31/03/2013

အနစ်နာခံသူ နဲ့ ကိုယ်ကျိုးစွန့်သူ

    (၂.၁၀.၂၀၁၂)နေ့က အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျလိမြို့က ကွန်ဗင်းရှင်း စင်တာ(LACC)မှာ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဟောပြော မေးဖြေပွဲလုပ်တော့ မိမိလည်းအခြားသံဃာတော် (၁၅)ပါးတို့နဲ့အတူ ရောက်ခဲ့ဖြစ်ပါတယ်။ 

      အဲဒီပွဲမှာ မေးခွန်းရှင်တစ်ဦးက “ဒီမိုကရေစီအရေးမှာ အစောပိုင်းကတည်းက အနစ်နာခံခဲ့ကြသူတွေဟာ ဒီနေ့အချိန်မှာ လွှတ်တော် ကိုယ်စား လှယ်စတဲ့ နေရာမျိုးတွေမှာ ပါဝင်ခွင့်မရကြဘဲ ကြားဖြတ်ကာလရောက်မှ ပါဝင်လာ ကြသူတွေက နေရာရနေသလိုမျိုး ဖြစ်နေပါတယ်။ အဲဒါ အမေစုရဲ့ သဘောထားကို ရှင်းပြပေးပါ”ဆိုပြီး စာရေး မေးမြန်းပါတယ်။ 

26/03/2013

အိန္ဒိယ ရောင်စုံသင်္ကြန်

            မြန်မာနိုင်ငံတွင် အတာသင်္ကြန်နီးပြီဆိုပါက နေရာတိုင်းတွင် မရိုးနိုင်သော ခေတ်ဟောင်း သင်္ကြန်သီချင်းများ၊ အသစ်ထွတ်သင်္ကြန်သီချင်းတို့ကို ဆူညံစွာ ဖွင့်လေ့ရှိကြသည်။ ထိုအချိန်ရောက်လျှင် ပျိုမေတို့သည် ပိတောက်ပန်းတို့ကို ပန်ဆင်ပြီး တူးပို့တူးပို့ဖြင့် မြူးဖို့ အားခဲကြသလို ကိုလူပျိုတို့ကလည်း ရှာပုံတော်မင်းသားကြီး လုပ်ဖို့ စိတ်ကူးကြသည်။ လူကြီးပိုင်း နှင့် ဘာသာရေးတက်ကြွသူ လူငယ် တစ်ချို့တို့ကတော့ မန်းတော်ရိပ်နှင့် ကျောင်းတော်ရိပ်ကို ခိုလှုံဖို့ ပြင်ဆင်ကြလေသည်။ အမိမြေတွင် နှစ်သစ်ကူးခါနီးအချိန်ကို သတိမထားမိလျှင်မူ ဖွင့်နေကြသော သင်္ကြန်သီချင်းတို့ကြောင့် သင်္ကြန်နီးပြီဆိုသည်ကို သတိရမိကြလေ၏။

15/03/2013

ဖုံးထားဆဲ ဖုန်း

          အရှိန်အ၀ါ မဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။ 
    It is more difficult to achieve wisdom than to acquire fame and influence.
                                                                    (တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်) 

        “ငါတို့ နိုင်ငံမှာ ဖုန်းဆိုတာ လူချမ်းသာတွေပဲ ကိုင်နိုင်တာလေ။ ဆင်းကာ့ဒ် တစ်ကဒ်ကို ဒေါ်လာ (၃၀၀၀) ကျော်ပေးရတယ်။ ငါ့ မိသားစုတွေက လယ်သမားတွေ။ ဒီလောက်ဈေးကြီးတာကို ဘယ်လိုလုပ်ကိုင်နိုင်မှာလဲ။” 

        ကျွန်ုပ် အိန္ဒိယကို ပညာသင်ရန် စတင်ရောက်ခဲ့သည့် နှစ်က ၂၀၀၇-ခုနှစ် ဖြစ်သည်။ တက္ကသိုလ်တွင်းရှိ နိုင်ငံတကာ ကျောင်းသားဆောင်တွင် နေထိုင်ရင်း နိုင်ငံပေါင်းစုံမှ ကျောင်းသားများစွာတို့နှင့် သိကျွမ်းခွင့်ရခဲ့သည်။ နေ့စဉ်လိုပင် သူတို့မိသားစု အသီးသီးက အဆင်ပြေသလားစသည်ဖြင့် ဖုန်းဆက်ကြသည်။ ကျွန်ုပ်ထံသို့ကား မည့်သည့်ဖုန်းမျှ မလာ။ ထိုအချင်းအရာကို သတိထားမိကြသော မိတ်ဆွေများက ဖုန်းမလာခြင်း၏အကြောင်းကို မေးကြလေ၏။ ထိုအခါ ကျွန်ုက အထက်ပါစကားကို ဖြေခဲ့မိသည်။  

12/03/2013

ခရာ့ပ်ဟိုးဂယား

               လောကမှာ နာမည်ကြီး ပစ္စည်းပေါတယ်ဆိုတာ အလကားပါ၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမှာပါ။ 

                  Fame and wealth are after all nothing. When you die you have to depend on Sila (precept), Samadhi (stability) and Pañña (wisdom).
                                                 (တောင်မြို့၊ မဟာဂန္ဓာရုံ ဆရာတော်) 

