27/07/2015

သူတို့ချစ်တဲ့ မြန်မာပြည်

          လောကကြီးမှာ မရသေးတဲ့ဂုဏ် ရရှိအောင် ကြိုးစားရတာထက် ရရှိပြီးသားဂုဏ်ကို ထိန်းသိမ်းဖို့က သာခက်တယ်။

      In this word it is more difficult to keep one’s prestige than to achieve it. 
(မဟာဂန္ဓာရုံဆရာတော်ဗရားကြီး)

24/07/2015

စီးဆင်းနေသော စမ်းချောင်းကလေး

         ရွာအနီးက စမ်းချောင်းကလေးသည် တသွင်သွင် စီးဆင်းလျက်ရှိသည်။ စမ်းချောင်းကလေးမှ ရေသည် ကြည်လင်သည်၊ အေးမြသည်၊ လတ်ဆတ်သည်၊ သန့်ရှင်းသည်။ အမြဲစီးဆင်း နေသောကြောင့် ညစ်ကြေးကင်းကာ စင်ကြယ်နေ၏။ ကြည်လင်လှသော စမ်းချောင်းကလေးအတွင်း မျိုးမည်စုံသော ငါးငယ်လေးတို့သည် ဟိုဒဟို သွားလာကျက်စားနေကြသည်။ ထို့အပြင် ချောင်းကလေး၏ ကြမ်းပြင်မှ အဖြူရောင် အမဲရောင် ကျောက်စရစ်ခဲလေးတို့ကို တိုးရှိုးပေါက် မြင်တွေ့နိုင်သည်။

20/07/2015

ဆုံခွင့်မရတဲ့ အိပ်မက်များ

          သူ့ဘ၀တွင် အိပ်မက်များစွာကို မက်ခဲ့ဘူးသည်။ ထိုအိပ်မက်တို့သည် ပျော်ရွှင် ကြည်နူးခြင်း၊ ပျင်းရိ ရှုပ်ထွေးခြင်း၊ ရင်ခုံချောက်ခြားခြင်း၊ ထိန့်လန့် တုန်လှုပ်ခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ လက်တွေ့ကျခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်း၊ ငြိမ်းချမ်းအေးမြခြင်း စသည်ဖြင့် ရသတို့ စုံလင်လှသည်။ 

16/07/2015

အဉ္ဇလီဖြင့် နှုတ်ဆက်ခြင်း


         အော်.. ရှစ်နှစ်တောင် ရှိခဲ့ပြီပဲ။ 

       သူ ဒေါက်တာဘွဲ့ ယူခဲ့သည့်ရက်က မဇ္ဈိမမှာ ကုန်လွန်ခဲ့သည့်အချိန်တို့ကို ပြန်လည်ရေ တွက်မိသည်။ ရှစ်နှစ်နီးပါး ရှိခဲ့ပြီ။ ငါးနှစ်ဟုခန့်မှန်းပြီး အိန္ဒိယကို ထွတ်လာခဲ့သည်။ တကယ်နေခဲ့ရသည်က ရှစ်နှစ်ပြည့်လုနီးပါး။ အချိန်တွေ ငွေတွေ အရွယ်တွေ စသည် စသည် ပေးဆပ်ခဲ့ရမှု များစွာ.. များစွာ..။  

28/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၂ )

           နေ့လည်စာပြီးနောက် ဗီယန်ကျင်းမှ အနည်းငယ်ဝေးသောအရပ် မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသော ဗုဒ္ဓပန်းခြံသို့ သွားရောက်ခဲ့ကြသည်။ ပန်းခြံကို အနုပညာအင်ဂျင်နီယာ MR. Bounleua က တည်ဆောက်ခဲ့သည်။ ပန်းခြံအတွင်းတွင် လျောင်းတော်မူ မြတ်ဗုဒ္ဓဆင်းတုတော်ကြီး၊ ဘုရားရှင်၏သမိုင်း၊ ဟိန္ဒူသမိုင်းရုပ်တုတို့ကို ထုဆစ်ကာ ပုံဖော်ခဲ့သည်။ ပန်းခြံမပြီးခင် အင်ဂျင်နီယားဆုံးခဲ့သဖြင့် ပန်းခြံမပြီးခဲ့ပေ။ ပန်းခြံကို ကြိုးစားကာပြုလုပ်သဖြင့် ပင်ပန်းသော ဒဏ်ကြောင့် ဆုံးသည်ဟု ဆိုစမှတ်ပြုကြ၏။ သူသည် မြစ်တစ်ဘက်ကမ်း ထိုင်းနိုင်ငံ၊ နောင်ခိုင်းမြို့ (Nongkhai)တွင် Keoku park အမည်ဖြင့် ပန်းခြံကို ဦးစွာ ဖန်တီးတည်ဆောက်ခဲ့၏။ ယင်းပန်းခြံကား ပြီးစီးခဲ့သည်။

