှ မှတ်တမ်းကို တ၀ကြီး ထိုင်ရေးမည်ဟု အားခဲခဲ့၏။ ခရီးစဉ်အပြီး ကီးဘုတ်ကိုကိုင်၍ မှတ်တမ်း ရေးလေသောအခါ ရောက်ခဲ့ ဖူးခဲ့သည့်နေရာများက ၀ိုးတိုးဝါးတား၊ မကွဲမပြား။ တိကျ သေချာစွာ မှတ်မိသောနေရာက အနည်းငယ်မျှသာ ပေါ်တော့၏။ ထိုကြောင့် မှတ်တမ်းဆက်မရေးဖြစ်တော့။ မှတ်တမ်းကောင်းတစ်ခု မမှတ်နိုင်ခဲ့သဖြင့် နှမြောတသ ဖြစ်ခဲ့ရ၏။
02/06/2014
အဓိပတိလမ်း နှင့် တောရလမ်း
1. စီးဆင်း ရင်ခွင် | 6/02/2014 |
2.
3. ဆောင်းပါး
4.
5.
6.
(၁)
သူ့ဘ၀တွင် မတူကွဲပြား ခြားနားသော လမ်းနှစ်သွယ်ကို ပျော်မွေ့နှစ်ခြိုက်စွာ လျှောက်လှမ်း ခဲ့ဘူးပါသည်။
(၂)
ကျောင်းဖွင့်ချိန်xxx စိန်ပန်းတွေလဲ မြေမှာကြဲဖြန့်နေxxx ကံကော်ပန်းတွေနှင့်အတူxxx သူနဲ့တွေ့ရာမြေxxx
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းယားကန်သည်မြေxxx
ညနေချမ်း နေခြည်ဖျန်းရင်လေxxx မြေနီလမ်းလေးမှာ အပန်းဖြေxxx ချစ်စရာ အလှအပ
စကားများ ပြောကြတာတွေxxx
04/03/2014
မျိုးစောင့်ခံတပ်
1. စီးဆင်း ရင်ခွင် | 3/04/2014 |
2.
3. ဆောင်းပါး
4.
5.
6.
ပြီးခဲ့သည့် ရက်အနည်းက မဘသ အဖွဲ့ကြီး၏ ဗဟို ဥက္ကဋ္ဌဆရာတော် ၊ အင်းစိန် ရွာမပရိယတ္တိ ဆရာတော်ဘုရားကြီးမှ အမျိုး ဘာသာ သာသနာကို စောက်ရှောက်နိုင်ရေးအတွက် ဥပဒေလေးရပ်ကို ပြဋ္ဌာန်းပေးပါရန် နိုင်ငံသားပေါင်းတစ်သန်းကျော် ထောက်ခံထိုးထားသည့် လက်မှတ်တို့နှင့်အတူ သမ္မတထံ တင်ပြခဲ့သည်။ ယင်းနောက် သမ္မတကြီးမှ ဥပဒေပြုနိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌသို့ ပေးပို့ခဲ့သည်။ ထိုသတင်းနှင့်အတူ ဝေဖန်သံများလည်း ယခင်နှစ်ကကဲ့သို့ ဆူညံစွာ ထွတ်ပေါ်ခဲ့၏။
Subscribe to:
Posts (Atom)




