ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

19/01/2014

အမှန်မဖြစ်သေးတဲ့ မှန်တစ်ချပ်

1. စီးဆင်း ရင်ခွင် | 1/19/2014 | 2. 3. 4. 5. 6. Best Blogger Tips
                         
                                  ( ၁ ) 


      အိပ်တန်းထခါစ ဥဒေါင်းပျိုတို့သည် အတောင်ပံဖျန့်ကာ ကပြပျော်မြူးလျက် အစာရှာထွတ်ရန် တာစူနေကြ၏။

            ဗာရာဏသီဆောင်းသည် ခပ်သိမ့်သိမ့်လေး အေးစိမ့်နေကာ သူ၏ အဖြူရောင် နှင်းဝတ်ရုံလွှာဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ အေးစိမ့်စိမ့် မှုန်ဝါးဝါး ဆောင်းနှင်း၏ ချွေးသိပ်မှုနှင့် အတူ တက္ကသိုလ်ကြီး တစ်ခုလုံးလည်း အိပ်မောကျနေလေ၏။ ချိုသာသောအသံဖြင့် တွန်ကြူးလေ့ရှိသော ဥဒေါင်းပျို၏ တွန်သံတစ်ချက်အဆုံးဝယ် တစ်ညလုံး ပိတ်ကာ အိမ်မောကျနေခဲ့သော တက္ကသိုလ်မိန်းတံခါးကြီးသည် တစ်ရက်တာအတွက် စတင်ဖွင့်လှစ်ခဲ့လေ၏။ ထိုအချိန်ကား ရွာဦးကျောင်းက နံနက်ခင်း တုံးမောင်းခေါက်ချိန် ဖြစ်ပေလိမ့်မည်။ 

22/12/2013

မင်္ဂလာပါ မနက်ဖြန်

1. စီးဆင်း ရင်ခွင် | 12/22/2013 | 2. 3. 4. 5. 6. Best Blogger Tips
         ‘ နေမင်းကြီးဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး တို့ထံက ဘာတွေ ယူသွားပါလိမ့်’
    ‘အော် …. နေမင်းဟာ တို့ရွယ်ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား’ 

     ဘုရားအလောင်းနေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ ‘မနက်ဖန်မွေးနေ့ရောက်ပြီနော် စာလေး ဘာလေး ရေးဦးလေ’ ဟု အမတစ်ယောက်၏ တိုက်တွန်းသံ အဆုံးမှာပင်။ 
     ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာက စပြီး ရေတွက်လျှင် အလို .. နှစ်တ၀က်စာ မျှပင် ရှိနေပါပေါ့လား။ 

08/11/2013

စာမူဖိတ်ခေါ်ခြင်း

1. စီးဆင်း ရင်ခွင် | 11/08/2013 | 2. 3. 4. 5. 6. Best Blogger Tips
     စာမူဖိတ်ခေါ်ခြင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာကြီးကို “အင်ကုန်းတောသာ၊ ထိုမာရွာ” ဟူသော ဆိုရိုးစကားနှင့်အညီ ၁၂၇၆-ခုနှစ်၌ စတင်တည်ထောင်ခဲ့ရာ ၁၃၇၆-ခုနှစ် တွင် နှစ်တစ်ရာပြည့်တော့မည်ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း ထိုမာရွာကြီးသည် အိမ်ခြေ တစ်ထောင်နှစ်ရာကျော်အထိ များပြားစည်ပင်လာခဲ့ပြီး စီးပွားရေး၊ပညာရေးစသည်တို့ တွင်လည်း အထူးတိုးတက်အောင်မြင်ခဲ့ပေသည်။ 

18/10/2013

ပါလိလေယျက လမ်းစဉ်

1. စီးဆင်း ရင်ခွင် | 10/18/2013 | 2. 3. 4. 5. 6. Best Blogger Tips
                                               ပါလိလေယျကတောအုပ်
                          “နာနာ ဟိ ခေါ နော, ဘန္တေ , ကာယာ , ဧကဉ္စ ပန မညေ စိတ္တံ” 
         “မြတ်စွာဘုရား၊ တပည့်တော်တို့ သုံးဦးမှာ ကိုယ်ကသာ သုံးကိုယ်ကွဲပြား နေသော်လည်း စိတ်သည်ကား မကွဲမပြား နို့နှင့်ရေ ရောထားသကဲ့သို့ တစ်သားတည်းကဲ့သို့ ဖြစ်နေကြပါသည်ဘုရား"
                                                                                    (မဟာဝါ- နှာ-၄၉၈) 

