ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

25/05/2013

ပြည်ဗာရာအပူကို အံတုလို့ ကျင်းပခဲ့တဲ့ ဗုဒ္ဓနေ့

1. စီးဆင်း ရင်ခွင် | 5/25/2013 | 2. 3. 4. 5. 6. Best Blogger Tips
           ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၅-ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့ (၂၄-၀၅-၁၃) နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ သုမေဓာရှင် ရသေ့ လောင်းလျာဘ၀က ဗျာဒိတ်တော်ယူခဲ့သည့်နေ့၊ သိဒ္ဓတ္တမင်းသား အလောင်းတော် ဖွားမြင်သောနေ့၊ ဘုရားဖြစ်ခဲ့သည့်နေ့၊ ပရိနိဗ္ဗာန်စံဝင်သောနေ့တို့မှာ ထို့နေ့ တစ်ရက်တည်း တိုင်ဆိုင်နေသဖြင့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တော့သည်။


       မြန်မာနိုင်ငံတွင် ရုံးပိတ်ရက် သတ်မှတ်ကာ တစ်ပြည်လုံး ကဆုန်လပြည့် ဗုဒ္ဓနေ့  နှင့် ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြသကဲ့သို့ ထို့အတူ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ကမ္ဘောဒီယား၊ လာအို၊ စင်္ကာပူစသောနိုင်ငံတို့တွင် ၀ိသာခပူဇာနေ့ အဖြစ် စည်ကားစွာ ကျင်းပကြသည်။ အိန္ဒိယတွင် (၂၅-၀၅-၁၃) နေ့ကို Buddha Purnima နေ့အဖြစ် ရုံးပိတ်ရက်သတ်မှတ်ကာ တစ်ပြည်လုံးရှိ ဗုဒ္ဓဘာသာဝင်တို့က ဗုဒ္ဓဇယန္တိပွဲကို ပြုလုပ်ကြသည်။ 

             အိန္ဒိယနိုင်ငံ ဗာရာဏသီရောက် မြန်မာကျောင်းသားရဟန်းတော်များသည်လည်း ဗုဒ္ဓနေ့ပွဲတော်ကို ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပခဲ့ကြပါသည်။ ၀ါဆိုချိန်တွင် ပညာသင် သံဃာ အပါး (၇၀) ပါး ခန့် သီတင်းသုံးကြသော်လည်း ယခုအခါ စာဖြေပြီး ကျောင်းပိတ်ချိန်မို့ အပူကိုရှောင်ရင်း အမိနိုင်ငံသို့ ပြန်နေကြသည်။ ထို့ကြောင့် လက်ရှိ သံဃာ(၂၈)ပါးတို့ဖြင့် ကျင်းပခဲ့ကြသည်။ အပူဆုံးနေ့၏ ပြည်ဗာရာအပူကို သည်းခံလျက် သံဃာအားလုံး ကြွရောက်ချီးမြှင့်ခဲ့ကြသဖြင့် အထူးပင် ကြည်နူးခဲ့ကြသည်။ 

       သိမ်ကျောင်းဆောင်ကြီးတွင် အနေကဇာတင်၊ ပရိတ်တော်၊ ဂုဏ်တော်များကို ရွက်ဖတ်အပြီး၌ ဆေးဝင်္ကဘာကျောင်းဆရာတော် ဒေါက်တာအရှင်မဏ္ဍလမှ ကဆုန် လပြည့်နေ့အကြောင်း သိကောင်းစရာတို့ကို ဟောပြောခဲ့သည်။ ဘုရားရှင်သည် နွေလေးလ၏အလယ် အပူဆုံးနေ့ ဒီနေ့တွင် အတွင်းအပူအားလုံးကို ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ မဇ္ဈိမနေ တပည့်တော်များအနေဖြင့် သံဝေဂယူကြကာ ကိလေသာနဲပါးအောင် ကျင့်ကြရမည်ဖြစ်ကြောင်းကိုလည်း သြ၀ါဒ ချွေခဲ့သည်။ သံဃာတော်များအား လှူဘွယ်တို့ကို ကပ်လှူအပြီးတွင် မြတ်စွာဘုရား ဆင်းတုတော်အား ရေသပ္ပါယ်ခဲ့ကြသည်။ 

     ဗာရာဏသီရောက် သံဃာများ ဗုဒ္ဓနေ့ ကျင်းပနိုင်ရန်အတွက် ကုန်ကျမှုအားလုံးကို အမေရိကန် ပေါ့တလန်မြို့ ဥူးသိရိန္ဒနှင့် ဒါယကာ၊ဒါယိကာမများက လှူဒါန်းကြသည်။ ဆရာတော် ဥူးသိရိန္ဒတို့ ကုသိုလ်ပြုအဖွဲ့သည် ယခင်(၂) နှစ်က ကဆုန့်လပြည့်နေ့တိုင်း သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်။ ယခုနှစ် သုံးနှစ်မြောက်အဖြစ် အိန္ဒိယ၊ ဗာရာဏသီရောက် သံဃာတော်များကို လှူဒါန်းခြင်းဖြစ်သည်။ 

