29/07/2013

ဒီနေ့ တွေးမိတွေးရာ (၅)

                                            မဟာဗောဓိမြိုင်ဆရာတော်ကြီး
     “ကိုရင်ရေ.. ငါကတော့ ခုချိန်ထိလဲ ပိဋကတ်စာပေတွေကို သင်ယူလေ့လာနေတုံး ဆိုတော့ အထူးအဆန်းတွေ လုပ်လာတာမြင်ရင် အထင်မကြီးတတ်ဘူး။ စာထဲပါတဲ့ ရဟန္တာတွေလဲ တစ်ပါးမှ အထူးအဆန်းထွင်ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့်လဲ အထူးအဆန်းတွေ လုပ်လာတဲ့သူဆိုရင် အထင်ကိုမကြီးတတ်တာ။ တကယ့် အစစ်အမှန်ဆိုရင်လဲ ဖူးလိုက်ရမှာ မဟုတ်ဘူး။”

22/07/2013

ဗာရာဏသီရောက် မြန်မာရဟန်းတော်များ စာတမ်းဖတ်ပွဲ

                    
၁၃၇၄-ခုနှစ်၊ နတ်တော်လဆန်း (၂)ရက်၊ (၁၅-၁၂-၁၂) စနေ့နေ့က ဗာရာဏသီရောက် မြန်မာပညာသင်ရဟန်းတော်များ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ စာတမ်းဖတ်ပွဲ ပုံရိပ်များပါ။ ကြည့်ရှုပြီး မုဒိတာပွားလို့ရအောင် တင်လိုက်ပါတယ်။

20/07/2013

အဖေရှိနေတဲ့ ဟိုက်ဒရာဘတ် (၂)

       ဇွန်လ(၇) ရက် ည ၁၁-နာရီခွဲ အချိန်တွင် Secunderabad ဘူတာသို့ ဆိုက်ရောက် သည်။ အငှားသုံးဘီးကား တစ်စီးငှားပြီး ဗာရာဏသီမှနေ၍ ကြိုတင်ဘွက်ကင် လုပ်ထားသော Hotel Harsha သို့ လာခဲ့၏။ ဟိုတယ်အခန်းခမှာ တစ်ရက်အတွက် ရှုပီး (၂၃၀၀) ကုန်ကျလေ၏။ ရထားခရီး ပင်ပန်းလာခဲ့သည်မို့ ရေမိုးချိုးကာ အနားယူလိုက်၏။ မနက်ပိုင်း နံနက်စာ စားပြီးမှ ကျွန်ုပ်တည်းခိုနေသည့် ဟိုတယ်မှာ မူစလင်ပိုင်ဟိုတယ်မှန်း သတိထားမိ၏။ ထိုကြောင့် ဟိုတယ်ပြောင်းတည်းရန် စီစဉ်၏။ 

    ဟိုက်ဒရာဘတ်(Hyderabad)မြို့သည် အန်ဒရာ ပရာဒေ့ရှ် (Andhra Pradesh) ပြည် နယ်၏ မြို့တော်ဖြစ်၏။ လူဦးရေ (၅၅၃၄၀၀၀) ယောက်ရှိပြီး အိန္ဒိယနိုင်ငံ၏ နံပါတ် (၆)ခုမြောက် အကြီးဆုံး မြို့တော်ဖြစ်သည်။ မြို့ကို Hyderabad နှင့် Secunderabad ဟု နှစ်မြို့ခွဲထား၏။ ခွဲထားခြင်းဆိုရာ၌ သီးသန့်နှစ်မြို့ ခွဲထားခြင်းမဟုတ်ဘဲ တစ်ဆက်တည်း တည်ရှိနေကာ အမည် နှစ်ခု ခွဲထားခြင်းဖြစ်သည်။ မြို့ပေါ်လူတို့တော့ မြို့ဟောင်း၊ မြို့သစ်ဟု သုံးစွဲကြလေ၏။

18/07/2013

အဖေရှိနေတဲ့ ဟိုက်ဒရာဘတ် (၁)

