အရှိန်အ၀ါ မဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။
It is more difficult to achieve wisdom than to acquire fame and influence.
(တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်)
“ငါတို့ နိုင်ငံမှာ ဖုန်းဆိုတာ လူချမ်းသာတွေပဲ ကိုင်နိုင်တာလေ။ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာ (၃၀၀၀) ကျော်ပေးရတယ်။ ငါ့ မိသားစုတွေက လယ်သမားတွေ။ ဒီလောက်ဈေးကြီးတာကို ဘယ်လိုလုပ်ကိုင်နိုင်မှာလဲ။”
ကျွန်ုပ် အိန္ဒိယကို ပညာသင်ရန် စတင်ရောက်ခဲ့သည့် နှစ်က ၂၀၀၇-ခုနှစ် ဖြစ်သည်။ တက္ကသိုလ်တွင်းရှိ နိုင်ငံတကာ ကျောင်းသားဆောင်တွင် နေထိုင်ရင်း နိုင်ငံပေါင်းစုံမှ ကျောင်းသားများစွာတို့နှင့် သိကျွမ်းခွင့်ရခဲ့သည်။ နေ့စဉ်လိုပင် သူတို့မိသားစု အသီးသီးက အဆင်ပြေသလားစသည်ဖြင့် ဖုန်းဆက်ကြသည်။ ကျွန်ုပ်ထံသို့ကား မည့်သည့်ဖုန်းမျှ မလာ။ ထိုအချင်းအရာကို သတိထားမိကြသော မိတ်ဆွေများက ဖုန်းမလာခြင်း၏အကြောင်းကို မေးကြလေ၏။ ထိုအခါ ကျွန်ုက အထက်ပါစကားကို ဖြေခဲ့မိသည်။
ယင်းနောက် မေးကြသော မိတ်ဆွေများက ကျွန်ုပ်စကားကို လုံးဝမယုံကြပေ။ ဖုန်းကဒ် တစ်ကဒ်ကို ဒေါ်လာ သုံးထောင် ဘယ်လိုမှ မဖြစ်နိုင်ဟု ပြောကြပြီး ပုံလာပြောလာသောသူတစ်ယောက်ကဲ့သို့ ကျွန်ုပ်ကို ၀ိုင်းကြည့်ကြသည်။ ကျွန်ုပ် အိန္ဒိယကို ထွတ်လာသည့်အချိန်က ဒေါ်လာ ပေါက်ဈေးမှာ ဒေါ်လာတစ်ရာလျင် မြန်မာငွေ တစ်သိန်းသုံးထောင်ဖြစ်၍ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာသုံးထောင်တောင် ကျော်နေ သေးချိန် ဖြစ်၏။
ယင်းနောက် မေးကြသော မိတ်ဆွေများက ကျွန်ုပ်စကားကို လုံးဝမယုံကြပေ။ ဖုန်းကဒ် တစ်ကဒ်ကို ဒေါ်လာ သုံးထောင် ဘယ်လိုမှ မဖြစ်နိုင်ဟု ပြောကြပြီး ပုံလာပြောလာသောသူတစ်ယောက်ကဲ့သို့ ကျွန်ုပ်ကို ၀ိုင်းကြည့်ကြသည်။ ကျွန်ုပ် အိန္ဒိယကို ထွတ်လာသည့်အချိန်က ဒေါ်လာ ပေါက်ဈေးမှာ ဒေါ်လာတစ်ရာလျင် မြန်မာငွေ တစ်သိန်းသုံးထောင်ဖြစ်၍ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာသုံးထောင်တောင် ကျော်နေ သေးချိန် ဖြစ်၏။
ထိုအချိန်က အိန္ဒိယတွင် ဟန်းဆက်တစ်လုံးက ၀ယ်ပါကဆင်းကာ့ဒ် ကိုပင် အပိုပေးလိုက်သေး၏။ ယခုနှစ်တွင် ဆင်းကာ့ဒ် တစ်ကတ်၏ တန်းဘိုးမှာ ရှုပီး(၁၂၅) ဖြစ်သည်။ ယင်း ဆင်းကာ့ဒ်ထဲတွင် ခေါ်ယူသုံးစွဲရန် ရှုပီး(၈၀)ကျော် ပါပြီးသားဖြစ်လေ၏။ မြန်မာငွေဖြင့် တွက်ကြည့်ပါက ကျပ်(၂၂၀၀) ခန့်သာ ဖြစ်၏။
