ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

27/05/2013

ဒီနေ့ တွေးမိတွေးရာ (၃)

1. စီးဆင်း ရင်ခွင် | 5/27/2013 | 2. 3. 4. 5. 6. Best Blogger Tips
               မြန်မာလူမျိုးတွေက တွေးရမှာကို သေရမှာထက် ကြောက်သတဲ့..။ ဘယ်သူ ပြောခဲ့တဲ့ စကားတော့ မသိဘူး။ မှတ်ခဲ့ဘူးတာ..။ တွေးဆိုတဲ့နေရာမှာ မကောင်းတဲ့ အတွေးကို ပြောတာမဟုတ်လောက်ဘူး။ ကောင်းတဲ့ အတွေးကိုပဲ ပြောတာနေမှာပါ..။ မကောင်းတဲ့ အတွေးကတော့ မတွေးမိအောင်ကို မနဲ ထိန်းနေကြရတာ မဟုတ်လား..။ 

      ကိုယ်လဲ မတွေးဘဲ မနေနိုင်တော့ တွေးမိတယ်..။ ကောင်းတဲ့ အတွေးလား .. မကောင်းတဲ့ အတွေးလားတော့ မသိဘူး။ တွေးမိတာတွေ ချရေးလိုက်ရမှ ရင်ထဲ ပေါ့သလို့မို့ ရေးလိုက်အုံးမယ်။  


      ခုတစ်လောက ဖတ်နေရတဲ့ သတင်းတွေထဲမှာ နန်းခင်ဇေယျာဆိုတာ ညီမငယ်လေးက ၉၆၉-က သူမကို အသုံးချခဲ့တယ်လို့ ပြောသတဲ့..။ အလို.. ဖတ်လိုက်ရတဲ့ သတင်း မှားတော့ မမှားလောက်ပါဘူး။ ဘာသာရေး ဓာတ်ခံနည်းလှပါဘိ ညီမငယ်..။ ၉၆၉- ဆိုင်းဘုတ်ကိုင်ပြီး ဖေ့ဘွတ်ခ်မှာ ဓာတ်ပုံ တက်လာတော့ ကြည်နူးလိုက်ရတာ။ ဘုတ် ရကျိုးနပ်လေခြင်းဆိုပြီး ကျေနပ်အားရပေါ့။ သူမကို ဘုတ်ကြဖို့ ဖေ့ဘွတ်ခ်မှာ နှိုးဆော်ကြတုံးက ဘုတ်လိုက်ရတာ။ လက်တွေတောင် ညောင်းတယ်။ အင်တာနက် လိုင်းကောင်းတဲ့နေရာမို့ ကိုယ့်လူမျိုး ပထမရစေရမယ်ဆိုပြီး မျိုးချစ်စိတ်နဲ့ ဘုန်းကြီးပေမဲ့ အားပေးခဲ့ရတာ..။ ခုတော့ ကုန်ခဲ့တဲ့ အဲဒီအချိန်တွေကိုတောင် နှမြောမိပါရဲ့၊ မျှော်လင့်ချက်ထားခဲ့တာ မဟုတ်ပေမဲ့ ဘာသာ သာသနာချစ်စိတ် နည်းလွန်းတဲ့ သူမစိတ်ဓာတ်ကို စိတ်ပျက်မိလွန်းလို့ ကရုဏာဒေါသ ဖြစ်မိပါတယ်။ 

   သမ္မတကြီးတော့ အမေရိကခရီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ။ သူ့ခရီးစဉ် အတွင်း နိုင်ငံရေးအကျဉ်သမားတွေလွှတ်ထဲအထဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လဲ ပါရဲ့။ ကျေးဇူးပါ သမ္မတကြီး။ ပရဟိတသမား တစ်ယောက်ရဲ့ အချိန်တွေကို ကူညီပေးတဲ့အတွက်ပါ။ သာသာရေးဓာတ်ခံကောင်းတဲ့ ဒီလူကြီးကတော့ ထောင်ကလွတ်လွတ်ခြင်း ၀င်းစိန်တောရ ဆရာတော်ကြီးကို သွားကန်တော့ပြီး မေတ္တာဓာတ်ကို ခံယူခဲ့သတဲ့၊ ဖားအောက်ကို ၀င်ပြီး စိတ်ကြည်နူးခဲ့သေးသတဲ့။ ဖတ်ရတာ ကျေနပ်စရာချည်း။ 

     သမ္မတကြီးနဲ့ အိုဘားမားတို့ တွေ့ဆုံတာတွေ မြင်ရ ကြားရတော့ ကိုယ့်နိုင်ငံ အတွက် မျှော်လင့်ချက်တွေနဲ့ ပီတိတွေ ဖြစ်ရပြန်တယ်။ လိုချင်သလောက် ပြောင်းလဲသေးတာ မဟုတ်ပေမဲ့ ပြောင်းလဲရေး စိတ်ဓာတ်နဲ့ လုပ်နေတာကိုက သမ္မတကြီးကို ကျေးဇူးတင်မိပါတယ်။ 