          လူတို့သည် များသောအားဖြင့် ခရီးသွားခြင်းကို နှစ်ခြိုက်ကြ၏။ ခရီးသွားခြင်းဖြင့် ကိုယ်ခွန်အားနှင့် စိတ်ဓာတ်တို့ကို လန်းဆန်းတက်ကြွစေကာ ဒေသန္တရဗဟုသုတ တို့ကိုလည်း များစွာ ရရှိပေ၏။ မိတ်ဆွေအသစ်တို့နှင့်လည်း ခင်မင်ဆုံစည်းခွင့်ရသဖြင့် ပျော်ရွှင်စရာ ကောင်းလှပေ၏။ ထိုကြောင့် များစွာသော လူတို့သည် မိမိတို့ လုပ်ကိုင်နေကြသော လုပ်ငန်းတို့မှ အနားယူခွင့်ရက်တို့ကို ယူကြကာ ခရီးသွားလေ့ ရှိကြသည်။ အနောက်နိုင်ငံများမှ စီးပွားရေးပြည့်စုံသော မိသားစု တို့သည် တစ်နှစ်လျှင် နှစ်ကြိမ်မျှ ပြည်ပ ခရီးထွတ်ကြကာ အပန်းဖြေလေ့ရှိသည်ဟု ဖတ်ခဲ့ဘူးသည်။ အပန်းဖြေ အနားယူကြပြီးနောက် မိမိတို့၏ လုပ်ငန်းခွင်တို့သို့ တစ်ဖန် ၀င်ကြသောအခါ ပြည့်ဝသော ခွန်အား၊ လန်းဆန်းသော စိတ်ဓာတ်တို့ဖြင့် မိမိလုပ်ငန်းတို့ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြပေသည်။

16/07/2013

ကြည်နူးခဲ့ရတဲ့ ၀န္ဒာမိ ဘန္တေ


           အိန္ဒိယရှိ၊ ဗုဒ္ဓဘာသာဝင်တို့သည် ရဟန်းသံဃာတို့ကိုတွေ့လျှင် ၀န္ဒာမိ ဘန္တေ-ဟု ရွက်ဆိုပြီး လက်အုပ်ချီကာ နှုတ်ဆက်လေ့ရှိသည်ဟု ကြားခဲ့ဘူးလေ၏။ ထိုနှုတ်ဆက် စကားသည် လှပပြီး အဓိပ္ပါယ် ပြည့်ဝသော ပါဠိလေး ဖြစ်၏။ ၀န္ဒာမိ ဘန္တေ- အရှင်ဘုရား ရှိခိုးပါ၏။ ချစ်စရာကောင်းသော ထိုနှုတ်ဆက်စကားပါဠိလေးအား စတင်သုံးစွဲခဲ့သူကို သုတေသန မပြုခဲ့ဘူးသော်လည်း ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့၏ မြစ်မျှားခံရာ ဒေါက်တာအမ်ဘေဒကာမှ စခဲ့ဟန်တူပေ၏။ ပါဠိဘာသာဖြင့် နှုတ်ဆက်သောစကားဖြစ်၍ လူကြီးများအတွက် သုံးစွဲရန်လွယ်ကူနိုင်သော်လည်း ကလေးများအတွက်မူ ခက်ခဲနိုင်ပေ၏။ ပါဠိဘာသာဖြစ်၍ ဥာဏ်နုသေးသော ကလေးများအတွက် အခက်အခဲ ရှိနိုင်ပေ၏။ ယင်းစကားဖြင့် နှုတ်ဆက်ကာ အရိုအသေပေးသည့် ဓလေ့တို့ကို မမြင်ခဲ့ဘူးသေးပေ။ အိန္ဒိယဗုဒ္ဓဘာသာ ၀င်တို့နှင့် တွေ့မှ လက်တွေ့ လေ့လာရအုံးမည်ဟု စိတ်ကူးထားခဲ့၏။  

09/07/2013

အမဲစက် နှစ်စက်နှင့် ဆဲဗင်းဇူလိုင်

         အသိဥာဏ်ပြည့်ဝသော လူသားတို့သည် မိမိတို့၏နိုင်ငံ၊ မိမိတို့၏ အသင်းအဖွဲ့၊ မိမိတို့၏ဘ၀တို့တွင် အမဲစက်များ စွန်းထင်းခဲ့မည်ကို အထူးပင် စိုးရိမ်ကြ၏။ ထိုသို့သော အမဲစက်များ ဘ၀သမိုင်းတွင် မကျန်ခဲ့စေရန်အတွက် သတိထားကြသည်။ မိမိတို့၏ ဘ၀တို့ကို အဖြူစက်တို့ဖြင့် ရေးခြစ်ကြရန် ကြိုးစားကြသည်။ ဘ၀၏ သမိုင်းတွင် အဖြူစက် များကိုသာ ချန်ထားခဲ့လိုကြသည်။ အဖြူစက်တို့ဖြင့် ရေးထိုးထားခဲ့သော ဘ၀သမိုင်း တို့သည် အနာဂါတ်လူတို့ကို လွမ်းမောစေပြီး အမဲစက်တို့ဖြင့် ပက်ဖြန်းထားခဲ့ကြသော ဘ၀သမိုင်း တို့သည်ကား အနာဂါတ်လူတို့ကို နာကျင်စေလေ၏။ ထိုကြောင့် အသိဥာဏ် ရှိသော လူဟု ခံယူထားသူတိုင်း မိမိတို့၏ ဘ၀နှင့် ပတ်ဝန်းကျင်တို့ကို အဖြူထည်တို့ဖြင့်သာ ဖန်တီးထားခဲ့နိုင်ရန် ကြိုးစားကြရပေမည်။

