19/11/2012

"ဗာရာဏသီ အလွမ်း"

ဘွားဘွားက
ကွမ်းနံ့ ထုံသင်း အာခံတွင်းနဲ့ 
 ပုံခင်းပြောပြ။

ကျွန်တော်က
 ကျောကအဖု တဖုနှစ်ဖု
အဖုထိုးပေး။

 ဗာရာဏသီအစချီလို့ 
 ဗြဟ္မာဒတ္တဘုရင် တင်မြှောက်မြဲပင်။


ဘီစီ အေဒီ 
ဘယ်ခေတ်ဆီကလဲ။ 

ဗာရာဏသီ 
ခုဘယ်ပြည်နေရာလဲ။ 

 ဗြဟ္မာဒတ္တဘုရင် 
နန်းစဉ်နန်းဆက်တွက်နိုင်ကြလား။

 မနုဿလူမှု သမိုင်းပြုသူ 
သုတေသီတို့  လိုက်လို့ မမီ 
ဘွားဘွားတည်တဲ့ ထိုတိုင်းပြည်။ ။ 
                 မောင်အောင်ပွင့်

No comments:

Post a Comment