ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

17/01/2013

ဘ၀ အားမာန်

1. စီးဆင်း ရင်ခွင် | 1/17/2013 | 2. 3. 4. 5. 6. Best Blogger Tips
           ဘုရားအဆူဆူ ပွင့်တော်မူသောနေရာ မြတ်စွာဘုရား ထားရစ်ခဲ့တဲ့ ဖွား-ပွင့်-ဟော-စံ လို့ခေါ်တဲ့ သံဝေဇနိယ လေးဌာန ရှိတော်မူတဲ့နေရာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ အထွဋ်အမြတ် ထားတဲ့နေရာ ဒီလို အံသြ ချီးကျူးဖွယ်မကုန်နိုင်တဲ့ နေရာဒေသလေးမှာ နေထိုင်ခွင့်, ပညာသင်ခွင့်, ရရှိတဲ့အတွက် အတိုင်းမသိ အားရကျေနပ်မိပါသည်။ အားရဝမ်းမြောက်မှု့တွေ ထပ်ဆင့်လို့ ဖြစ်စေတာကတော့ ဗာရာဏသီကျောင်းသား များရဲ့ ဥက္ကဌ ဘုရားတပည့်တော် တို့ရဲ့ နောင်တော်ကြီး ဆရာတော်ဦးနိပုဏာလင်္ကာရ ရဲ့ ဦးဆောင်မှု့ စေတနာသဒ္ဓါတရားတွေနဲ့ စာတမ်းဖတ်ပွဲကြီးကျင်းပပြုလုပ်နေတဲ့နေရာမှာ ဘုရားတပည့်တော်အနေနဲ့ “ဘဝ-အားမာန်” ဆိုတဲ့ စာတမ်းလေးကို ရေးခွင့်, ဖတ်ခွင့်, ရတဲ့အတွက်လဲ ဝမ်းမြောက်ဝမ်းသာ ရှိလှပါသည်။ 


                               “ဘဝ” 
        ဘဝဆိုတာကို ဘယ်လောက်ပဲတွေးတွေး ဘယ်လောက်ပဲရေးရေး ပြီးပြည့်စုံ အောင်ဖော်ပြနိုင်မှာ မဟုက်ပါဘူး.. တွေးနိုင်တယ်ဆိုလဲ တယောက်ကို အတွေးတခုစီ ရှိနေမှာပါ ရေးနိုင်တယ်ဆိုရင်လဲ တယောက်ကို တပုဒ်စီဖြစ်နေမှာပါ..လောကဓံရဲ့ လှိုင်းအပုတ်မှာ မျှော်လင့်ချတ် ရေလှိုင်းတွေကို ဒုက္ခကျောက်ဆောင်တွေနဲ့ တိုက်မိလို့ အနာဂါတ်အိမ်မတ်လေးတွေတစစီကျိုးပဲ့ ပျတ်စီး ခဲ့ရပြီး ပြုံးတလှည့် ငိုတလှည့်နဲ့ ဘဝဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံလို့ ကိုယ့်ဘဝရပ်တည်ရေး အတွက် ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ လိမ်ကြ ညာကြတာလဲ ဘဝထဲကလူတွေပဲဖြစ်နေပါလိမ့်မည်။ 
           ဒီလောကကြီးထဲမှာ ဘဝပေါင်းများစွာ မရေတွက်နိုင်အောင်ရှိပြီး အသီးသီး သူ့အကြောင်းနဲ့သူ ကျင်လည်လှုပ်ရှားနေရင်း သူတို့ရဲ့ လုပ်ရပ်အတိုင်း သူတို့ခံစားပြီး သံသရာစက်ဝန်းပေါ်မှာ လည်ပတ်နေ ကြပါတယ်….အဲဒီသံသရာ စက်ဝန်းပေါ်မှာ အဆင့်မြင့်မြင့်နေကြရတာရှိသလို အဆင့်နိမ့်နိမ့်နေကြ တာတွေလဲ ရှိကြပါသည်။ မြင်နိုင်မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် ဘေးဝဲယာကို တစ်ချက် ငဲ့ကြည့်စေချင်ပါသည်။ တချို့က အဆင့်မြင့်မြင့်ပစ္စည်းတွေကို သုံးစွဲနိုင်ပြီး အဲဒီ အဆင့်မြင့်မြင့် ပစ္စည်းတွေကိုပဲ လဲလှယ်အသုံးပြုနေတာကို တွေ့ရပါသည်။ တချို့ကျတော့လဲ အဆင့်နိမ့်နိမ့် ပစ္စည်းလေးကို သုံးစွဲနိုင်ဖို့ လှုပ်ရှားရုန်းကန်နေရတာကို မြင့်တွေ့နိုင်ပါသည်။ 

