မန္တလေးမှာတော့ မိုးတွေရွာပြီး မိုးသီးတွေ ကျသတဲ့..။ ကိုယ်တို့ ဗာရာဏသီတော့ ပူလိုက်တာ၊ အပူချိန် ၄၃ စင်တီဂရိတ်တောင် ရှိတယ်။ ပူလွန်းလို့ ညနေ ၆- နာရီကျော်လောက်မှပဲ အပြင်ထွတ်နိုင်တာ.။ ပူလွန်းတော့လဲ ကိုလာ(လေအေး)စက် ဖွင့်ပြီး အခန်းထဲ အောင်းပေတော့ပေါ့.။
ဒီနေ့ သိပ်ပူပါတယ်ဆိုမှ အိပ်ရေးက မ၀ချင်တော့ သိပ်မကြည်လင်ချင်ဘူး။ မနက်က အလိုက်မသိတဲ့ ဥသြငှက် တစ်ကောင်ကြောင့် အိပ်ရေးပျက်တယ်။ မနက်စောစော ၃-နာရီခွဲလောက်ကြီး ခေါင်းရင်းဘက် အပင်ပေါ်ကနေ ဥသြ ဥသြဆိုပြီး အဆက်မပြတ် တွန်နေတော့တာ.။ သူ့အသံကြောင့် ဆက်အိပ်လို့ မရတော့ဘူး။ အိပ်ရာဝင်နောက်ကျခဲ့တာမို့ အိပ်ရေးပျက်တော့တာပေါ့။ နွေရာသီနဲ့ ဥသြငှက် လွမ်းစရာ ကောင်းပေမဲ့ အချိန်မဲ့ တွန်တော့လဲ မုန်းစရာ ကောင်းနေပြန်တယ်။