     ကိုရင်ငယ်ဘ၀က မဟာဝါပါဠိတော်နှင့် ဓမ္မပဒဋ္ဌကထာတို့ကို သင်ယူခဲ့ရသည်။ ထိုစဉ်က မြတ်ဗုဒ္ဓ သည် ပြောဆိုဆုံးမ၍ မရသည့် သံဃာကို စွန့်ခွါကာ ပါလိလေယျက တော၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်ပုံ၊ အပေါင်းအသင်း အုပ်စုတို့နှင့် နေရခြင်းကို ငြီးငွေ့၍ တစ်ကောင်တည်း ထွတ်လာသော ဆင်မင်းကြီးက တစ်ဝါတွင်းလုံး ဘုရားရှင်ကို ပြုစုလုပ်ကျွေးပုံ၊ မျောက်တစ်ကောင်သည် မိမိလှူဒါန်းသော ပျားရည်ကို ဘုရားရှင် ဘုန်းပေးသုံးဆောင်သောကြောင့် ၀မ်းသားအားရ ခုန်ပေါက်ကခုန်သဖြင့် သစ်ကိုင်းကျိုး သေလွန်ကာ နတ်ပြည်၌ မျောက်နတ်သားဖြစ်ပုံ စသောပုံရိပ်တို့သည် စွဲစွဲထင်ထင် ရှိနေခဲ့ပေ၏။ အချို့သော ဘုရားတန်းဆောင်း၊ ပြခန်းတို့တွင် ယင်းဖြစ်စဉ် ပန်းချီပုံတို့ကို ရေးဆွဲဖန်တီးထားသဖြင့် ပို၍ပင် မှတ်မှတ်ရရ ရှိနေခဲ့၏။

15/10/2013

ယမုနာစကား

1. စီးဆင်း ရင်ခွင် | 10/15/2013 | 2. 3. 4. 5. 6. Best Blogger Tips
                              “ချစ်သား ဒီဃာဝု၊ သင်သည် အတိုကိုလည်း မကြည့်လင့်..။”

       တိုတောင်း၍ ထိမိလှသည့် အဆုံးအမ စကားတစ်ခွန်း၊ ဤစကားလေးကို ယမုနာမြစ်အနီးတွင် မိန့်ဆို့ခဲ့သောကြောင့် ယမုနာစကားဟု တင်စားချင်သည်။ ဤဃောသိတာရုံ ကျောင်းနေရာ သို့ ရောက်ခဲ့တိုင်း ထိုစကားသံကို ပြန်လည်ကာ ကြားယောင်မြဲဖြစ်သည်။  

19/09/2013

အမူးမပြေသေးတဲ့ မွန်းတည့်ချိန်

1. စီးဆင်း ရင်ခွင် | 9/19/2013 | 2. 3. 4. 5. 6. Best Blogger Tips
                              တဏှာပူးတဲ့၊ အရူးတွေမှာ၊ အမူးမပြေ၊ ပင်ပန်းရှာကြလေး…။
                          တဏှာကြိုက်တဲ့၊ အမိုက်တွေမှာ၊ အဟိုက်မပြေ၊ ပင်ပန်းရှာကြလေး…။ 
                            တဏှာဖမ်းတဲ့၊ အကန်းတွေမှာ၊ အပန်းမပြေ၊ ပင်ပန်းရှာကြလေး...။

