ရှု့မငြီး
အပူမီးနဲ့
သူ့ကိုယ်
အလှူကြီး ပေးခဲ့သလို
မျက်ရည်ယို လောင်ကျွမ်း ……
ရှောင်မလွမ်းသာ
အလင်းဖြာ ဝင်းစွာကူစေဖို့
အပူကျွမ်းကာ ခန္ဓာကြွေရတယ်
ငွေ့ရည် ပျံခန်း ……..
မှန်းမသာနိုင်
စိတ်ခိုင်ခိုင် ဖယောင်းတိုင်ငယ်ကဖြင့်
မမှိတ်မယိုင် အလင်းပြိုင်ကာတောက်ပါပေါ့
ဖိတ်လှိုင်လှိုင် အရည်ဖြိုင်ဖြိုင်နဲ့
ပန်းတိုင်ကို လှမ်းကိုင်ရင်းကြွေရရှာ
ဖြေသာစိတ်စွမ်း ………
ဘိုရဲ (၂၂၊၂၊၁၄ )
No comments:
Post a Comment