ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

07/10/2011

ဒူရကာ ပူဇာ ပွဲ

1. စီးဆင်း ရင်ခွင် | 10/07/2011 | 2. 3. 4. 5. 6. Best Blogger Tips
၁။ခြိမ့်ခြမ့်သဲသဲ ဒူရကာပူဇာပွဲ

၂။နတ်ရုပ်ကြီးပူဇော်ရာ မဏ္ဍပ်

၃။ဒူရကာမာတာကြီးကို ပူဇော်နေတာတဲ့
( နတ်ရုပ်အောက်က အနိုင်ယူခဲ့တဲ့ ရန်သူတွေ)
၎။ပူဇော်နေကြတဲ့ အတီးအဖွဲ့တွေကလဲ မြိုင်မြိုင်ဆိုင်ဆိုင်

၅။ပူဇော်နေကြသူတွေလဲ ပြွတ်သိပ်လို့

၆။ပြိုင်ပွဲဝင် ကပြနေကြတဲ့ လှပျိုဖြူတွေ

၇။ရွှေပွဲလာတွေကလဲ များပြားလှပါဘိ

ဗာရာဏသီ ဟိန္ဒူ တက္ကသိုလ် ကြီးအတွင်း ဒူရကာ ပူဇာ ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲနေတာ  ဒီနေ့ဆို သုံးရက်ရှိခဲ့ပါပြီ။ ပွဲသဘင် ကျင်းပတဲ့ နေရာနှင့် မိမိတို့ အဆောင်က သိပ်နီးနေတာမို့ ဆုတောင်းသံတွေ အမြဲကြားနေရပါတယ်။ ပွဲတော်ကို လာရောက်ကြတဲ့ ကား၊ဆိုင်ကယ် ၊ စက်ဘီးတွေ အဆောင်ရဲ့ မလှမ်းမကမ်းမှာ ရပ်ထားကြတာလဲ များပြားလှပါတယ်။ လူတွေ ပြည့်သိပ်နေတဲ့ ရှေးဟောင်းမြို့ကြီးထဲ နေရာကျယ်ကျယ်ပြန့်ပြန်မှာ ပွဲတော်ကျင်းပဖို့ဆိုတာ သိပ်ခက်ခဲပါတယ်။ လာရောက်ကြတဲ့သူတွေအတွက်လဲ အခက်အခဲ မျိုးစုံနှင့် တွေ့တတ်တာမို့ စည်းကားသင့်သလောက် မစည်းကားတတ်ပါဘူး။ ဒီ ဒူရကာပွဲကတော့ နေရာကျယ်ဝန်းပြီး သန့်ရှင်းလှတဲ့ တက္ကသိုလ်ဝင်းကြီးထဲမှာ ကျင်းပတာမို့ ကြက်ပျံမကျ စည်းကားလှပါတယ်။ ဒီနေ့က ပွဲတော်ရဲ့ နောက်ဆုံးရက်မို့ မိမိလဲ လေ့လာချင်စိတ်နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ ရုပ်ရှင်ဇာတ်ကားထဲတွေမှာ မြင်ဘူးခဲ့တဲ့ အကတွေအတိုင်း အက၊အဆိုမျိုးစုံ ပြိုင်ဆိုင်ကပြကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေလဲ လက်ခုတ်တစ်ဖျောင်းဖျောင်းနှင့် တိုးမပေါက်အောင် စည်းကား လှပါတယ်။  ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ဒူရကာနတ်ရုပ်ကြီးရှေ့ ပူဇော်နေကြတဲ့သူတွေ ၊ အတီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် တီးတာ ပတ်ပြေးလို့ ပျော်ရွင်စွာ ပူဇော်နေကြတဲ့ အဖွဲ့တွေကိုပါ။ ဒူရကာမာတာကြီးက ရန်သူတွေကို ကိုးရက်တိတိ နှိမ်နှင်းအောင်မြင်ပြီး ဆယ်ရက်မြောက်နေ့မှာ ပွဲသဘင်ကို အကြီးအကျယ် ကျင်းပကြပါတယ်တဲ့၊ တိုက်ခိုက်ခဲ့တဲ့ ကိုးရက်အတွင်းက စကာ ပူဇော်ကြရတယ်လို့ ပါးစပ်ကြား မှတ်သားလိုက်ရပါတယ်။ အတိကျတော့ သမိုင်းစာအုပ်ကို မဖတ်ဘူးသေးပါဘူး။ မိမိတို့ တက္ကသိုလ်ကိုလဲပူဇာပွဲ အတွင်း တစ်ပတ်ပိတ်ထားပါတယ်။  မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေကို မိတ်ဆွေများကို ကြည့်ဖို့ မျှဝေလိုက်ပါတယ်။
                                                                           သိမ်မွေ့ဦး (BHU)

No comments:

Post a Comment