        တွေးတောကြံဆ ရေးသားလို့မကုန်နိုင်တဲ့ ဘဝ ကို တပည့်တော်အနေနဲ့ တွေးမိသမျှ သိသမျှ မြင်သမျှ ဖြတ်ကျော်ခဲ့သမျှ ရေးရမယ်ဆိုရင် ဘဝဆိုတာ သူဖြတ်သန်းကျော်လွန်ခဲ့တဲ့နေရာ အဆင့်တခုဆီမှာ သူ့ရဲ့ အမှတ်ရစရာ တခုမဟုက်တခုကို ချန်ထားခဲ့မြဲ သယ်ဆောင်လာ တက်မြဲ ဖြစ်ပါသည်။ နွေရာသီကလဲ တည်ကြည်မှု့နဲ့ ခပ်ပြပြ လောင်ကျွမ်းစေသည်။ မိုးရာသီကလဲ စိုစိုရွှဲရွှဲနဲ့ လွမ်းမောစရာကောင်းသည်။ ဆောင်ရာသီကလဲ နှလုံးသားကို အေးဆေးမှု တွေနဲ့အတူ ဆိတ်ငြိမ်တဲ့ နှစ်သိမ့်မှုတွေကို ပေးသည်။ ဒီလိုနဲ့ ပြောင်းလဲသွားတဲ့ မြင်းကွင်းတွေကို လက်ခံ ကြိုဆိုရပါသည်။ ထိုအခါမှာ ကုန်ဆုံးသွားသော အချိန် ရာသီ ကာလနဲ့အတူ ဖြတ်သန်း ကုန်ဆုံးသွားသောအရာများမှာ ကျန်ခဲ့သော အမှတ်တရများနှင့် နောက်ထပ်ဖြစ်ပေါ်လာသော အမှတ်တရများက ဘဝမှာ ပြီးပြည့်စုံစေတယ်ဆိုတာ မြင်တွေ့ရပါသည်။ 

     ဘဝဆိုတာ အခြားတယောက်ယောက်ကို ဘယ်လိုမှ ရှင်းပြလို့မရနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘဝရဲ့ရှင်သန်မှု့က နက်နဲလို့ပါပဲ၊ စကားတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့အရာ ဖြစ်ပြီး ကိုယ်တိုင်လဲ လျှောက်လှမ်းပြီးထိတွေ့မှ သိရှိမဲ့ အရာကိုလဲ ဘဝလို့ ဆိုချင်ပါသည်။ မိခင်ရဲ့ ပဋိသန္ဓေဝမ်းမှ ဆင်းသက်ပြီး လူရယ်လို့ ဖြစ်လာပြီး ဆိုရင်တော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘဝတွေကို ကျော်ဖြတ်ရတော့မှာပေါ့…၊ ဘဝဆိုတဲ့နေရာမှာ မိဘတွေက သားသမီးတွေကို ပြောကျရာဝယ် သားလေးက ဖေဖေမေမေတို့ရဲ့ဘဝပဲ သမီးလေးက ဖေဖေမေမေတို့ရဲ့ဘဝပဲတဲ့၊ တချို့သောသူတွေကလဲ ဆိုကျသေးသည် မင်းဟာငါ့ဘဝပါပဲတဲ့၊ ဒီနေရာမှာတော့ တကယ်တမ်းလျှောက်လှမ်း ရမယ့်ဘဝတွေကိုတော့ “လူ့ဘောင်ဘဝနဲ့သာသနာ့ဘောင်ဘဝ”နှစ်ခုကို တွေးမိပါသည်။ သားရေး သမီးရေး စားဝတ်နေရေး အထွေထွေသော အရေးတွေနဲ့ လှုပ်ရှားလုပ်ကိုင်နေခြင်းကို လူ့ဘောင်ဘဝလို့ ဆိုချင်ပါသည်။ 

