တချို့ ပညာရှင်များက ယနေ့ခေတ်ကို “စစ်အေးခေတ်”ဟု ခေါ်ကြ၏။ စစ်အေးခေတ်ဆိုတာ “ အေးအေးလေးနဲ့ တိုက်နေတဲ့ခေတ်”ဟု အဓိပ္ပါယ် ဖွင့်ဆိုချင်တော့သည်။
မှန်၏။ သေနတ်ကိုင်ပြီးတိုက်မှ “စစ်” မဟုတ်ပေ။ စီးပွားရေးအရလည်း အသာစီးရအောင် ကလိန်ကကျစ် လုပ်ကြ၏။ ပိုက်ဆံချမ်းသာမှ မြေနေရာကို ချုပ်ကိုင်နိုင်မည် မဟုတ်ပါလော။
ဆူးလေဘုရားနားမှာ နေကြသည့်သူများကို ကြည့်လိုက်ပါ။ ဘယ်ဘာသာဝင် တွေပါလဲ။ ဒါက စီးပွားရေး စစ်ခင်းခြင်း ပင်။
လူမျိုးရေးအရလည်း အသာစီးရအောင် လူဦးရေပေါက်ဖွားနှုန်း ကြီးထွားလာအောင် ကြိုးစားနေကြ၏။ “ ရေများရေနိုင် မီးများ မီးနိုင်” ဆိုသကဲ့သို့ ကိုယ့်လူမျိုးများမှ အခြားလူမျိုးများကို ၀ါးမျိုနိုင်မည် မဟုတ်ပါလော။ ဒါကတော့ လူဦးရေဖြင့် စစ်ခင်းခြင်းပင်။
ဘာသာရေးအရလည်း အသာစီးရအောင် ဗုဒ္ဓဘာသာဝင်များကို လွှမ်းမိုးဖို့ကြိုးစားနေ၏။ ၁၈၂၆-ခုနှစ် မတိုင်မီက ရန်ကုန်မြို့မှာ “ဗလီ” တစ်လုံးမှ မရှိပါ။ ယခုတော့ ဗလီများ မရေတွက်နိုင်တော့ပေ။ ဒါကိုမှ “စစ်ပွဲ” မခေါ်ရင် ဘယ်ဟာကို “စစ်ပွဲ” ခေါ်မှာလဲ။ အေးအေးလေးနဲ့ တိုက်နေသည့် အတွက် “စစ်အေးခေတ်”။
စစ်အေးပဲ ဆိုဆို၊ စစ်ပူပဲ ပြောပြော ခံနေရတာကတော့ မြန်မာ့တိုင်းရင်းသား လူထုပင် ဖြစ်ပေသည်။ ဒီကြားထဲ ကိုယ့်အချင်းချင်း ငြင်းခုံကြ၊ အာဏာလုကြ ၊ ဖြစ်နေကြတော့ ဘာသာခြားတို့အတွက် “စားကျက်” ဖြစ် သွားတော့သည်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ ရခိုင်ပဋိပက္ခကို ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်း သားများ ကိုယ့်အိမ် ကိုယ့်ယာ၌ အေးအေးလူလူ မနေကြရပေ။ ဘာသာခြားလူမျိုးခြားများ၏ နှောင့်ယှက်မှုကို ခံနေကြရ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအချင်းချင်း ညီညွတ်ဖို့ အရေးကြီးလှပေသည်။
ရှမ်းက တစ်မျိုး၊ မွန်ကတဖုံ၊ ရခိုင်က တခြား၊ ဗမာက တစ်စု ဒီလိုသာ ဖြစ်နေကြရင် ဘာသာခြားများ၏ ၀ါးမျိုမှုကို ခံရပေမည်။
ဒီလိုအရေးကြီးပါလျက် အသိဥာဏ်နုနယ်သည့် တချို့ဗုဒ္ဓဘာသာဝင် မြန်မာ့တိုင်းရင်းသူလေးများသည် အယူဝါဒ မတူညီသည့် ဘာသာခြားများနဲ့ ပေါင်းသင်းဆက်ဆံကြ၏။ စီးပွားရေး အတူတူလုပ်ကြ၏။ ထိုသို့ရောယှက်သဖြင့် “အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိ” ဆိုသကဲ့သို့ ဘာသာခြားတို့နှင့် အိမ်ထောင်ပြုသွား၏။