27/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၁ )


        ၂၀၁၄-ခု၊ ဇွန်လ (၁၀)ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းသို့ အလည်ရောက်ခဲ့သည်။ မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသည့် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သည်။ လာအိုနိုင်ငံသည် ပြည်နယ် (၁၇)နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၆)သန်း နေထိုင်သည်။ တစ်နိုင်ငံလုံး သံဃာဦးရေ (၂၄၇၄)ပါး ရှိသည်။ နူးညံ့အိစက်သော ကောင်းညှင်းပျော့ကိုသာ အမြဲစားသုံးကြပြီး လာအိုလူမျိုး အများစုမှာ ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်ဖြင့် ချောမောလှပကြသည်။ ကောင်းညှင်းကိုသာ စားသုံးလေ့ရှိသဖြင့် ကောင်ညှင်းဆန်က ဈေးချိုပြီး ရိုးရိုးဆန်က ဈေးကြီးသည်။

16/01/2015

ကမ္ဘောဒီယား ခရီးသွားမှတ်တမ်း (၂)

       ထို့နောက် အန်ကောနယ်မြေအတွင်း အဓိကကျောင်းဖြစ်သည့် ကမ္ဘာ့အံ့ဘွယ် နံပါတ် ၇-ဖြစ်သည့် အန်ကောဝတ်ကျောင်းတော်သို့ ၀င်ကြသည်၊ ကျယ်ဝန်းလှသော အန်ကောဝတ် ကျောင်းတော်ကြီးကို အပြင်မှ ရေကန်ကြီးတို့ဖြင့် ကျုံးခတ်ထား၏။ အတွင်းမှ နန်းမြို့ရိုးတံတိုင်းကဲ့သို့ စင်္ကြံဆောင်တို့ဖြင့် ကာရံထားသည်။ ယင်းစင်္ကြံဆောင်ကြီးတို့ကို ကျောက်တုံးတို့ဖြင့် သေသပ်ခိုင်မာစွာ ပြုလုပ်ထားပြီး ပန်းချီ ပန်းပု ကနုတ်လက်ရာမျိုးစုံဖြင့် ထုဆစ်ထားသည်။ အတွင်း၌ အန်ကောဝတ်ကျောင်းဆောင်ကို စင်္ကြံ နတ်လမ်းဆောင် နှစ်ဆင့်တို့ဖြင့် ထပ်မံကာ ကာရံထားပြန်၏။ ပတ်လည်ဝိုင်းထားသည့် အဆောင်တို့မှာ မြင့်မားသည့် ကျောက်တုံးဖြင့် တည်ဆောင်ထားသော နှစ်ထပ်အဆောင်တို့ဖြစ်၍ မြင်ရသူတို့ကို အံ့သြစေ၏။

14/01/2015

ကမ္ဘောဒီယားခရီးသွားမှတ်တမ်း (၁)