           အဲဒိ လူ့ဘောင်ဘဝမှာလဲ ချောင်ချောင်လည်လည် လုပ်ကိုင်စားသောက်ရတဲ့ သူတွေရှိသလို တနေ့လုပ်မှ တနေ့စားရသည့် ဘဝမျိုးတွေလဲ ရှိပါသည်။ လူ့ဘောင်ဘဝ လှုပ်ရှားရုန်းကန်း ရသည်ကခတ်ခဲသည့်အထဲ ယခုတလော အဆိုးမြင်မယ်ဆို မြင်စရာတွေချည်းပဲ ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက် ဝမ်းနည်းနေသူများလဲ ရှိမည်။ သို့မဟုတ် ဒီလိုဖြစ်နေခြင်းသည်ပင် လောက မဟုက်ပါလောဟု ဆင်ခြင်နေသူများလဲ ရှိမည်။ ဒါတွေကို ဖြစ်ပြီးပျတ်တဲ့ သဘာဝတွေပဲဟု သံဝေဂ ယူနေသူများလဲ ရှိပေမည်။ (ကပ္ပကောလာဟကေရာ) ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေး ပဝေသဏီထဲက ကြောက်ခဲ့သည့်ကိစ္စ ဖြစ်သည်။ ဘာပဲပြောပြော ဘေးဆိုးတွေတော့ ရှိနေဦးမည်။ အဲဒိ ဘေးဆိုးတွေကို ကြောက်လန့်သူများလဲ ရှိမည်။ ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ဝိုင်းဝန်းကူညီသူများလဲ ရှိနေမည်။ တကယ်တမ်းဘေးဆိုး ကပ်ဆိုးတွေကို စိုးရိမ်ကြောင့်ကြသူ လူတော်တော်များများဖြစ်ပေါ် နေသည်ကို ကြားရသည်။

       ထိုအပြင် ယခုအခါ မုန်းတိုင်းဒဏ် ငလျင်ဒဏ် သဘာဝဘေးဒဏ် အန္တရာယ်တို့သည် ဟိုနေရာဖြစ်လိုက်, ဒီနေရာဖြစ်လိုက်နှင့် ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး လူပေါင်းများစွာ သေကြ ပျတ်စီးနေကြသည်ကိုလဲ ကြားရ သိရ ဖတ်ရှု့ရပါသည်။ အမျိုးမျိုးအဖုံဖုံ ကမ်းကုန်အောင် ကမ္ဘာဖျက် လက်နတ်တွေကို တီထွင်ပြီး တဦးနှင့်တဦး, တနိုင်ငံနှင့်တနိုင်ငံ, လူမျိုးတစုနှင့်လူမျိုးတစု, ဘာသာတခုနှင့် ဘာသာတခု ရန်လို ခြိမ်းခြောက်နေကြသော လူကြမ်းသူကြမ်း များကြောင့်လဲ ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့အဖို့ ရတက်မအေးဖွယ် နေ့ရက်များလဲ ဖြစ်ရပြန်သည်။ တကယ်တမ်း ဗုဒ္ဓစာပေများနှင့်နှိုင်းယှဉ်ကြည့်လျှင် လူတွေရဲ့ လောဘ, ဒေါသ, မောဟ, တွေကြောင့်ပင်ဖြစ်သည်။ 

၁။ ဒုဗ္ဘိက္ခန္တရကပ် = လူတွေရဲ့ ဒေါသတရားကြီးမား လွှမ်းမိုးသောအခါ ငတ်မွတ်ခေါင်းပါးဘေး ကပ်ဆိုက်ရောက်ပြီး ပျက်စီးကြရသည်။ 

