ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

02/07/2013

ဒီနေ့ တွေးမိတွေးရာ (၄)

1. စီးဆင်း ရင်ခွင် | 7/02/2013 | 2. 3. 4. 5. 6. Best Blogger Tips
         လေတယ် လေတယ်။ တော်တော့ကို လေတယ်။ အင်တာနက်ခေတ်မှာ ရှင်သန်နေရတဲ့ ရဟန်းတစ်ပါး၊ ကိုယ့်အလုပ်ကိုယ် ဇောက်ချပြီး လုပ်မနေနိုင်တာကိုက ကိုယ့်အမှား၊ ဆရာတော်ကြီးတစ်ပါး မိန့်ခဲ့ဘူးတာကို သတိရတယ်။ တစ်ရက် ဆရာတော်ကြီးက ပြည်ပက လွှင့်တဲ့ ရေဒီယိုကို နားထောင်နေတဲ့ တပည့် ရဟန်းငယ်တစ်ပါးကို တွေ့သတဲ့။ အဲဒီအခါ ဆရာတော်ကြီးက “အောင်မယ်.. ကိုယ့်အတွင်းက အပူကိုတော့ ငြိမ်းအောင်မလုပ်ဘဲ ပြင်ပအပူတွေကို ထပ်ယူနေတယ်” လို့ မိန့်သတဲ့။ ကိုယ်လည်း ခု ဒီလို ဖြစ်နေတာတော့ သေချာတယ်။ 

     သက်တမ်းနုနု ဒီမိုကရေစီကူးပြောင်းစ အမိနိုင်ငံတော်အတွက် မျှော်လင့်ချက် အပြည့်နဲ့ နေ့စဉ်ဆိုသလို သတင်းစောင့်ကြည့်ဖြစ်တယ်။ နုနယ်သေးတဲ့ အချိန်မှာ အမှားအယွင်း မဖြစ်ဖို့ သိပ်အရေးကြီးတာ မဟုတ်လား။ သိချင်တာ ကြားချင်တာ မြင်ချင်တာက တက်ညီ လက်ညီနဲ့ အားလုံးပူးပေါင်းလို့ တိုင်းပြည်အတွက် ဘာတွေ လုပ်နေကြတယ်၊ ဘာတွေ တိုးတက်နေတယ်။ ဒါမျိုးကို မြင်ရပြီး ကျေနပ်ချင်တာ။ အားရချင်တာ၊ ၀မ်းသာချင်တာ၊ ဂုဏ်ယူချင်တာလေ။ 


     ခုတော့ ဒီလို မဟုတ်ဘူး။ နေ့တိုင်းတက်လာတဲ့ သတင်းတွေက အနိဋ္ဌာရုံတွေ ချည်း။ ဘ၀နတ်ကျောင်း ပျောင်းရွှေ့သွားပြီဖြစ်တဲ့ မစိုးရိမ် ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကိုပဲ သတိရမိတော့တယ်။ 

      “ မင့်တို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။ အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။ ဗဟုသုတနဲတော့ ကိုယ်ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊
      စဉ်းစားကြည့်… မင်းတို့ ရှူးတိုက်တိုင်း ကိုယ်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိဥာဏ်က အဲဒီ သုနခ (ခွေး) လောက်ပဲ ရှိတာ၊ အဲဒါ မှတ်ထား။” 

     ခုလဲ ကြည့်လေ၊ ထူထောင်ခါစ ရွာလေးမှာ လုပ်စရာတွေ အများကြီး၊ တစ်ပုံတစ်ပင်ကြီး၊ လုပ်ကြပါတော့လား။ မရောင်ရာ ဆီလူး ဒေါက်တာဆိတ်ဖွား ရှာပုံတော် ဖွင့်သတဲ့။ ကော်မတီဖွဲ့သတဲ့။ တိုင်းပြည်ဘဏ္ဍာတွေကတော့ တစ်ထွေးကြီး ပလုံ၊ နှမြောလိုက်တာ။ အဲဒီဘဏ္ဍာတွေသာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျမ္မာရေးတွေမှာ အသုံးချလိုက်ရရင်။ နောက်ဆုံးတော့လည်း google က ရှာမှ တွေ့တော့မတဲ့။ အစကတဲကိုက အလုပ်မရှိ အလုပ်ရှာ။ သူများဒီမိုကရေစီနိုင်ငံတွေမှာ ဒီလို ဝေဖန်ပေးဖို့အတွက် လခပေးပြီးတောင် ခန့်ထားရသေးတာ။ လခမယူဘဲ ဝေဖန်ပေးတဲ့ ဆိတ်ဖွားကို ကျေးဇူးတောင် တင်ရအုံးမှာ။ ခုတော့ ဆတ်ဆတ်ထိမခံ၊ နောက်တော့လည်း ဒုံရင်းဟာ ဒုံရင်းပဲ။ ခု ဘာထူးလဲ၊ ဒီလို ရေးပြန်တော့လဲ ဘုန်းကြီးက ကိုယ့်အလုပ်ကိုယ် မလုပ်ဘူးလို့ ပြောကြအုံးမယ်။ 

