23/02/2014

ဖယောင်းတိုင်

ရှု့မငြီး
 အပူမီးနဲ့ 
သူ့ကိုယ် အလှူကြီး ပေးခဲ့သလို 
မျက်ရည်ယို လောင်ကျွမ်း …… 

20/02/2014

သစ်ပင်အို၏ ဝေဒနာ

နွေဂိမှာန် မာန်ဟုန်ပြောင်းလို့
 ဟောင်းရွက်ကယ် ညှာကြွေ ……..
 နှောင်းချက်ရယ် ဗျာပွေ
 လေရူးစွေ ရွက်ဝါတွေလွင့် 
အသွင်မတင့် ကိုင်းခြောက်ဆင့်တဲ့ 
ပင်မြင့်သဏ္ဍာန် အထီးကျန်စွ ………

01/02/2014

ပန်းပျိုးလက်သို့ လွမ်းဆွတ်ချိန်

         သူ လက်တစ်စုံကို အမုန်းကြီး မုန်းခဲ့သည်။ ထိုလက်တစ်စုံသည် မကြာခဏ သူ၏ နားရွက်ကို ဆွဲလိမ်သည်။ ဒေါက်ကနဲမြည်အောင် ခေါင်းကို ခေါက်သည်။ ကြိမ်လုံးသေးသေးလေး တစ်ချောင်းကို ကိုင်ကာ တစ်ရွှမ်းရွှမ်းမြည်အောင် ဆော်ပလော်တီးသည်။ လက်ညိုးတစ်ချောင်း ထောင်ပြ၍ အကြိမ်တစ်ရာ ထိုင်ထ လုပ်ခိုင်းသည်။ လက်ညိုးထိုး ညွှန်ပြ၍ ဒဏ်ထမ်းရန် ခိုင်းစေသည်။ ထိုလက်တစ်စုံသည် သူ့ဘ၀ကို အမျိုးမျိုး နှိက်စက်ခဲ့သည်။ သူလို လူငယ်တစ်ယောက်၏ လွတ်လပ်ခွင့်များကို လက်တစ်စုံက တင်းကြပ်စွာ ထိန်းချုပ်ခဲ့သည်။ သူ့ဘ၀၏ ရှင်သန်မှုများသည် လက်တစ်စုံ၏ ပုံစံခွက်ထဲ၌ အကျဉ်းကျခဲ့ရ၏။ 

                      ××××××××××××××××××××××××××××××