၂။ သတ္ထန္တရကပ် = လူတွေရဲ့ ဒေါသတရားကြီးမား လွှမ်းမိုးလာသောအခါ တဦးနှင့်တဦး, တနိုင်ငံနှင့်တနိုင်ငံ , လူမျိုးတစုနှင့်လူမျိုးတစု , ဘာသာတခုနှင့်ဘာသာတခု ရန်လိုခြိမ်းခြောက်ကာ လတ်နက်ဘေး ဆိုက်ရောက်ကာ ပျက်စီးကြရပြန်သည်။ 

 ၃။ ရောဂန္တရကပ် = လူတွေရဲ့ မောဟတရားကြီးမား လွှမ်းမိုးသောအခါ ကမ္ဘာတလွှားတွင် ထူးထူးဆန်းဆန်း တစ်နေ့တစ်မျိုး မရိုးရအောင် ရောဂါဘေးဆိုးများ ဆိုက်ရောက်ကြရသည်။ ဒီလိုဘေးဆိုး ကပ်ဆိုးတွေကြားမှာ လောကဓံကို အံတုလို့ နိမ့်ချည်းတခါ သာချည်းတလှည့်နဲ့ အကောင်းအဆိုးတွေကို ရင်ဆိုင်ဖြေရှင်းပြီး မိမိကောင်းစားရေး အတွက် လောကကို အသုံးမချဘဲ လောက ကောင်းစားရေးအတွက် မိမိကို အသုံးချပြီး လူ့ဘောင်ဘဝမှာ ရှင်သန်နေထိုင်သွားမယ်ဆိုရင် ရခဲလှတဲ့ လူ့ဘဝမှာ အရာရာဟာ တန်ဘိုးရှိသွားလိမ့်မယ်လို့ တပည့်တော်တွေးမြင်မိပါသည်။ 

      လူ့ဘောင်ဘဝမှာ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် အဲဒိ လူ့ဘောင်ဘဝထက် တန်းဘိုးရှိတာ မြင့်မြတ်တာကတော့ သာသနာ့ဘောင် ဘဝလို့ တပည့်တော် တွေးမိပါသည်။ ရခဲလှတဲ့ လူ့ဘဝကိုရ မြင့်မြတ်တဲ့ ယောင်္ကျားဘဝကို ပိုင်ဆိုင်ပြီး တန်ဘိုးမဖြတ်နိုင်တဲ့ သာသနာ့ဘောင်ဘဝမှာ အသက်ရှင် သီတင်းသုံး သာသနာပြုခွင့် မှီခိုခွင့်တွေရရှိနေကြတဲ့ ဘုရားတပည့်တော်တို့ဟာ ဘဘုရားရဲ့ သာသာနာမှာ “ကျရာတာဝန် ၊ မကျေပွန်က ၊ အမွန်သူမြတ် ၊ ကဲ့ရဲ့အပ်၏ ’’ ဆိုသည့်အတိုင်း သာသနာ့ဘောင်ဘဝမှာ ကျရာ ကျရာတာဝန် ပေးရာ ပေးရာတာဝန် တွေ ကို ကျေပွန်စွာထမ်းဆောင်ဖို့ကား အင်မတန်လိုအပ်ပါသည်။ 