      တိုင်းစ် မဂ္ဂဇင်း ကိစ္စကလည်း ဖေ့ဘွတ်ခ်တစ်ခွင်လုံးကို ပွတ်လော ညံသွားတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ကိုရီးယား ကျောင်းသူတစ်ယောက်က မေးစရာရှိလို့ ဆိုပြီး အဆောင်ကို ရောက်လာတယ်။ သူမ မေးလာတာကလည်း အဲဒီကိစ္စပဲ။ ငါတို့ ကိုရီးယားသတင်းစာမှာ ပါတယ်။ “မင့်တို့နိုင်ငံမှာ ယူဝီရသူက မွတ်စလင်တွေကို သတ်ခိုင်းနေတယ်ဆို၊ သူခိုင်းလို့ ခု မွတ်စလင်တွေ အများကြီး အသတ်ခံနေပြီတဲ့၊ သူကို့ အိုစမာဘင်လာဒင်၊ ဟစ်တလာတို့နဲ့ နှိုင်းပြီးတော့ကို ရေးထားတာ။ အဲဒါ ဟုတ်ရဲ့လား” တဲ့။ မဟုတ်တဲ့အကြောင်း ပြဿနာဖြစ်ခဲ့တဲ့ အကြောင်းရင်းကစပြီး ရှင်းပြတော့ သူမကျေနပ်သွားတယ်။ ပြီးတော့ သူမက ပြောသေးတယ်။ အဲဒါဆို ဒီသတင်းမှားကြီးကို မင့်တို့ အင်္ဂလိပ်လို ရေးပြီး ချေပသင့်တယ် တဲ့။ ဟုတ်တာပေါ့ ၊ ရေးချင်တာမှ လက်ကို ယားလို့၊ မွတ်သူဋ္ဌေးတွေက ပိုက်ဆံအင်ပါယာနဲ့ မီဒီယာတွေကို ချုပ်ကိုင်ပြီး လုပ်ချင်သလို လုပ်နေကြတာ ကြာနေပြီပဲ။ ပြန်ချေပရေးဖို့ စိတ်ကူးခဲ့ပေမဲ့လည်း ကိုယ့်ဘက်မှာ အားနဲချက်တွေက အပြည့်၊ အင်္ဂလိပ်စာက မီးကျိုးမောင်းပျက်၊ အနောက်နိုင်ငံရောက်နေတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ ပြန်ရေးကြပါစေလို့သာ ဆုတောင်းနေခဲ့ရတော့တာ။ ဒါပေမယ့် လည်း မျှော်လင့်သလို့ ဖြစ်မလာ၊ တစ်ယောက်စ နှစ်ယောက်စလောက်သာ ရေးကြပြီး အများစုက ကိုယ်နဲ့ မဆိုင်သလို၊ ဘာသိဘာသာ၊ ကြောက်ကြမဲ့။ ဒါကြောင့် မြန်မာလူမျိုးကို ၀ါးမျိုလို့ ကောင်းတာနေမှာ၊ မွတ်တွေ ကိုအန်ကျမ်းစာကို ချစ်သလို ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာကို ချစ်ကြရင် ဘယ်လောက်ကောင်းမလဲလို့ အစွန်းရောက် အတွေးတောင် တွေးမိသေးတော့တယ်။

       ခုတော့ တော်သေးတာပေါ့။ သီလ သမာဓိ ပညာ ပြည့်ဝကြတဲ့ ဆရာတော်ကြီးတွေ ဦးဆောင်ပြီး သံဃာ့ညီလာခံကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်။ ပျော်လိုက်တာ၊ ၀မ်းသာလိုက်တာ၊ ကျေနပ်လိုက် တာ၊ ပြည်ပကနေ ဓာတ်ပုံတွေ ဗီဒိယိုတွေ ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည်တောင် ၀ဲတယ်။ ကြားချင်တဲ့ ထုတ်ပြန်ချက်တွေလည်း တရားဝင်ထုတ်ပြန်လို့။ ကျေးဇူးကြီးမားလှတဲ့ ဆရာတော်များကို အဝေးကနေ ဦးခိုက်မိခဲ့ပါရဲ့။ 