            ‘ထိကေ အာချာ တူးယီးယား’ ဟူသော စကားသည် အိန္ဒိယနေ အရှင်တို့အတွက် ဗန်းစကား တစ်ခုလို ဖြစ်နေခဲ့သည်။ သဘောမှာ- ဟိန္ဒီစကား အများကြီး မတတ်ချင်နေပါစေ၊ ထိကေ-အိုကေ၊ အာချာ- အိုကေ, ကောင်းပြီ ဟူသော ကုလားစကားနှစ်ခွန်းဖြင့် အမ်အေ နှစ် နှစ်အတွက် ကုလားနိုင်ငံတွင် နေနိုင်သည်ဟု ဆိုလို ၏။ ဟိန္ဒီစကားကို စိတ်မ၀င်စားသော မိမိအတွက် မဇ္ဈိမတွင် နေခဲ့သည်မှာ ငါးနှစ်ရှိခဲ့ သည်တိုင် ကုလားစကားကို များစွာ မပြောတတ်ခဲ့ပေ။ ထို့ကြောင့် မိမိအတွက် ‘ထိကေ အာချား တူးယီးယား’ ကို ‘ ထိကေ အာချာ ဖိုက်ယီးယား’ ဟု ပြင်ရ မလိုပင် ဖြစ်နေတော့သည်။ ငါးနှစ်ကို စွန်းလာသော ယခုအခါမှ ခရာ့ပ်ဟိုးဂယား ဟူသော ဟိန္ဒီစကား အသစ် တစ်ခွန်းကို ကောင်းမွန်စွာ နားလည်ခဲ့ရသည်။

07/03/2013

ထွန်ရေးမညက်တဲ့ ရင်


သက္ကရာဇ်တွေလဲ
 လောကဓံတွေနဲ့အတူ 
အရွယ်ရောက်ပြီးသား။ 
ရင်ဘတ်တွေလဲ 
အချစ်တွေနဲ့ အတူ 
ထွန်ရေးညက်ပြီးသား..။ 

      ကဗျာမှန်သမျှကို ကျွန်တော် နှစ်သစ်မြတ်နိုးသည်။ ကဗျာမှန်လျှင် ကာရန်ဖြင့် ဖွဲ့ရသော သံပေါက်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုးမှစ၍ မော်ဒန်ကဗျာများမကျန် ခုံမင်စွာ ဖတ်ရှုခံစားသည်။ ’၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်’ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွတ်မယ်’ စသော ကလေးကဗျာများသည် ရသမျိုးစုံကို ရရှိသဖြင့် နှစ်ခြိုက်လှသည်။ ယခုခေတ် ဖွဲ့သီနေကြသော မော်ဒန်ကဗျာများသည် ဖတ်ရှုသူတို့၏ စိတ်ကူးဥာဏ်ကို ကွန့်မြူးစေကာ ရှု့ထောင့်မျိုးစုံမှ ရသခံစားမှုတို့ကို ပေးစွမ်းနိုင်ပေ၏။ 

     ကျွန်တော် ဆယ်ကျော်သက်အရွယ်က ၀ါသနာတူ ကဗျာအိုးလေးများ စုစည်းကာ ဥသြနွေ လူငယ်ကဗျာဝိုင်းကို ဦးဆောင်ကာ ဖွဲ့ခဲ့ဘူးသည်။ ကွန်ပျူတာ မရှိသေးသော အချိန်ဖြစ်၍ လက်ရေးမူတို့ဖြင့် မိတ္တူကူးကြကာ ကဗျာစာအုပ်လေး နှစ်အုပ်တော့ အောင်မြင်စွာ ထုပ်ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ ကဗျာတို့ကို ရှုးသွပ်စွာ စွဲမက်ခဲ့သော်လည်း အနုပညာမြောက်အောင် ကဗျာတို့ကို ရေးဖွဲ့သီကုန်းရန် ကျွန်တော်တွင် ပါရမီမပါခဲ့။ ထိုကြောင့် ကဗျာချစ်သူ အဖြစ်သာ ကျေနပ်ရတော့သည်။

02/03/2013

လောကလွန်ကျင့်စဉ်

     ပွင့်တော် မူကြသည့် ဘုရားရှင်တိုင်း ဗာရာဏသီ မိဂဒါဝုန်ဝယ် ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့ကြသည်။ ထိုတရားဦးတွင် ကာမသုခလ္လိကာနုယောဂ- ကာမချမ်းသာကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ-မိမိကိုယ် မိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း ဟူသော အစွန်းရောက် အကျင့်မှား လမ်းစဉ်နှစ် သွယ်တို့ကို စွန့်ပယ်ကာ မဇ္ဈိမ ပဋိပဒါ- အလယ်အလတ်ကျင့်စဉ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံရန် ညွှန်ကြားခဲ့ပေသည်။ 

      ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒုက္ခပေးလျက် ကျင့်ကြံသော အတ္တကိလမထ ကျင့်စဉ်သည် မြတ်ဗုဒ္ဓ ခေတ်ကတဲက အိန္ဒိယတွင် ရေပန်းစားခဲ့သည်။ မြတ်စွာဘုရားလောင်းသည်ပင် ပဲပြုတ်ရေ လက်တဆွမ်းမျှကိုသာ သုံးဆောင်၍ အစားအစာတို့ကို ဖြတ်တောက်ကာ ခြောက်နှစ်တိတိ ကျင့်ကြံခဲ့လေ၏။ အကျင့်မှားတို့ကို ပြုပြင်ပြီးနောက်မှသာ ဘုရားဖြစ်တော်မူခဲ့ပေသည်။