ဤဒေသကို စရောက်ခါစက လက်ကိုင်ဖုန်း ကိုင်ရသည်ကို ကျေနပ်အားရခဲ့သည်။ တစ်သက်နှင့် တစ်ကိုယ် ကိုယ်ပိုင်လက်ကိုင်ဖုန်းဟူ၍ မကိုင်ဘူးသေးသောကြောင့် ကျိုးလှလှလေးဖြင့် လည်ပင်းတွင် ချိန်ဆွဲကာ ကိုင်ခဲ့သည်။ မြင်သော သူငယ်ချင်း တစ်ပါးက ‘ကိုယ်တော်ဖုန်းက ကုလားတောင် ဆင်းရဲသား ကိုင်တဲ့ ဟန်းဆက် လည်ပင်းမချိတ်နဲ့၊ ရှက်စရာကောင်းတယ် ‘ဟု သတိပေးမှ အိတ်ထဲ ထည့်ကာ ကိုင်ဖြစ်သည်။
ကျွန်ုပ် အကြီးတန်းကို ပညာသင်ယူနေစဉ် စာသင်သားဘ၀က ဖြစ်ရပ်တစ်ခုကို အမှတ်ရမိသည်။ တစ်ရက် ဘီဘီစီ အသံလွှင့်ဌာနမှ အထူးအစီအစဉ်အဖြစ် အသံဇာတ်လမ်းတစ်ပုဒ် လွှင့်သည်။ ဇာတ်လမ်းထဲတွင် ၂၀၁၀-ခုနှစ် ရောက်သောအခါ မြန်မာနိုင်ငံသည် တိုးတက်နေပြီဖြစ်၍ ဆိုက်ကားသမားရော ဟင်းရွက်စိမ်းသည်မကျန် လက်ကိုင်ဖုန်းတို့ဖြင့် ပြောဆိုနေကြလေ၏။ နားထောင်ရသူ ကျွန်ုပ်တို့မှာ ဟာသဇာတ်လမ်းကို နားထောင်ရသကဲ့သို့ တသောသော ရယ်ခဲ့ကြသည်။ နားထောင်သူထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် စာချဘုန်းကြီးက ဘီဘီစီက မဖြစ်နိုင်တာကို အတော်ပြောတတ်သာပဲ ဟု မှတ်ချက်ပေးသည်။ ကျွန်ုပ်လည်း လုံးဝမဖြစ်နိုင်သည့် စိတ်ကူးယဉ် ဆန်သော ဇာတ်လမ်းဟုသာ ထင်မြင်ခဲ့သည်။
ခြံစည်းရိုးတစ်ဘက် အိန္ဒိယသို့ ရောက်လာသောအခါတွင် ကျွန်ုပ်၏ အမြင်များ လုံးဝ ပြောင်းလဲသွားတော့သည်။ ဖုန်းကဒ်တစ်ခု မြန်မာနိုင်ငံတွင် သိန်းသုံးဆယ်၊ အိန္ဒိယမှာ အခမဲ့။ အော်.. ကွာခြင်းတိုင်း ကွာလွန်းလှ၏။ ဘီဘီစီ ဇာတ်လမ်း ဖြစ်နိုင်ပါပေ၏။ နောက်တွင် မြန်မာနိုင်ငံ၏ ဖုန်းကဒ် အကြောင်း မယုံကြသော သူငယ်ချင်းများက မေးလျှင် ကျွန်ုပ်မဖြေတော့။ ထိုအချိန်မျိုးတွင် တိုင်းပြည်ကို ချောက်ထဲကျခါနီး လက်တစ်ကမ်း အလိုမှာ ကယ်တင်လိုက်သည် ဆိုသော မောင်မင်းကြီးသားတို့ကိုသာ မေတ္တာပို့သဖြစ်တော့သည်။
မြန်မာနိုင်ငံသို့ ဖုန်းဆက်လျင်လည်း သည်းခံခြင်း ခန္တီပါရမီနှင့် ကြိုးစားခြင်း ၀ီရိယပါရမီတို့ကို မဖြစ်မနေ ဖြည့်ကြရသည်။ ပြောလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ တီ..ဟု အသံကြားပြီးကတဲက တစ်မိနစ်လျင် ယခင်က ကိုးရှုပီးခွဲ ယခု (၁၅) ရှုပီး ကုန်ကျသည်။ တစ်ခါတစ်ရံ မည်သည့်အသံမျှ မကြားရဘဲ ပေးလိုက်ရသေးသည်။ ထိုကြောင့် ဖုန်းဆက်လျင် ဘုရားတပြီး ဆက်ခဲ့ရသည်က အကြိမ်ကြိမ်ပင် ဖြစ်၏။ အင်တာနက်ဖြင့် ဖုန်းခေါ်လျင် ဈေးချိုစွာဖြင့် နိုင်ငံများစွာကို ခေါ်ဆိုနိုင်သည်။ ထိုင်းကို ခေါ်လျင် တစ်မိနစ်မှ နှစ်ရှုပီးခွဲမျှသာ။ သို့သော် ခေါ်ဆိုလို့ရသည့် နိုင်ငံများထဲတွင် ကမ္ဘာအပြင်ဘက်က မြန်မာမပါပေ။
