ဖန်မီးအိမ်
xဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်၊နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည် မဟုတ်ပါ။
Xဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊လရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ခရီးနှင်သည့်
သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။
Xဖန်မီးအိမ်သည်
မငြိမ်မသက်၊စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရှု၊ လျှောက်လာသူကို
အားကူမျှသာ၊ထွန်းမည်တည်း။
Xသူ့အဆင့်သည်
နေမင်းပမာ၊သော်တာအလား
မ၀င့်ငြားလည်း၊သူ့အား သူ့မာန်
သူ့ပိုင်ဟန်ဖြင့်၊ သူ့သန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား….။ ။
(တင်မိုး)
No comments:
Post a Comment