ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

23/11/2012

ရိုးသားဖြောင့်မတ်ခြင်းဖြင့် ဘ၀ကို ဂုဏ်ယူပါ..။

1. စီးဆင်း ရင်ခွင် | 11/23/2012 | 2. 3. 4. 5. 6. Best Blogger Tips
      ရိုးသားခြင်း ၊ဖြောင့်မတ်ခြင်း၊ တည့်မတ်ခြင်းဆိုတာဟာ လူတစ်ယောက် ရဲ့ တန်ဖိုးဖြစ်တယ်။ ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားရမယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ရိုးသားဖြောင့်မတ်တဲ့ ဂုဏ် ကို ရှေ့တန်းတင်ကြရမယ်။

        ဂုဏ်သတင်းကျော်စောမှုဆိုတာ ကိုယ်က လိုချင်ပြီး အတင်းလိုက်လို့ ရလေ့ရှိတဲ့ အရာမဟုတ်ပါဘူး။ အရိပ်လို လိုက်လေ ပြေးလေပါပဲ။  


         တကယ်တော့ ... ကျော်စောမှုဂုဏ်သတင်းဆိုတာ ပန်းဥယျာဉ်ထဲမှာ ပျံသန်း ကျက်စားနေတဲ့ လိပ်ပြာလေးတွေလိုပဲ ပန်းဥယျာဉ်မှာ ပန်းစုံ၊ အနံ့စုံရင် သူတို့ အလိုလိုလာပြီး ပျော်ကြတာပါပဲ။ လိပ်ပြာလေးတွေကို အတင်းလိုက်ဖမ်းလို့ အကျိုးမရှိပါဘူး။ ဒီလိုလှပတဲ့ လိပ်ပြာလေးတွေကို ကိုယ်ပိုင်ဖြစ်အောင်ဆိုပြီး အတင်း ပိုက်နဲ့ ဖမ်း၊ ပင်အပ်နဲ့ထိုးပြီး စက္ကူနဲ့ကပ်၊ မှန်သေတ္တာထဲ ထည့်ထားပြန်တော့လည်း ပန်းပွင့်ပ်ါမှာ ပျံသန်းနေသလို နှစ်လိုဖွယ်ရာ မဖြစ်တော့ပါဘူး။ ဒီတော့ ပန်းခြံထဲမှာ ပန်းမျိုးစုံစိုက်ထားရင် လိပ်ပြာလေးတွေဟာ တစ်သုတ် ပြီး တစ်သုတ် မပြတ်လာကာ ပျံသန်းမြူးတူးပြီး ဥယျာဉ်ရဲ့ အလှကျက်သရေကို တိုး စေမှာအမှန်ပါပဲ။ 

        ကျော်စောမှုဆိုတာကလည်း ဒီလိုပါပဲ ။ လိပ်ပြာလေးတွေ ပျော်စေတဲ့ ပန်းမန် စိုက် ပျိုးသလို ကိုယ့်ရဲ့ အရည်အချင်းတွေကို အမြဲတိုးတက်နေအောင် ရိုးရိုးသားသားနဲ့ ကြိုးပမ်းအားထုတ်နေရင် ကျော်စောမှုက ပန်းလိပ်ပြာဝဲသလို အမြဲရှိနေမှာပါပဲ ။ 

     ဒါပေမဲ့ ... ကျော်စောမှု ရှာဖွေတဲ့နေရာမှာ ရိုးသားဖြောင့်မတ်တဲ့နည်းနဲ့ ရှာဖွေဖို့တော့ လိုအပ်ပါတယ်။ ကိုယ့် ပညာအရည်အချင်းကို မှီပြီး ရအောင် ကြိုးပမ်းရတာကတော့ မြန် လည်းမမြန်ဘူး ၊ သက်သက် သာသာနဲ့လည်း ဘယ်တော့မှ ရလေ့မရှိဘူး ။ 

     ဘယ် အရာပဲဖြစ်ဖြစ် အထက်ကို ဆန်တက်ရရင် ခက်ခဲလေ့ရှိတာ သဘာဝပါ၊ ဂုဏ်သတင်း ကျော်စောမှုတစ်ခု ရဖို့ အတွက် မရိုးသားတဲ့ စိတ်နေစိတ်ထားနဲ့ ဖြတ်လမ်းနည်းကို အ သုံး မပြုဖို့ အရေးကြီးပါတယ်။

                                                                  (ဆရာမကြီး ဒေါ်ခင်မျိုးချစ်)

1 comment:

  1. လာလည်ရင်းစာတွေဖတ်သွားပါတယ်ဘုရား

    ReplyDelete