ဒါ့အပြင် မိဘအမွေကို ရလိုစိတ်ဖြင့် မိဘကို တရားစွဲကြ ပြန်သတဲ့။ ဒီလိုမိုက်မဲမှု ကို လက်ပိုက်ကြည့်နေရတော့မည်လော။
လူတိုင်းသည် မသိနားမလည်သည့်သူကို နားလည်တတ်သိအောင် ပြောရမည့်တာဝန်ရှိပေသည်။
ထို့ကြောင့် သာသနာအရေးကို ကြောင့်ကြမဲ့ မနေလိုကြသည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ဗုဒ္ဓဘာသာဝင်အချင်းချင်း အလုပ်အတူတူလုပ်ဖို့၊ စိတ်တူကိုယ်တူနေကြဖို့ ၊ သာသနာ၏အမှတ်တံဆိပ် “၉၆၉”တံဆိပ်ကို ဆိုင်းဘုတ်များတွင် ထည့်ရေးကြဖို့၊ ယင်းအမှတ် တံဆိပ်ဆိုင်မှာသာ ဈေးဝယ် ကြဖို့ နှိုးဆော်လျက် ရှိပေသည်။
ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရည်ညွန်းသော “၉၆၉”တံဆိပ်ကို အသုံးပြုလျှင် ရတနာသုံးပါးဂုဏ်ကို အောက်မေ့သတိရသည့်အတွက် အနုဿတိ ဘာဝနာကုသိုလ်ဖြစ်၍ နေပေသည်။
ဈေးဝယ်တိုင်း ကုသိုလ်ရအောင် နှိုးဆော် တိုက်တွန်းထားခြင်းဖြစ်ပေသည်။
မြန်မာ့တိုင်းရင်းသားတိုင်း လိုက်နာကျင့်သုံးအပ်ပေစွာ့။
မဟာမြတ်မုနိဘုရားကြီးကတော့ “၉၆၉” တံဆိပ်အောက်မှာ ရဟန်းရှင်လူ တိုင်းသာပြည်သူများ ညီညွတ်စွာနေကြသည်ကို တွေ့မြင်တော်မူလျှင် “ငါ့သားတော် သမီးတော်များ တော်လှပေစွတကား”ဟု ဦးခေါင်းတော်ငြိမ့်နေပေလိမ့်မည်။
မင်းကွန်းဆရာတော် ကြီးကလည်း ဗုဒ္ဓဘာသာဝင်ဆိုင်ကသာ ဈေးဝယ်ဖို့၊ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ရောင်းဝယ်ဖောက်ကားဖို့ ညွှန်ကြားခဲ့ပါသည်။
ထိုသို့မိန့်တော်မူခြင်းမှာလည်း ဘာသာခြားတွေကို မေတ္တာမရှိလို့ မဟုတ်ပါ။
ကိုယ့်လူမျိုးများသည် အခြားလူမျိုးများနဲ့ ရောယှက်ပြီး အမျိုးပျက်သွားမည် စိုးသော ကြောင့် ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခြင်းသည် ဘုရားမြတ်စွာ ချီးမွမ်းတော်မူသည့်အလုပ် ဖြစ်သည် မဟုတ်ပါလော။
ထို့အပြင် ဘုရားမြတ်စွာက ရှင်လူအများကို အချင်းချင်း ပြဿနာမဖြစ်အောင် နေကြဖို့ မိန့်မှာတော်မူခဲ့၏။ (၀ိဝါဒံ ဘယတော ဒိသွာ)။