05/07/2013

ရောက်ခဲ့ဘူးသည့် အောက်စဖို့ဒ်တက္ကသိုလ်

       ထင်ရှားသည့် တောင်ပေါ်မြို့လေးတစ်မြို့၊ ထိုမြို့လေးသည် တောင်တန်းအသွယ် သွယ်တို့ဖြင့် ခြားနားထား၍သာ မြို့ငယ်လေးဟု ထင်ရသော်လည်း တကယ်တော့ မြို့ပြကြီး တစ်မြို့ဖြစ်သည်။ ရာသီဥတု ကောင်းမွန်မျှတပြီး တစ်မြို့လုံးကို ချယ်ရီပန်းတို့က အလှဆင်ထား၏။ တောင်တန်းကြီး များတစ်လျှောက်တွင် အစီအရီ ပွင့်နေကြသည့် သဇင်ပန်းတို့နှင့် အာစီယံသပြေပင်လေးများ၊ ၀င်းဝိုင်းစွာ ပြုပြင်ထားသည့် ပန်းပင်အုပ်များ၊ မိုးထိလုနီးပါး ထိုးထိုးထောင်ထောင်ဖြစ်နေကြသည့် အလှသစ်ပင်များဖြင့် လှပလွန်းသည်။ မည်သည့်အရပ်ကိုပင် ကြည့်ကြည့် စိမ်းစိုသော ရှုခင်းများဖြင့် အုံ့ဆိုင်း ညို့မှိုင်းနေကာ သာယာလွန်းလှ၏။ 

02/07/2013

ဒီနေ့ တွေးမိတွေးရာ (၄)

         လေတယ် လေတယ်။ တော်တော့ကို လေတယ်။ အင်တာနက်ခေတ်မှာ ရှင်သန်နေရတဲ့ ရဟန်းတစ်ပါး၊ ကိုယ့်အလုပ်ကိုယ် ဇောက်ချပြီး လုပ်မနေနိုင်တာကိုက ကိုယ့်အမှား၊ ဆရာတော်ကြီးတစ်ပါး မိန့်ခဲ့ဘူးတာကို သတိရတယ်။ တစ်ရက် ဆရာတော်ကြီးက ပြည်ပက လွှင့်တဲ့ ရေဒီယိုကို နားထောင်နေတဲ့ တပည့် ရဟန်းငယ်တစ်ပါးကို တွေ့သတဲ့။ အဲဒီအခါ ဆရာတော်ကြီးက “အောင်မယ်.. ကိုယ့်အတွင်းက အပူကိုတော့ ငြိမ်းအောင်မလုပ်ဘဲ ပြင်ပအပူတွေကို ထပ်ယူနေတယ်” လို့ မိန့်သတဲ့။ ကိုယ်လည်း ခု ဒီလို ဖြစ်နေတာတော့ သေချာတယ်။ 

     သက်တမ်းနုနု ဒီမိုကရေစီကူးပြောင်းစ အမိနိုင်ငံတော်အတွက် မျှော်လင့်ချက် အပြည့်နဲ့ နေ့စဉ်ဆိုသလို သတင်းစောင့်ကြည့်ဖြစ်တယ်။ နုနယ်သေးတဲ့ အချိန်မှာ အမှားအယွင်း မဖြစ်ဖို့ သိပ်အရေးကြီးတာ မဟုတ်လား။ သိချင်တာ ကြားချင်တာ မြင်ချင်တာက တက်ညီ လက်ညီနဲ့ အားလုံးပူးပေါင်းလို့ တိုင်းပြည်အတွက် ဘာတွေ လုပ်နေကြတယ်၊ ဘာတွေ တိုးတက်နေတယ်။ ဒါမျိုးကို မြင်ရပြီး ကျေနပ်ချင်တာ။ အားရချင်တာ၊ ၀မ်းသာချင်တာ၊ ဂုဏ်ယူချင်တာလေ။