     နောက်ပြီး ပေါ်ပြူလာဖြစ်နေတာတစ်ခုက မျိုးစောင့် ဥပဒေတဲ့။ ဒါကို အကြောင်းပြုပြီး ဆဲဆိုနေလိုက်ကြတာကလည်း ငါးစိမ်းသည်တွေ ရန်ဖြစ်နေတဲ့အတိုင်း၊ ဘုန်းကြီးတွေကို ဝေဘန်ထားလိုက် ကြတာ ရစရာကို မရှိဘူး။ ကိုယ်အထင်ကြီး လေးစားခဲ့ရတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပြောလာတာက အမျိုးသမီး အခွင့်အရေးတွေ ချိုးဖောက်တာတဲ့၊ လူ့အခွင့်အရေးနဲ့ မညီဘူးတဲ့။ ဘုန်းကြီးတွေ ကိုယ်နဲ့ မဆိုင်ဘဲ ယောနိကိစ္စတွေမှာတောင် ၀င်ရှုပ်နေသတဲ့၊ ဝေဖန်ဆဲဆိုနေလိုက်ကြတာ ဗုဒ္ဓဘာသာ ဆိုတဲ့ ယောင်္ကျားတွေရော၊ မိန်းမတွေရောကို စုံလို့၊ ရွာမှာ ပညာတတ်တွေ ပေါမှန်း ခုမှသိတယ်။ ဒါကြောင့်လည်း ရွာက ကျောက်ခေတ်ကနေ မတက်တော့တာ နေမှာ။ လိုချင်တော့လည်း ဘုန်းကြီးတွေကို အသုံးချ မလိုချင်တော့လဲ ဘုန်းကြီးတွေကို အပြစ်တင် ပုတ်ခတ်၊ တယ်လည်း တရားကျဖို့ ကောင်းတယ်။ ပရဟိတစိတ် သက်သက်နဲ့ လုပ်ကြရတဲ့ ဘုန်းကြီးတွေမှာတော့ လူမိုက်တွေဖြစ်ကြရ ကယ်တယ်ရှင် သူတော်ကောင်းတွေ ဖြစ်ကြရနဲ့ ၊ စုံနေတာပဲ။

       ဒါကြောင့် စာပေက ပြောတာဖြစ်မယ်။ “ရိုးသားမှုကို တိရစ္ဆာန်တွေမှသာ တွေ့ရတာတဲ့။ လူတွေက စိတ်ထဲက တစ်မျိုး ပြောတာ လုပ်တာက တစ်မျိုး ကောက်ကျစ်ကြသတဲ့”။ စာတတ်လွန်းတဲ့ လူတွေ လူ့အခွင့်အရေးပြီးဆိုပြီး တစ်ရေးထဲ ရေးမနေကြနဲ့။ ကုလားဒဏ်ကြောင့် ဒူးနဲ့ မျက်ရည်သုတ်ခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေ ဘယ်လောက်ရှိပြီလဲ ဆိုတာ သုတေသန လုပ်ကြအုံး။ သူတို့အခွင့်အရေးတွေအတွက် လုပ်ပေးနေမှန်း နားမလည်ကြ၊ သူခိုးကို ဓားရိုးကမ်း၊ ကယ်တင်ရှင်ကို သူခိုးထင်၊ ဒုက္ခရောက်တော့လည်း ဘုန်းဘုန်းတွေ ကယ်ပါအုံး ဖြစ်လာပြန်ရော။ ဒီလိုအချိန်ရောက်မှ အစွန်းရောက်တယ်ဆိုတဲ့ ဘုန်းကြီးတွေရဲ့ တန်ဖိုးကို သူတို့ နားလည်ကြတာ။ ရေးရတာ တကယ် လေပါတယ်။ 

       ရှုပ်နေတဲ့ အရှုပ်တွေကြားထဲမှာ မီးလောင်ရာ လေပင့်တဲ့သူတွေကလည်း အများကြီး၊ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေကလည်း အများကြီး၊ ဘုန်းကြီးမို့ ကိုယ်ဘက်က ကာဗာယူပြောနေတာ မဟုတ်ဘူး။ ကြိုးကိုင်တာ မကိုင်တာကို ထားလိုက်အုံး။ မျိုးစောင့်ဥပဒေနှင့် ခုဖြစ်နေတဲ့ အဓိကရုဏ်းတွေကို အခွင့်ကောင်းယူပြီး တချို့ နိုင်ငံရေးသမားတွေ အမြတ်ထုတ်နေကြတာတွေကို ဦးနှောက်ရှိတဲ့ သူတိုင်းသိပါတယ်။ ဒါကို ဘုန်းကြီးတွေကို ကြံရာပါအနေနဲ့ စွတ်စွဲနေတာတွေကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။

      ပုဂ္ဂိုလ် မကြိုက်ရင် ပုဂ္ဂိုလ်ကို သီးသန့် ဝေဖန်တာပဲ ကောင်းမယ်၊ ၀ါးလုံးနဲ့ သိမ်းကျုံးပြီး သံဃာအားလုံးကို ပုတ်ခတ်တာကတော့ အင်မတန်ကြောက်စရာ ကောင်းပါတယ်။ အပြစ် သိပ်ကြီးပါတယ်။ ငရဲပြ ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ အသိဥာဏ် တစ်ထွာလောက်နဲ့ မာနတက်နေသူတွေကို သနားလွန်းလို့ပါ။ တွေးမိတာတွေ မနေနိုင်လို့ ရေးလိုက်မိတယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ပြီး အငြိမ်နေတာမဟုတ်ဘူးလို့ ပြောရင်လည်း ၀န်ခံရမှာပဲ။ တစ်ခါက ကုလားတစ်ယောက် ဆဲခဲ့သလို လူတွေနှင့် လှည့်ပတ်ရန်ဖြစ်နေတဲ့ ဘုန်းကြီးတု မဟုတ်တာတော့ သေချာတယ်။ 

သိမ်မွေ့ဦး (BHU) 
(01-07-13)

No comments:

Post a Comment