    ဆွမ်းဆန်ထဲက ကြွက်ချေးသတင်းတွေကလဲ တက်လာသေး။ ဘာတဲ့.. ၈၈-ဇော်ဝင်း ဆိုသူက ဒေါ်လာစားပြီး ဆန္ဒပြသတဲ့။ ဘေးက လာကူပြသူတွေနဲ့ အဝေမတည့်ကြ လို့ ပြဿနာ ဖြစ်ကြပြန်သတဲ့။ အော်- နိုင်ငံရေးလုပ်စားတွေကလဲ တိုင်းပြည် တိုးတက်ရေးအတွက် သဲတစ်ပွင့်လောက်တောင် မပါချင်ဘဲ ခုထိ ကန့်လန့်လုပ်နေကြတုံး။ 
         ကိုယ်လည်း အရင်တုံးကတော့ ပြည်ပ ထွတ်ပြေးလာတဲ့ နိုင်ငံရေးသမားတွေဆို သိပ်အထင်ကြီးခဲ့တာ။ တိုင်းပြည်ချစ်စိတ်နဲ့ အမေ့အိမ်ကို စွန်ခွါခဲ့ရတဲ့သူတွေ အဖြစ် လေးစားခဲ့ရတာ။ အိန္ဒိယ ရောက်လာမှ နိုင်ငံရေး လုပ်စားဆိုတဲ့ စကားကို ဂဃနဏ နားလည်ရော။ အဲဒီနောက်တော့ နိုင်ငံရေးသမားဆိုတိုင်း အားလုံးကို အထင်ကြီး လေးစားတဲ့ စိတ်က မရှိတတ်ဘူး။ ခွဲခြား ကြည့်မိတဲ့ အသိတွေ ရှိလာခဲ့တယ်။ 

         သမ္မတကြီးကတော့ လူ့နိဗ္ဗာန်လို့ တင်စားကြတဲ့ အမေရိကန်ကို နှစ်ကြိမ်မြောက် ရောက်ခဲ့ပြီ။ အမေရိကက ပြန်လာတော့ ရွာသာသာ ပြောင်းလဲသေးတဲ့ ကိုယ့်နိုင်ငံကို အားမရမှာ သေချာတယ်။ ပိုပြီး ကောင်းအောင်၊ ပြောင်းလဲအောင် လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်တွေလည်း ပိုမို ခိုင်မြဲနေမယ်လို့ ထင်မိတယ်။ 

       တိုင်းပြည်ကို နှစ်ပေါင်း (၂၀) ကျော်ကြာ နှိပ်စက်ခဲ့တဲ့ စာဖတ်နေသူကြီးလဲ ဒီသတင်းတွေကို ကြားနေရမှာပဲ။ ဘယ်လို ခံစားချက်တွေ ဖြစ်နေမလဲတော့ မသိဘူး။ သူတောင် မရောက်ခဲ့ဘူးတဲ့ အမေရိကကို သူ့အောက် ငယ်သားတစ်ယောက်က ဂုဏ်ရှိရှိရောက်ခဲ့တော့ မနာလို့ သ၀န်တိုမှုများ ဖြစ်နေမလား။ ဒါမှမဟုတ် နေပူတော်က ဇိမ်ခံ အဲယားကွန်း နန်းတော်ကြီးထဲမှာ နပ်နေရတာကိုပဲ ကျေနပ်နေမလား။ ဆိုင်လား မဆိုင်လားတော့ မသိဘူး။ တွေးမိတာကို ပြောပါတယ်။ 

        အိုဘားမားက မြန်မာကိုလာ။ ဦးသိန်းစိန်က အမေရိကကို သွား။ ဒီသတင်းတွေကြောင့် အိမ်နီးချင်း မပီသခဲ့တဲ့ တရုတ်ကြီးတော့ မနာလိုဖြစ်မှာ သေချာတယ်။ မြစ်ဆုံ ဆက်လုပ်ချင်လို့ နောင်အလားလာ ရှိတဲ့ NLD ကို ကပ်လာပြန်ဆိုပဲ။ ကိုယ့်အတ္တက လွဲပြီး ကိုယ်ချင်းစာစိတ် လုံးဝ မရှိတဲ့ အဲဒီနိုင်ငံကို ပါကစ္စတန်၊အီရန်၊ အာဖဂန်နစ္စတန်တို့နှင့်သာ အတူတူ ထားလိုက်ချင်တယ်။ ဥုံဖွ ဆရာနည်းနဲ့သာ ဖြစ်လိုရရင် အမေရိကနှင့် တရုတ် မြေပုံချင်း ချိန်းလိုက်ချင်တယ်။ ဒါဆို ကိုယ်နိုင်ငံက လူတွေ ထိုင်း၊ မလေး တို့မှာ ကျွန်ခံရမှာ ဟုတ်တော့ဘူး။ 

          ၀ ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းသတဲ့။ တချို့ကတော့ တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံတောင် မချိတ်ဘဲ တရုတ်ကွန်မြူနစ် မော်စီတုံး ပုံကိုသာ ချိတ်ဆွဲပြီး တရုတ်ကို အားကိုးထားတဲ့ ၀တွေအတွက် ၀တွေ မကောင်းကြောင်း၊ တချို့ကတော့ ၀ကြောင့် တရုတ်တံတိုင်းကို ကာကွယ်နိုင်တာ စသည်ဖြင့် ၀တွေ ကောင်းကြောင်း ရေးလိုက်ကြတာကို ဖတ်လိုက်ရတယ်။ ကိုယ်တော့ အဲဒီကိစ္စ ဥာဏ်မမှီတော့ဘူး။ ပြည်နယ် ခွဲထွတ်ခွင့် ဆိုတာကိုတော့ လုံးဝ မကြိုက်တာ သေချာတယ်။ 

         ဘာရယ်လို့ ဟုတ်ပါဘူး။ တွေးမိတာတွေ ရေးလိုက်တာပါ။ အားလုံး အာဃာတွေ ဖယ်ရှားပြီး တိုင်ပြည်တိုးတက်ရေးမှာ တစ်တပ်တစ်အား ပါဝင်မယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ခုချိန်မှာ အရေးကြီးဆုံးပါပဲ..။ 

သိမ်မွေ့ဦး (BHU)
(၂၃-၀၅-၁၃)

No comments:

Post a Comment