    ကျောင်းထိုင်ဘုန်းကြီးကောင်းတစ်ပါး၏ အင်္ဂါတို့တွင် မိမိကျောင်းသို့ သီလ၀န္တ အရှင်မြတ်များ ရောက်လာလျင် ဒကာ၊ဒကာမများအား အသိပေးကာ ဆည်းကပ်ကိုးကွယ် တရားနာယူစေခြင်းဟု တွေ့ရပေသည်။ ဆရာတော်အရှင်သိရိန္ဒသည် မြန်မာဆရာတော် များ အမေရိကရောက်လာလျင် မိမိကျောင်းသို့ပင့်ဖိတ်ကာ တရားပွဲ၊ တရားစခန်း၊ အဘိဓမ္မာသင်တန်း စသည်တို့ ပြုလုပ်ပေးနေသည်ကို အမြဲပင် သိရှိရသဖြင့် ကျောင်းထိုင်းဘုန်းကြီးကောင်း ဆရာတော် တစ်ပါးအဖြစ် ကြည်ညိုလေးစားမိပါသည်။ ထိုမျှသာမက မိမိကိုယ်တိုင်ဦးဆောင်ပြီး ပါဝင်လှူဒါန်းကာ နိုင်ငံခြားပညာသင် သံဃာများကို တတ်စွမ်းသမျှ လှူဒါန်းခဲ့ပြန်သည်။ ယခုနှစ် ဗာရာဏသီ သံဃာများကို လှူဒါန်းရန်အတွက်လည်း မည်သူမျှ မတိုက်တွန်းဘဲ ပြုလုပ်ခဲ့သည့်အတွက် အင်မတန် မွန်မြတ်သည့် အသင်္ခါရိက ကုသိုလ်ပင် ဖြစ်သည်။ 

      တစ်ဦးလျင် ဒေါ်လာ သုံးဆယ်စီ ပါဝင်ကာ လှူဒါန်းခြင်းဟု သိရပါသည်။ ဆရာတော်အဖွဲ့၏ ကုသိုလ်ကြောင့် ဗာရာဏသီမြို့ တက္ကသိုလ်၊ နေရာ အသီးသီးတွင် သီတင်းသုံးကြသည့် သံဃာများ စုစည်းကာ ကုသိုလ်ယူနိုင်ခဲ့သဖြင့် ကျေနပ်ခဲ့ကြရသည်။ ဆရာတော် အဖွဲ့ လှူဒါန်းသည့် ဒေါ်လာ (၅၁၀)မှ ဒေါ်လာ (၂၈၀)ကို ယနေ့ ကဆုန်လပြည့်နေ့တွင် သုံးစွဲ လှူဒါန်းခဲ့ပါသည်။ ကျန်ရှိသည့် န၀ကမ္မတို့ကို ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် သုံးစွဲ လှူဒါန်းသွားပါမည်။ 

      လာမည့် ၀ါဆိုလပြည့်နေ့တွင် ဘုရားရှင်တိုင်း ဓမ္မစကြာတရား ဟောကြားရာ ဗာရာဏသီ၊မိဂဒါဝုန် မြေမြတ်မဟာ၌ ဗာရာဏသီရောက် သံဃာများ စုပေါင်းကာ ဓမ္မစကြာ အခါတော်နေ့ကို ကျင်းပပြုလုပ်ကြပါအုံးမည်။ သံဃာကို လှူလျင် အကျိုးများ၏ဟူသော ဒေသနာကို ယုံကြည်လျက် လှူဒါန်းကြသော အလှူရှင်များစာရင်းကို ဖော်ပြလိုက်ပါသည်။ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေသတည်း..။ 

၁။ ဥူးသိရိန္ဒ၊ သီရိမင်္ဂလာကျောင်း၊ ပေါ့တလန်မြို့။ 
၂။ ( ဦးစောညွန့်မောင် ) + ဒေါ်ညိညို မိသားစု ၊ဆန်ဖရန်စစ္စကို ဗေးဧရိယာ၊
၃။ David Wong နှင့် မရှုမေ မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ၊ 
၎။ ဦးသန်းရွှေ + ဒေါ်လှကြည် မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၅။ ဦးကျော်သောင်း + ဒေါ်အေးအေးလွင် မိသားစု၊ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၆။ ဦးကြည်မိန်ချမ်း + ဒေါ်ချိုချိုထွေး မိသားစု၊ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၇။ ဦးကျော်မြင့် + ဒေါ်မြမြ မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၈။ Ricky and Michell kyi မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၉။ ဦးရွှေထွန်း + ဒေါ်ဖြူဖြူဝင်း (EVA) မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။
၁၀။ ကိုအောင်ထူးဝင်း + ဒေါက်တာအေးအေးမိုး မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။
၁၁။ ဒေါ်ရီရီအေး မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၁၂။ ဒေါ်ရိုစီချမ်း မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၁၃။ မိဘများအား အမှူးထား၍ ဒေါ်ခင်လှကြု၊ ဒေါ်အေးမြခိုင် မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ ၁၄။ ဒေါ်ကြင်စိန် နှင့် သမီး ဒေါ်နွေးနွေး မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၁၅။ ကွယ်လွန်သူ မိဘများအား ရည်စူး၍ ဒေါ်မြင့်မြင့်သိန်း မိသားစု၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာ။ 
၁၆။ ကိုပေါက် ၊ ပေါ့တလန်မြို့။ 

       မှတ်ချက်။ ။ပို့ခနှင့်အတူ ဒေါ်လာငါးရာတစ်ဆယ် (510) လှူဒါန်းခြင်းဖြစ်သည်။ အလှူရှင်တစ်ဦး ဒေါ်လာ 30-စီ ပါဝင် လှူဒါန်းကြပါသည်။ 

အရှင်နိပုဏာလင်္ကာရ (သိမ်မွေ့ဦး)
ဗာရာဏသီ။
+၉၁၉၇၉၃၃၃၂၆၀၂

No comments:

Post a Comment