       နိုင်ငံကိုချစ်တဲ့ နိုင်ငံချစ် ပုဂ္ဂိုလ်တွေကလဲ ဒါငါတို့ပြည် ဒါငါတို့မြေ ဘယ်သူလာလာ ကျုးကျော်မခံဘူးဆိုပြီး လက်သီးလက်မောင်တန်းပြီး ကျရာတာဝန် မထမ်းဆောင်ဘဲ အပြောနဲ့သာ ပြီးဆုံးသွားမယ်ဆိုရင် စစ်မှန်တဲ့ နိုင်ငံချစ်ပုဂ္ဂိုလ် မဖြစ်နိုင်သလို သာသနာချစ်တဲ့ သာသနာ့ အာဇာနည်တွေကလဲ ဒါငါတို့သာသနာ ဘဘုရား ထားရစ်ခဲ့တဲ့သာသနာ ဘယ်ဘာသာ ဘယ်လူမျိုး ဘယ်အဖွဲ့စည်းမှ အဖျက်ဆီး မခံနိုင်ဘူးဆိုပြီး ကျောင်းထဲမှာ သင်္ကန်းခေါင်းမြီးခြုံပြီး ကြွေးကြော်နေလို့ သာသနာချစ် အာဇာနည်တွေ မဖြစ်လာနိုင်ဘူးဆိုတာကို တပည့်တော်တွေးမိပါသည်။ 
      သာသနာ့ဘောင်ဘဝ သာသနာ့ဝန်ထမ်းဆိုတာ သာသနာက ပေးတဲ့ တာဝန်တွေကို ထမ်းဆောင် နေခြင်းကိုသာ သာသနာ့ဝန်ထမ်းလို့ ဆိုချင်ပါသည်။ သာသနာက ပြန်လည်ပြီးတော့ ထမ်းရွတ်ထားတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရင်တော့ သာသနာ့ဝန်ထမ်း မဖြစ်နိုင်ဘူးလို့ ဆရာတော်ကြီး တစ်ပါး၏ သြဝါဒစကားကို ခံယူ မှတ်သားဖူးပါသည်။ တပည့်တော်ကိုယ်တိုင်လဲ အမေကမွေး သာသနာကကျွေးဆိုတဲ့ သာသနာ့ဝန်ထမ်း ဖြစ်နေပါသည်။ တပည့်တော်တို့ကို အမေကလဲ မွေးခဲ့ပြီးပြီ၊ သာသနာကလဲ နိုင်ငံအလယ်မှာ ကမ္ဘာအလယ်မှာ သာသနာပြုခွင့်တွေရအောင် ကျွေးခဲ့လို့ ဘဝကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းခွင့်တွေ ရနေပါပြီ။

         “ ထီးထမ်း-လမ်းလျှောက် ” ဟူသော ဝေါဟာရသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့ပါသည်။ ထို ဝေါဟာရကြီးကို ဖယ်ထုတ်ရန်မှာ ယနေ့ သာသနာ့ဝန်ထမ်းများ၏ တာဝန်ဖြစ်သည်။ “ ဒီခရီး ဒီထီးနှင့် တော်သည်-ဒီအရပ် ဒီဖိနပ်နှင့်တော်သည် ” ဆိုသကဲ့သို့ ခေတ်နှင့် အံဝင်အောင် အချိန်နှင့်အခြေနေကို စနစ်တကျ သုံးစွဲရန်လိုအပ်သည်ကိုလဲ တပည့်တော် တွေးမိပါသည်။ ဖြစ်လိုရာဖြစ် ဆိုတဲ့ ဘဝဖြင့် ရေစုန်မျောထားပါလျှင် သာသနာ့ဘောင်ဘဝမှာ တာဝန်မဲ့သူတွေသာဖြစ်နေပါလိမ့်မည်။ အားလုံးက ဦးထိပ်ထားတဲ့နေရာ မြင့်မြတ်တဲ့ သာသနာ့ဘောင် ဘဝမှာ ရောက်ရှိနေတဲ့ ဘုရားတပည့်တော်တို့ဟာ လွတ်လပ်တဲ့ ဘဝ ကို အားမာန် အပြည့်နဲ့သာ ချီတက်စေချင်ပါသည်။ 


                     “အားမာန်” 
    အားမာန်လို့ပြောလိုက်ရင် တပည့်တော်၏ ဥပဇ္ဈာယ်ဆရာပေးခဲ့သော သြဝါဒ စကားလေးကို ပြန်လည်သတိရမိပါသည်။ စကားလေးက နည်းသော်လည်း တန်ဖိုးမဖြတ်နိုင်သည့် ဗဟုသုတအဆီအနှစ်များနှင့် ပြည့်စုံပြီး စဉ်းစားရင် စဉ်းစားသလို အင်မတန် မှတ်သားဖွယ်ကောင်းသည်။ မှတ်သားဖွယ် ကောင်းလွန်းသောကြောင့် တပည့်တော်တသက် မမေ့နိုင်ခဲ့ခြင်းဖြစ်သည်။ သြဝါဒစကားလေးက “ အားရှိတိုင်း-မာန်မတက်နှင့် ” တဲ့၊ အားဆိုတဲ့နေရာမှာ ငွေအား လူအား ဂုဏ်အား ရာထူးအား လုပ်ပိုင်ခွင့်အားတွေ ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ မာနတွေထားကြတယ် မာန်တွေ တက်ကြသည်ဟု သြဝါဒ ခြွေဖူးပါသည်။ 