         ကမ္ဘောဒီယားနိုင်ငံသို့ အလည်သွားရန် စိတ်ကူးခဲ့သည်မှာ ကြာခဲ့လေပြီ။ အထူးသဖြင့် ကမ္ဘာကျော် အန်ကောဝတ်သို့ ရောက်ချင်မိသည်။ စိတ်ကူးများ ခုမှ အကောင်ထည်ပေါ်ခဲ့လေ၏။ ၂၀၁၄-ခု၊ ဇွန်လ (၁၇)ရက်နေ့ ၊ နံနက် ၂-နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ တဆင့် ထိုင်း၊ ကမ္ဘောဒီယားနယ်စပ်သို့ ထိုနေ့ နံနက် (၁၀)နာရီခွဲခန့်တွင် ရောက်ရှိလေ၏။ ထိုင်းဘက်တွင် အထူးသန့်ရှင်းလှပသော်လည်း ကမ္ဘောဒီယားဘက်ခြမ်းမှာ ညစ်ပတ်လှ၏။ စည်းကမ်းရှိမှု မရှိမှု၊ သန့်ရှင်းမှု မသန့်ရှင်းမှုတို့မှာ စည်းရိုးတစ်ဘက်ကို ဖြတ်ကျော်သည်နှင့် ပိုမိုထင်ရှား၏။ ကမ္ဘောဒီယား နယ်စပ်ဘက်ခြမ်းတွင် အလုပ်နားချိန် ဖဲရိုက်နေကြသော အလုပ်သမများ၊ များပြားလှသော ကာဆီနိုဝိုင်း အဆောက်အဦးကြီးတို့ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်ပြီး ကမ္ဘောဒီယား ဘက်ခြမ်း ဆိုင်တစ်ဆိုင် တွင် နေ့ဆွမ်းစားဖြစ်သည်။ 

07/01/2015

တုန်ယင်သောလက်များ

     လက်နှစ်စုံလုံး တုန်ယင်နေခဲ့သည်မှာ တူညီခဲ့ကြသည်။ ပေးလှူသူ၏လက်နှင့် အလှူခံသူ၏လက်၊ အဘွားအို၏လက်နှင့် ရဟန်းပျို၏လက်။ လက်တုန်ခါမှုခြင်း တူညီနေခဲ့ကြ သော်လည်း ခံစားချက်တို့ကတော့ တူညီမနေခဲ့ကြပေ။ ခံစားချက်ကိုယ်စီဖြင့် သူတို့လက်တွေ တုန်ခါနေခဲ့ကြ၏။  

04/01/2015

ထိုင်းမှတ်တမ်း (၃)

         ဇွန်လ(၁၅) ရက်၊ တနင်္ဂနွေနေ့တွင် ဗုဒ္ဓဘာသာဝင် ဂေါရခါးလူမျိုးတို့၏ မင်္ဂလာဆွမ်းကျွေး တစ်ခုသို့ ကြွဖြစ်သည်။ ဇွန်လ (၁၆) ရက်သည် တနင်္လာနေ့ဖြစ်၍ ကျောင်းဖွင့်သည်။ နံနက်စောစော၌ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် များအတွက် ကျောင်းကြို ဖယ်ရီဘတ်စ်ကားကြီး နှစ်စီးတို့က ၀ပ်တလုံးကျောင်းသို့ လာကြိုသည်။ ထိုကားကြီးဖြင့် မိမိသည်လည်း တက္ကသိုလ်သို့ အလည်လိုက်ခဲ့၏။ 

03/01/2015

ထိုင်းမှတ်တမ်း (၂)

                        ဇွန်လ (၉)ရက်နေ့တွင် လာအိုနိုင်ငံသို့ ခရီးဆက်သည်။ မဟာချူလာလောင်ကွန်တွင် BA တက်နေသော အရှင်သုဝဏ္ဏ(ယော)က မိမိ၏ ခရီးစဉ်အတွင်း လိုအပ်ရာရာ သုံးစွဲရန် ဘတ် (၁၅၀၀) လှူဒါန်း၏။ နေ့ခင်းပိုင်းတွင် ညီမောင်သြသဓက Morsith (Chatuchak) အမည်ရသော ဗန်ကောက် ပြည်တွင်း အဝေးပြေးဘတ်စ်ကားဂိတ်သို့ လိုက်ပို့သည်။ ထိုင်းနိုင်ငံအတွင်း သွားလိုသည့်မြို့တိုင်းသို့ ဤနေရာမှ လွယ်ကူစွာ သွားရောက်နိုင်သည်။ ကားဝင်းမှာ ကျယ်ဝန်းပြီး သေသပ်မှုရှိသည်။ သို့သော် နာမည်များကို ထိုင်းဘာသာဖြင့်သာ ရေးထားကြသဖြင့် ထိုင်းဘာသာမတတ်လျင် လက်မှတ် ဖြတ်ရန်ပင် ခက်ခဲ၏။