ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/12/2011

မဇ္ဈိမရင်ခွင် ခရီးတို လှည့်လည်ခြင်း ( ၄ )

1. စီးဆင်း ရင်ခွင် | 12/28/2011 | 2. 3. 4. 5. 6. Best Blogger Tips


    ဒီဇင်ဘာ ( ၁၆ ) ရက်နေ့တွင် မြန်မာသံရုံးသို့ ပါတ်စပို့ကိစ္စ သွားရောက်ကြသည်။ ဒီဇင်ဘာ ( ၁၃ ) ရက်နေ့က ဖောင်ဖြည့်ခဲ့ပြီးဖြစ်၍ သိပ်မကြာလောက်ဟု ထင်သည်။ သို့သော် သံရုံးရောက်သော အခါ တာဝန်ရှိ ဒေါ်အေးအေးသန်းက အလုပ်များနေသဖြင့် ခဏစောင့်ရန် ပြောပြီး စောင့်ဆိုင်းရာ နှစ်နာရီ နီးပါး ကြာခဲ့သည်။ ယင်းနောက် မိမိတို့ ကိုယ်ရေးအချက်အလက်များ E-Passport ပြောင်းရန်အတွက် စက်ထဲ ထည့်ပြီး ပြန်ခဲ့ကြရသည်။ လိုက်ပါပို့ကြသော အရှင်ဇဋိလ နှင့် အရှင်အာလောက တို့လဲ စောင့်ရတာ ကြာသဖြင့် ပျင်းကြသည်။

    သံရုံးက ပြန်လာသောအခါ မြေအောက်ရထားစီးပြီး နေရှုးပလေ့စ် သို့ ဆက်ကြသည်။ ဗာရာဏသီမှ လက်တော့ဗ် ဗထရီ နှင့် Hard-disk တစ်လုံး ၀ယ်ခိုင်းသဖြင့် ၀ယ်ကြသည်။ အရှင်ဝိမလလဲ ရှုပီး (၈၈၀၀)တန် ဓာတ်ပုံ ကင်မရာ တစ်လုံး ၀ယ်သည်။ အရှင်ဇဋိလာလင်္ကာရကလဲ ဒေါ်လာ နှစ်ရာ တန် ဗီဒိယို ရိုက်ကင်မရာ တစ်လုံးဝယ်ကြသည်။ မိမိကတော့ လက်အိပ်ပဲ ၀ယ်ဖြစ်ခဲ့သည်။ နေရှုးပလေ့စ် က ပြန်လာပြီး မြေအောက်ဈေးသို့ တစ်ခေါက်ဆက်ကြရပြန်သည်။ အရှင်အာလောက က အလုပ်ရှိသဖြင့် အိမ်ပြန်သွားပြီး အရှင်ဇဋိလ က လိုက်ပို့သည်။ ဗာရာဏသီမှ အရှင်ပ၀ရ က နံ့သာဖြူ ရေမွှေး မှာသဖြင့် သွားဝယ်ဖြစ်သည်။ အိမ်ပြန်ရောက်တော့ ညနေ ( ဂ )နာရီ ထိုးလေပြီ။ ရာသီဥတုကလဲ ဒီရက်အတွင်း ခိုက်ခိုက်တုန်အောင် အေးလှ၏။
     ဒီဇင်ဘာ ( ၁ရ) ရက်နေ့တွင် မိမိတို့ ဗာရာဏသီ သို့ ပြန်ကြမည်ဖြစ်သည်။ ရထားလက်မှတ်ကလဲ ခက်ခဲလှသည်။ ဗာရာဏသီကို ဖြတ်ခိုင်းရာလဲ အဆင်မပြေ။ ထိုကြောင့် ၀ိတ်တင်းလက်ခ် ဖြင့် အရှင်ကုမုဒ ကဖြတ်ပေးလိုက်သည်။ နံနက်ပိုင်း အရှင်ဇဋိလာလင်္ကာရ နေထိုင်ရာ အဆောင်သို့ သွားလည်ကြသည်။ နေ့ဆွမ်းကို တိဗက်တန် ဆိုင်မှာ စားဖြစ်သည်။ အရှင်ဝိမလ က လှူဒါန်းသည်။ နံနက် ၁၁ နာရီ မိနစ် ၄၀ ထွတ်ရမည့် ရထားသည် အချိန် နောက်ကြပြီး ညနေ ၆နာရီခွဲမှ ထွတ်ရသည်။ ဘူတာကို အရှင်ကုမုဒ ကပဲ လိုက်ပို့သည်။ နယူးဒေလီဘူတာထဲတွင် ပုရွတ်ဆိတ် များကဲ့သို့ ခရီးသည်များကြိတ်ကြိတ်တိုးလှသည်။ အခြား ရထားဖြတ်ရန် ကြိုးစားသော်လည်း ယနေ့အတွက် ဗာရာဏသီသို့ ရထားမရှိပေ။ ထို့ကြောင့် ကာရှိ ဟူသော ရထားဖြင့် ဗာရာဏသီ သို့ပြန်ခဲ့ရသည်။ ၁၂ နာရီခရီးကို ၂၃ နာရီ စီးရသည်။ ဒီဇင်ဘာ (၁၈ ) ရက်နေ့ ညနေ ၅ နာရီတွင် ဗာရာဏသီ သို့ ရောက်ရှိသည်။ မိမိလဲ BHU တက္ကသိုလ် သို့ ပြန်ခဲ့ပြီး အရှင်ဝိမလလဲ ဆန်စကရိတ် တက္ကသိုလ် သူ့အဆောင်သို့ ပြန်သွားသည်။ ရာသီဥတုကလဲ ခိုက်ခိုက်တုန်အောင် အေးလှသည်။ အခန်း ပြန်ရောက်တော့ မီးလှုံပြီး အိပ်ရာဝင်ခဲ့သည်။ ဤသို့ဖြင့် မဇ္ဈိမရင်ခွင် ခရီးတို လှည့်လှည်ခြင်း လဲ ပြီးဆုံးခဲ့သည်။ သိပ်မကြာလောက်ဟု ထင်ခဲ့သော ခရီးသည် တိတိကျဆိုရလျှင် ( ၁၀ ) ရက် ကြာခဲ့ပေသည်။


                                             သိမ်မွေ့ဦး (BHU)


No comments:

Post a Comment