31/08/2013

ဘာမှ ယူမသွားပါ

       ဆယ်တန်းအောင်လို့ ပထမဘွဲ့ ကို ၅ နှစ်ကြာအောင် သင်ယူပြီးကတည်းက နောက်ထပ် စုစုပေါင်း ၉ နှစ်ကြာအောင် ပညာ သင်ယူခဲ့ရသော.... ကြိုးစား တည်ဆောက်ခဲ့ရသော ဘဝကို မြတ်နိုးမိခြင်းသည် အမှားတစ်ခု... ဘဝသံသရာ ရှည်စေသော... လမ်းကြောင်းတစ်ခု...၊ 

      ဘဝတဏှာ ..၊ ဘဝရဲ့အတ္တမာနနဲ့ ဘဝဒိဋ္ဌိကြိုးကို ပိုမို ခိုင်မာစေတဲ့ ကြိုးတစ်ချောင်းဆိုတာ ကျွန်မ အရင်က မသိခဲ့ပါ..။ ဝင့်ဝါလိုခြင်း မရှိသည့်တိုင် အသိအမှတ် ပြုတာလေးတော့ လိုချင်မိခဲ့ပါ တယ်..။ ဒါတွေ မလိုချင်ပါဘူး..အရေးမကြီးပါဘူးလို့ ကျွန်မက ပြောခဲ့ရင် ဒါဟာ ညာတာပဲဖြစ်ပါလိမ့်မယ်..။ ဘဝတဏှာ ရှိနေသေးတာ အထင်အရှားပေကိုး..။

24/08/2013

ဒီနေ့ တွေးမိတွေးရာ (၆)

       “နိုင်ငံခြားဆိုလို့ အထင်ကြီးပြီး ထွတ်လာမိပါတယ်။ ဒီရောက်တော့ ကိုယ့်ရွာထက်တောင် ပိုဆိုးနေသေး” 

        ဒီစကားကို အိန္ဒိယရောက်ခါစ ရှင်ငယ်တစ်ချို့ဆီက မကြာခဏ ကြားခဲ့ဘူးတယ်။ ဟုတ်တယ်လေ၊ ကိုယ်တို့လဲ အရင်က ဒီအတိုင်းပါပဲ။ မရောက်ဘူးခင်က အိန္ဒိယဆိုတာ အပျံစား ရုပ်ရှင်တွေထဲကလို မြို့ကြီးပြကြီး လှလှပပကြီးလို့ အထင်ကြီးခဲ့တာ...။ ရောက်လည်း ရောက်တော့ အသက်တောင် ဘယ်လို ၀၀ ရှုရမှန်း မသိတော့ဘူး။ ညစ်ပတ်လိုက်တာ ကန်းကုန်ပါရော.။ နှိုင်းပြစရာ ဥပမာတောင် မရှိလောက်ဘူး။ ဒါကြောင့် အရင်တုန်းကဆို စိတ်ဓာတ်ကို အတုံးလိုက်အတစ်လိုက် ကျခဲ့တာ။ နေသားကျသွား တော့လဲ အားလုံးအိုကေပါပဲ။

23/08/2013

မေတ္တာလွှမ်းတဲ့ မိဂဒါဝုန် နံနက်ခင်း

      မေတ္တာသည် အေးမျှခြင်း သဘောရှိ၍ သတ္တ၀ါတိုင်းအတွက် မရှိမဖြစ် လိုအပ်နေသော တရားပင် ဖြစ်၏။ မေတ္တာရှိသော ပတ်ဝန်းကျင်သည် အေးမျှ၏။ မေတ္တာဖြင့် လွှမ်းခြုံအပ်သော ကမ္ဘာသည် အမြဲပင် လုံခြုံနေမည်သာ ဖြစ်၏။ ထိုကြောင့် သတ္တ၀ါတိုင်းတို့သည် ကမ္ဘာကြီး ငြိမ်းချမ်း သာယာစေရန် မေတ္တာတရားကို မဖြစ်မနေ ပွားများကျင့်ကြံသင့်ကြပေ၏။ 

