သွေးမြစ်
စိတ်မပျက်နဲ့ လိပ်ယက်တာနဲ့ ကမ်းမပြိုဘူးတဲ့
စိတ်မပျက်နဲ့ လိပ်ယက်တာနဲ့ ကမ်းမပြိုဘူးတဲ့
ဘာထူးလဲ အခု
လူရူးတွေယက်လို့
လမ်းမထက်မှာ သွေးပွက်တွေလဲ မြစ်ဖြစ်ပြီ
မြစ်ချောင်းတွေလဲ သွေးထွက်ပြီ
ץ
မျိုးမစစ် သွေးတစ်စက်က
ကူးဆက်ပျံ့နှံ့ လိုက်တဲ့ ဖြစ်ခြင်း
အဟုန်ပြင်းပြင်း စီးဆင်းနေပုံများ
ဧရာဝတီလား ?
အာဏာဝတီလား ?
ץ
အတိတ်ခြေရာ အပိုင်းအဖျက်တွေက ကမ်းစပ်တွေကို ပြောတယ်
“ ဆူဆူပူပူ လုပ်လို့ကတော့ ဧရာဝတီပျက်ပြီသာ မှတ်ပေတော့”တဲ့
ထပ်ရက်စက်ဖို့များ သုတေသနတွေ လုပ်ထားရော့လား
ဇာတ်ခုံပေါ်မင်းသားလုပ်တာလဲ ကြာပြီ
အခင်းအကျင်းက ဘီလူးသိုင်းနင်းတုံးပဲ
ဒီလိုနဲ့ ……
ငိုချင်းတွေနဲ့ပဲ ဇာတ်သိမ်းရပြန်တယ်
ץ
တစ်ယောက်က “မီးကြွင်းတစ မြင်ရဖို့ ဧရာဝတီ ငြိမ်စေ”တဲ့
တစ်သန်းက “ မီးမလင်းရင်နေ ဧရာဝတီ စီးစေ” တဲ့
ဆန့်ကျင်ခြင်း အတ္တကုန်းပေါ်မှာ
သောင်တင်ဆဲ ဖောင်တော်ကို မန်းမှုတ်နေပုံများ
လိပ်ထွက်တာတောင် ခေါင်းမပြူဝံ့ပါ အလောင်စည်သူ
မြစ်ကို ကျောက်ချလိုက်တော့ ဂန္ထ၀င် တေးမြစ်က သွေးမြစ်ဖြစ်ပြီ….
ရှင်နိုဘယ်
No comments:
Post a Comment