ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

23/06/2013

ခုတလော စာမရေးဖြစ်ခြင်းအကြောင်း..

1. စီးဆင်း ရင်ခွင် | 6/23/2013 | 2. 3. 4. 5. 6. Best Blogger Tips
         အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ၏ တေရသမနှစ် နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ယခုနှစ် အယ်ဒီတာချုပ်အဖြစ် တာဝန်ကြရောက်ခဲ့သည်။ ကိုယ့်မကျွမ်းကျင်သေးသော လုပ်ငန်းမို့ ကိုယ်ပိုင်အလုပ်များ အပျက်ခံကာ အချိန် အတော်ပေးလိုက်ရ၏။ ကိစ္စများ အားလုံးအပြီး မွန်းကြပ်နေသော စိတ်များ လန်းဆန်းစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အိန္ဒိယတောင်ပိုင်းကို ခရီးဆက်ခဲ့သည်။

 

        (၁၀ ) ရက်ခရီးဟု ရည်မှန်းထားခဲ့သော်လည်း စုစုပေါင်း (၁၆) ရက်ကြာခဲ့သည်။ အိန္ဒိယသည် အင်မတန် ကျယ်ဝန်းသည်မို့ ရထား ၂ ရက်ခရီး ၃၃-နာရီကြာ ရထားစီးရသည်။ နေရာစုံအောင် လည်ပတ်ခဲ့သဖြင့် ကားပေါ်တွင် (၂) ည၊ ရထားပေါ်တွင်(၈) ည ကုန်ဆုံးစေကာ ခရီးဆက်ခဲ့ရသည်။ ခုတော့ ပြည်ဗာရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်ခဲ့ပြီ၊ ရောက်လျင်ရောက်ချင်း ခရီးသွားအတွေ့အကြုံ ဆောင်းပါးများ ရေးမည်ဟု အားခဲ့ခဲ့သော်လည်း ခရီးပင်ပန်းသည့်ဒဏ် စသည်တို့ကြောင့် အောက်သွားအံဖုံးများ ရောင်ရမ်းကာ အဖျားတက်ပြီး ၂ ညတိတိ အိမ်မရခဲ့ပေ။ 

     သီတင်းသုံးဖော်များက ဆနွင်း လိမ်းရန် အကြံပေး၍ လိမ်းခဲ့သော်လည်း မသက်သာ။ သပြေခေါက် သွေးပြိး လိမ်းရန် အကြံရသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခံနေသဖြင့် သပြေခေါက်ကို သွားမခွါချင်၊ မနက်က တက္ကသိုလ်အတွင်းက ကျောင်းသားများအတွက် သီးသန့် ဆေးခန်းပြသည်။ အဆင်မပြေ။ သက်သာစေရန် သောက်ဆေးသာ ပေးပြိး ခံတွင်းကို ကြည့်ကာ စမ်းသပ်ခြင်းမျိုးကို မလုပ်ပေးခဲ့။ 

        ထို့ကြောင့် နေ့လည်ပိုင် တက္ကသိုလ်အပြင်က ပုဂ္ဂလိက ဆေးခန်းကို ပြဖြစ်သည်။ အိန္ဒိယတောင်ပိုင်းမှာ မိုးတွေ နေ့စဉ်ရွာနေသော်လည်း ပြည်ဗာရာကတော့ ပူဆဲ ပူမြဲ။ အပြင်ထွတ်ရ သည်မှာ မသက်သာလှ။ အပြင်ဆေးခန်း သွားဆရာဝန်က သွားများကို သေချာစစ်ဆေးပြီး အံဖုံးအတွင်းက သွေးပြည်များကို ညှစ်ထုတ်ပေးခဲ့သည်။ ခံရသည်မှာ မသက်သာခဲ့သော်လည်း ခုတော့ သွားက သိပ်မကိုက်ခဲ့တော့။ ညာဘက်ပန်း ရောင်ရန်းနေသည်မှာလည်း လျှော့သွားခဲ့ပြီး။ သက်သာသွားသည်။ ဖျားသည့်ဒဏ်ကတော့ ခံနေရသေးသည်။ 

     ခရီးပင်ပန်းသည့်ဒဏ် ခံနိုင်သည်ဟု မိမိကိုယ်ကို ထင်ထားသော်လည်း တကယ် လက်တွေ့မှာ ပင်ပန်းဒဏ်ကို မခံနိုင်သေးပေ။ ကျမ္မာရေး ကောင်းအောင် ဂရုစိုက်ရအုံးမည်။ ကျမ္မာရေး ကောင်းလျှင် ခရီးသွား အတွေ့အကြုံများကို စာဖတ်သူများအား မျှဝေသွားပါအုံးမည်။ လာလည်သူများကို အထူးပင် ကျေးဇူးတင်ပါသည်။

 မေတ္တာများစွားဖြင့်
 သိမ်မွေ့ဦး (BHU)

No comments:

Post a Comment