      ဘုရားရှင်တိုင်း ဓမ္မစကြာ တရားဦးဟောရာ မိဂဒါဝုန်သည် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ မဇ္ဈိမပဋိပဒါတရားသံတို့ဖြင့် နေ့စဉ်ပင် ပြန့်လွှင့်နေခဲ့ပေ၏။ ဗုဒ္ဓဘာသာ ဘုရားဖူးတို့သည် အမြဲပင် လာရောက်ဖူးမျှော်ကြကာ ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ကြသဖြင့် မိဂဒါဝုန်နှင့် မဇ္ဈိမပဋိပဒါသည် ကွဲခြားလို့မရအောင် ဒွန်တွဲ၍ နေခဲ့လေပြီ။ ထိုနေ့က မိဂဒါဝုန်တွင် ဓမ္မစကြာအပြင် မေတ္တာငွေ့တို့ပါ ထူးခြားစွာ ပြန့်လွင့်ခဲ့သည်။ ထိုကြောင့် မြေမြတ်မဟာတွင် စောက်ရှောက်ကြသည့် နတ်မြတ်နတ်ကောင်းအပေါင်းတို့သည် ပို၍ နှစ်သက်ကြလိမ့်မည် ထင်၏။

19/08/2013

ဆာဝန် ဟိန္ဒူပွဲတော်

             အိန္ဒိယနိုင်ငံတွင် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ပတ်သက်သော ပွဲတော်များစွာ ရှိပေ၏။ ထိုပွဲတော်များအနက် ဆာဝန်(sawan)ပွဲတော်သည် နာမည်ကြီး ပွဲတော်တစ်ခုဖြစ်သည်။ ထိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဟိန္ဒူဘာသာဝင်များက စိတ်အား ထက်သန်စွာ ပါဝင်ဆင်နွဲကြသည်။ ထိုပွဲတော်သည် ဟောလီးပွဲတော်ကဲ့သို့ အချင်းချင်း ရေလောင်းကြသည့် ပွဲမဟုတ်ဘဲ သျှီဝ နတ်ဘုရားကို ဂင်္ဂါမြစ်ရေဖြင့် လောင်း၍ ပူဇော်ရသည့် ပွဲဖြစ်၏။ ထိုကြောင့် ဟိန္ဒူဘာသာဝင်များ သက်ဝင် ယုံကြည်မှု ပြင်းထန်စွာ ပါဝင်ပူဇော်ကြသည်။

02/08/2013

နှာနှပ်မယူရစေနဲ့

      “မငတ်ခြောက်လ၊ ငတ်ခြောက်လ” ဟူသော စကားသည် အိန္ဒိယနေ အရှင်တို့အား ရယ်မောဖွယ်အဖြစ် အသုံးပြုနေကြသော စကားတစ်ခု ဖြစ်နေပေ၏။ တစ်နှစ် (၁၂)လ ရှိသည်တွင် ခြောက်လမှာ အစားအသောက်ရှားပါးပြီး ခြောက်လမှာ အစားအသောက် ပေါများသည်ဟု ဆိုလိုပေသည်။ မြန်မာပြည်မှ ဘုရားဖူးတို့သည် အိန္ဒိယသို့ များသောအားဖြင့် စက်တင်ဘာ ဒုတိယပတ်လောက်မှ စ၍ မတ်လကုန်ထိ လာရောက်လေ့ရှိကြသည်၊ ဘုရားဖူးတို့နှင့်အတူ အိန္ဒိယနေအရှင်တို့အတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊ လက်ဖက်၊ ခေါက်ဆွဲ၊ ကြာဆံ၊ ကော်ဖီမက်ထုပ် စသော မြန်မာ့လက်ရာ စားသောက်စရာ လှူဘွယ်တို့ကို ယူလာခဲ့ကြ၏။ ထိုကြောင့် အိန္ဒိယနေအရှင်တို့အား ဘုရားဖူးရာသီအချိန်ဆိုလျင် အစားအသောက်ပေါများပေ၏။ ရာသီကုန်လျင် အစားအသောက်ရှားပါး၏။