ယခုတော့ မြန်မာနိုင်ငံသည် တိုးတက်ပြောင်းလဲလာစပြုပေပြီ။ ဖုန်းကဒ်များကို ငါးသိန်း၊ နှစ်သိန်း စသည်ဖြင့် တဖြေးဖြေး ဈေးချလာရာ ဧပြီလတွင် နှစ်သောင်းဖြင့် ရောင်ချတော့မည်ဟု သိရသည်။ ယခုကိုင်နေကြသော နှစ်သိန်းတန် ကဒ်များ လိုင်းမကောင်းဟု သိရသည်။ ကျပ်နှစ်သောင်းကိုတော့ စောင့်ကြည့်ရပေအုံးမည်။
ယခင်နှစ်များတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ငါးထောင်ကျပ်ဖြင့် ဖုန်းကဒ်များ ချပေးမည်ကို ဆက်သွယ်ရေး ၀န်ကြီးက မဖြစ်နိုင်ဟု ဆိုကာ ငြင်းပယ်လိုက်သည်ကို ဖတ်လိုက်ရသည်။ ကျွန်ုပ်ကတော့ ထိုလူကြီးဆိုသူကို ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျောဟုသာ ခင်လိုင် လေသံဖြင့် ပြောလိုက်ချင်သည်။ ဆင်းကာ့ဒ် တစ်ကဒ်၏ တန်ဘိုးအမှန်ကို ထိုလူကြီးတို့ ဖုံးကွယ်ထားဆဲ ဖြစ်သည်။
ဖုန်းတစ်လုံး၏ ဆက်သွယ်ရေး အကျိုးကျေးဇူးမှာ များပြားလှသည်။ ကျွန်ုတို့တွင် ဖုန်းမရှိသဖြင့် မကုန်သင့်သည့် အချိန်တွေ များစွာကုန်ကြရသည်။ ကိစ္စရှိ၍ ပြောလိုပါက ကိုယ်တိုင်သွားကာ ပြောကြရသည်။ ခရီးသွားလျှင် မည်သည့်အချိန် ရောက်မည်မသိ ခန့်မှန့်ကာ စောင့်ကြိုကြရသည်။ ဖုန်းမရှိခြင်းကြောင့် အချိန်များစွာ၊ အခွင့်အရေး များစွာတို့ကို ဖြုန်းတီးကြရပေသည်။
ကျွန်ုပ်မှာ နေက္ခမ္မ တွင် ပျော်သင့်သည့်ဘ၀၀ယ် မပျော်နိုင်သေးသဖြင့် လောကီ အရာဝတ္ထုလေးတို့ကို လိုလားစွာ ဖက်တွယ်ထားဆဲဖြစ်သည်။ ကြားဖူးသော ဓမ္မဂဝေသီ ကိုရီးယား ရဟန်းတော်တစ်ပါးကတော့ တော်ပေါ်တက်ကာ မျက်စိမှိတ်ပြီး လက်ကိုင်ဖုန်းကို ချောက်ထဲ လွင့်ပြစ်လိုက်၏။ ပြီးမှ ပရိဗောဓတို့ကို ဖြတ်တောက်ကာ တရားရှာတော့သည် ဟူ၏။
ကျွန်ုပ်ဘ၀သည်ကား ထိုရဟန်းတော်နှင့် အခြားတစ်ဘက်တွင် ရှိနေသေးသည်။ မည်သည့်အချိန်တွင် ထိုကဲ့သို့သောဘ၀မျိုး ဖြစ်လာမည့်ကို မသိသေးပေ။ အားကျသလိုတော့ ရှိပါ၏။ ယခုတော့ အပြင်ထွတ်လျှင်မူ ဖုန်းမပါက တစ်ခုခု လိုနေသလို ဖြစ်နေပေ၏။
သိမ်မွေ့ဦး(BHU)
(15.03.13)
No comments:
Post a Comment