       ဆရာတော်၏ သြဝါဒသည် တပည့်တော်တို့၏ ပတ်ဝန်းကျင်မှာ ကြားရ သိရ မြင်ရသည်နှင့် တကယ်ပင် မှန်နေပါတော့သည်။ ငွေအားရှိတဲ့ ပုဂ္ဂိုလ်တွေကလဲ ငွေအားမရှိသူ လူအများကို ငွေမာန်တက်ပြီးတော့ နှိပ်စက်ချင်ကြသည်။ အနိုင်ယူချင်ကြသည်။ ဒီလိုပဲ ရာထူးရှိတဲ့ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကလဲ ရာထူးမဲ့သူတွေနှင့် လုပ်ပိုင်ခွင့်မရှိတဲ့သူများအပေါ် ရာထူးဆိုတဲ့ မာနနှင့် လုပ်ပိုင်ခွင့် မာန်တွေ တက်ပြီးတော့ နှိပ်စက်ကြသည်။ အနိုင်ယူကြသည်။ 
           တကယ်တော့ တပည့်တော်တို့ဟာ လွတ်လပ်တဲ့ ဘဝကို ပိုင်ဆိုင်နေပါပြီ။ တောင်ပန်ရှိလျှက်နဲ့ ပျံသန်းခွင့် မရတဲ့ ငှတ်တကောင်က ဘယ်လောက်ပဲ ခမ်းနားတဲ့ လှောင်အိမ်ထဲမှာနေနေ လွတ်လပ်စွာ ပျံသန်းခွင့်ရတဲ့ ငှတ်တကောင်လောက် သူ့ဘဝက မပြည့်စုံပါဘူး။ ပျံသန်းခြင်းက အင်အားတွေကို တိုးပွားစေတယ် အတွေးခေါ်တွေကို အားကောင်းစေတယ် ။ အများ နားလည်သောစကားဖြင့် ပြောရလျှင် သာသနာပြုရန်အတွက် အားမွေးရန် ရောက်လာခြင်း ဖြစ်ပါသည်။ တနည်းပြောရလျှင် သာသနာအတွက် ဓါးသွေးနေကြခြင်း ဖြစ်ပါသည်။ ဒါကြောင့် သာသနာ့ဘောင်ဘဝကို လွတ်လပ်တဲ့ အားမာန်အပြည့်နဲ့ လျှောက်လှမ်းကြ ပါစို့..ဟု တိုက်တွန်းလျှောက်ထားရင်း တပည့်တော်၏ ဘ၀အားမာန်ဟူသော စာတမ်းကို နိဂုံးချုပ်အပ်ပါသည်။

 “ဘဝ-အားမာန်” 
ဘဝလှိုင်းဒဏ်၊ ပန်းရိုင်းဆန်ဆန် 
နိမ့်ပြန်မြင့်ပြန်၊ အကြိမ်ကြိမ်ဖန်
 ဖြစ်လည်းစံ၊ ပျတ်လည်းခံပေါ့... 
ခက်ထန်ကြမ်းတမ်း၊ ဘဝလမ်းကို
 ဖြတ်သန်းကျော်တက်၊ ရှေ့သို့ဆက်စဉ်
 ဘာကိုမှမှု့၊ ဖြစ်ပျက်အစု သံသရာ 
မဗေဒါဟန် ၊ အစုန်ဆန်ခံပေါ့……..
 ကြုံလာမယ့် လောကဓံ-
ရဲရဲတင့်လို့ ဝင့်ချီလိုက်မယ် 
ငါတို့ရဲ့ ဘဝအားမာန်…..။ 

အရှင်ရေ၀တ(၀ါးခမ်မ) 
M.A (Previous) 
ဆန်စကရက်တက္ကသိုလ်
 ဗာရာဏသီမြို့။


 ကျမ်းကိုး စာရင်း -
 (၁) ပါရာဇိကဏ်- အဋ္ဌကထာ- ဝေရဉ္ဖာကဏ္ဍ

No comments:

Post a Comment