       အဆိုတော် ရီရီသန့်၏ သီချင်းသံသည် သူ၏အခန်းကျဉ်းလေး တစ်ခုလုံးကို ပျံ့နှံ့နေခဲ့သည်။ လယ်တီဆရာတော်ကြီး၏ နိဗ္ဗန္ဒတေးထပ်ကို သီချင်းဟန်ဖြင့် သီဆိုထားခြင်းဖြစ်၍ စာသားများက ထိထိမိမိရှိသည်။ ပြောင်မြောက်သည်။ ထို့အပြင် အဆိုတော်က သီဆိုရာတွင် အစွဲ အငင် အဖြတ် အတောက် လေယူလေသိမ်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိသောကြောင့် နားထောင်သူတို့ကို စွဲမက်စေသည်။ အကြိမ်ကြိမ် နားထောင်မိခြင်းနှင့်အတူ တေးထပ်စာသားတို့သည် သူ၏ရင်ထဲသို့ ရောက်ရှိလာခဲ့၏။ သီချင်းနားထောင်းနေရင်း တရားနာယူနေရသည့်ပမာ သံဝေဂဥာဏ်တို့ ဖြစ်ရပေသည်။ နိဗ္ဗိန္ဒတေးထပ် သည် သူလို အန္ဓပုထုဇဉ်တစ်ယောက်၏ ရင်ဘတ်ကြီးအား ကွတ်တိ ထိမှန်သော တေးထပ် ပင် ဖြစ်တော့၏။ 

16/09/2013

နှလုံးလှ ယာစကာကြီး

1. စီးဆင်း ရင်ခွင် | 9/16/2013 | 2. 3. 4. 5. 6. Best Blogger Tips
                                         “ဘန္တေကြီး နိရောဂီ ရဟေ ဆူခီ ရဟေ” 
                                         (ဘန္တေကြီး ကျမ္မာပါစေ ချမ်းသာပါစေ) 

      မေတ္တာဓာတ် လွှမ်းခြုံထားသော အသံတစ်ခုက အခန်းရှေ့မှ မတိုးမကျယ် ထွတ်ပေါ်လာသည်။ ထိုအသံကြားလျှင် ကျွန်ုပ်သိလိုက်ပြီ။ ကျောင်းပိတ်ရက် တနင်္ဂနွေနေ့တိုင်း ပုံမှန်လာနေကျ သူတောင်းစား ပုဏ္ဏားအဘိုးကြီး၏ နှုတ်ဆက်သံ။ အဘိုးကြီးမှာ ဇာတ်မြင့်ပုဏ္ဏားမျိုးဖြစ်၍ အရောင်မရှိတော့သော ပိတ်ဖြူဝတ်စုံကို သေသပ်စွာ ၀တ်ဆင်ထား၏။ ဦးခေါင်းတစ်ခေါင်းလုံး ပြောင်စင်အောင် ရိတ်ထားသော် လည်း ပုဏ္ဏားတို့ ရိုးရာထုံးစံအတိုင်း မွေးရာပါ ဆံပင်ကို မပျောက်စေရန် ဆံပင်အနဲငယ်မျှကို မရိတ်ဘဲ ထုံးဖွဲ့၍ ဦးခေါင်း၏ နောက်ဘက်ခြမ်း၌ ချန်ထားလေ၏။ သူ၏ ညာဘက် လက်တစ်ဖက်မှာ တစ်ထောင်ဆစ်အထက်ပိုင်း ပြတ်နေပြီး အရွယ်အားဖြင့် (၇၀)နီးပါး ရှိမည်ထင်၏။ ကျွန်ုပ်၏ အဆောင်သို့ အမြဲတစေ မဟုတ်သော်လည်း နှစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါခန့် လာရောက် တောင်းရမ်းလေ၏။  

14/09/2013

တုံးလုံးချွတ် သရုပ်ခွဲ

1. စီးဆင်း ရင်ခွင် | 9/14/2013 | 2. 3. 4. 5. 6. Best Blogger Tips
                                               ဂျိန်းဘုန်းကြီးများ
      အိန္ဒိယ၌ နေတာ မကြာသေးလျှင် တုံးလုံးချွတ်နေသူတိုင်းကို ဂျိန်း ဘုန်းကြီးဟု ထင်တတ်ပေသည်။ တုံးလုံးချွတ် ကျင့်ကြံသူတိုင်း ဂျိန်း ဘုန်းကြီးများ မဟုတ်ကြပါ။ တုံးလုံးချွတ် ကျင့်သူတို့မှာ ဂျိန်းဘုန်းကြီး၊ ဆာဒူးဘုန်းကြီး ဟု နှစ်မျိုးတွေ့ရပါသည်။