08/05/2013

လွမ်းလို့မဆုံး ရွှေကြိမ်လုံး

ဆရာ့ထံပါး
 မြဲခစား၍
 ဒို့များစာပေ 
သင်လေတုန်းက
တဖုန်းဖုန်းရိုက်
ကြိမ်လုံးမိုက်ကို
အူလှိုက် သဲလှိုက် မုန်းမိတယ်..။


ဆရာနှင့်ဝေး
ကြိမ်လေးနှင့်ကွာ
လူ့ရွာလူမြေ
ကိုယ့်ခြေကိုယ်ရပ်
ကိုယ့်ဇာတ်ကိုယ်ခင်း
ကိုယ့်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ
ကြီးလှမေတ္တာ
မြတ်ဆရာနှင့်
ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို
မဆုံးနေ့ရက်
လွမ်းမိတယ်....။


ကိုရင်ရွှေဗျိုင်း

  

No comments:

Post a Comment