22/12/2013

မင်္ဂလာပါ မနက်ဖြန်

         ‘ နေမင်းကြီးဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး တို့ထံက ဘာတွေ ယူသွားပါလိမ့်’
    ‘အော် …. နေမင်းဟာ တို့ရွယ်ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား’ 

     ဘုရားအလောင်းနေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ ‘မနက်ဖန်မွေးနေ့ရောက်ပြီနော် စာလေး ဘာလေး ရေးဦးလေ’ ဟု အမတစ်ယောက်၏ တိုက်တွန်းသံ အဆုံးမှာပင်။ 
     ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာက စပြီး ရေတွက်လျှင် အလို .. နှစ်တ၀က်စာ မျှပင် ရှိနေပါပေါ့လား။