ဘာ့ကြောင့်နည်း။ “သမဂ္ဂါနံ တပေါ သုခေါ”ဆိုသည့်အတိုင်း ညီညွတ်မှ အောင်မြင်ကြီးပွားမည် မဟုတ်ပါလော။ ညီညွတ်မှုဆိုသည်မှာ အများအားဖြင့် အယူအဆ၊ အပြုအမူ တူညီမှုအပေါ်မှာ အခြေခံထား၏။ အယူအဆမတူညီလျှင် စိတ်တူကိုယ်တူ အလုပ် မလုပ်နိုင်တော့ပေ။ စိတ်တူကိုယ်တူ အလုပ်မလုပ်နိုင်လျှင် ညီညွတ်မှုဆိုသည်မှာ ရဖို့ ခဲယဉ်းသွားပေတော့သည်။
မှန်၏။ မိမိတို့ သံဃာများသည် ဘာသာခြားခေါင်းဆောင်များကို
မေတ္တာထားနိုင်သော်လည်း သူတို့နှင့် အတူနေ အတူစားလို့ မဖြစ်ပေ။ ဘာ့ကြောင့်နည်း။ အယူဝါဒ မတူညီသောကြောင့်တည်း။
“သံဃာ”ဆိုသည်မှာ အယူဝါဒ၊ သီလ တူညီသည့် အဖွဲ့အစည်း ဖြစ်သည် မဟုတ်ပါလော။ မေတ္တာက မေတ္တာတကဏ္ဍ၊ ပေါင်းသင်းဆက်ဆံရေးက ပေါင်းသင်းဆက်ဆံရေး တစ်ကဏ္ဍဖြစ်သည်။ ထိုကဏ္ဍ ၂-ခုရောယှက်လို့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပါ။ ရောယှက်လိုက်လျှင်လည်း “ရဟန်းသံဃာ”ဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ပေ။
သာဝတ္ထိမြို့၌ အယူဝါဒဖောက်ပြန်နေတဲ့ ကိုရင်တစ်ပါးရှိခဲ့ဖူး၏။ ဘွဲ့နာမည်က “အရိဋ္ဌ”။ သာသနာကို တန်ဖိုးထားသည့် ဓမ္မ၀ါဒီရဟန်းတော်များက အရိဋ္ဌကို “မိစ္ဆာဒိဋ္ဌိ” စွန့်ဖို့ရန်အတွက် အမျိုးမျိုးဆုံးမကြ၏။
သို့သော် အရိဋ္ဌသည် လက်မခံပါ။ ဒီလိုဖြစ်နေတာကို သိပါလျက် ရဟန်း ၆-ပါးကော်မတီက အရိဋ္ဌနှင့် အတူနေအတူထိုင် အတူစားကြ၏။ ထို့ကြောင့် ဘုရားမြတ်စွာက “ရဟန်းတော်များသည် အယူဝါဒ မတူညီသည့်သူ (မိစ္ဆာဒိဋ္ဌိ)များနှင့် အတူတူ မနေသင့်၊ မစားသင့်ကြောင်း၊ အတူနေ အတူစားလျှင် (အာမိသသမ္ဘောဂ၊ ဓမ္မသမ္ဘောဂပြုလုပ်လျှင်) အပြစ်ရှိကြောင်း” အတိအလင်း မိန့်မှာတော်မူခဲ့ပါသည်။
အထက်ပါဖြစ်စဉ်ကို ကြည့်ပါက ဗုဒ္ဓသာသနာကိုချစ်မြတ်နိုးသည့်စိတ်ဖြင့် “အယူဝါဒတူညီသည့် မိမိတို့ ဗုဒ္ဓဘာသာဝင် အချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်း၊ ရောင်းဝယ် ဖောက်ကား စီးပွားရေးလုပ်ခြင်းသည် မြတ်ဗုဒ္ဓ၏ အလိုတော်နဲ့ ကိုက်ညီပါကြောင်း၊ ၉၆၉-မှာ ဈေးဝယ်ခြင်းသည် ကုသိုလ်လည်းရ၊ ၀မ်းလည်းဝသည့် အလုပ်ဖြစ်ပါကြောင်း” တင်ပြလိုက်ရပါသည်။
သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ
No comments:
Post a Comment