28/12/2012

ပါဠိစာပေ နှင့် သင်ကြားနည်းစနစ်

    “အမျိုးသားပညာရေးအစ…ဘုန်းတော်ကြီးကျောင်းက”…ဟူ၍ဆိုရိုးစကား သမိုင်းများ ရှိခဲ့ကြသ ကဲ့သို့…ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်သည် ဟိုတောကြိုအုံကြား ရပ်/ ရွာများမှ မြို့နယ်တိုက်ကြား ရွှေနန်းတော်များအထိ ခရီးပေါက်မြောက်ခဲ့ပေသည်။ ထိုဘုန်းတော်ကြီး  သင်ပညာရေးစနစ်သည် အမိမြန်မာပြည်ကြီး သူ့ကျွန်ဘဝကိုလိုနီ နယ်ချဲ့အောက် ကျရောက်သည်မှစ၍ တစတစနှင့်အနှိမ်နင်းခံ နင်းကြမ်းဘဝသို့ ရောက်မှန်းမသိ ရောက်ရှိသွားကာ ပစ္စုပ္ပန် မျက်မှောက် ကျောင်းတော်ကြီး၏ ခေါင်းလောင်းသံသည်ကား….တိတ် ဆိတ်ငြိမ်သက်ခြင်းကို အဖော်ပြုပြီး အနာဂါတ်၏ရင်သွေးငယ်များအတွက် တာဝန်မဲ့သယောင် ယောင် အသွင်ဆောင်၍နေ ခဲ့လေပြီတကား………။ 

      ယင်းကဲ့သို့ အနှိမ်ခံနင်းကြမ်းဘဝသို့ ကျရောက်သွားခြင်း၏အကြောင်းရင်းမှာ…ဘာသန္တရစာပေများကို အားပေးမှုနည်းသောရှေးဆရာများ၏ရှေးရိုးစဉ်လာ ပညာသင်ကြားရေးနည်း စနစ်ကို မပြောင်း လဲလိုခြင်း….လောကီနှင့်လောကုတ္တရာကိုမရောထွေးခြင်း…ဟူသောအကြောင်း တရားနှစ်ရပ်ကို ယေဘုယျ အားဖြင့် ရှုမြင်သုံးသပ်တွေ့ရှိပေသည်။

သာသနာကို ဘယ်သူ စောင့်ရှောက်သင့်သနည်း

     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတို့သည်၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး တို့နှင့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားတို့ကို အသက်ထက်ဆုံး ယုံကြည်ကြ ကုန်သည်။ မြတ်စွာဘုရားရှင်သည် ချစ်သားအာနန္ဒာကိုခေါ်၍ မိန့်တော်မူသော စကားတော်မှာ ငါဘုရားမရှိသည့် နောက်ပိုင်း ဖူးမျှော်စရာ သံဝေဇနိယလေးဌာန ရှိလိမ့်မည်၊ သွားရောက်၍ ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်လျှင် အပါယ်လေးပါးမှ လွတ်မြောက်၍ လူ နတ် နိဗ္ဗာန် သုံးတန်သော သုဂတိဘ၀သို့ ရောက်ရှိကြောင်း မိန့်တော်မူခဲ့သည်။ 

       ထို့ကြောင့် ဗမာလူမျိုးတို့သည် ဘုရာပွင့်ရာ သံဝေဇနိယလေးဌာနသို့ ဘုရားဖူး သွားရလျှင် လောကီချမ်းသာ လောကုတ္တရာချမ်းသာကို ရမည်ဟု အလေး အနက် ယုံကြည်ကြ၍ လာရောက် ဖူးမျှော်ကြပေသည်။ သို့အတွက်ကြောင့် ဘုရားလဲဖူး လိပ်ဥလဲတူးဟူသော စကားပုံကို လက်ကိုင်ထား၍ တပည့်တော်သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်သို့ ပညာသင်ရန် ရောက်ရှိခဲ့သည်။

23/12/2012

သာသနာတည်ကြောင်းနှင့် သာသနာကွယ်ကြောင်းတရားများ..။

            (သာသနာတော်နှစ်၂၅၅၆-ခု ကောဇာသက္ကရာဇ်၁၃၇၄-ခု၊ခရစ်သက္ကရာဇ် ၂၀၁၂-ခု(၁၅-၁၂-၁၂) စနေနေ့ အိန္ဒိယနိုင်ငံ မဇ္စျိမဒေသ ဗာရာဏသီမြို့ B.H.Uတက္ကသိုလ်နှင့် ဆန်းစခရစ်တက္ကသိုလ်တို့ တွင် ပညာသင် ကြား နေကြသော မြန်မာသောသတုဇနရဟန်းတော်များ၏ စာတမ်းဖတ်ပွဲတွင် ဘုရားတပည့်တော်အနေနှင့် စာတမ်း ဖတ်ခွင့်ရသဖြင့် အင်မတန်မှ ၀မ်းမြောက်ပီတိဖြစ်ရပါသည် ဘုရား။ ၀ါဆိုလပြည့်နေ့တွင် ဓမ္မစကြာရွတ်ဆိုပွဲကျင်းပ ပြုလုပ်ချိန်က စာတမ်းဖတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု ကြားသိရ၍သုတ မင်္ဂလာ ဖြစ်ရပါသည်ဘုရား။ ဗာရာဏသီတက္က သိုလ်နှစ်ခုမှ သောတုဇနသံဃာအများသည် သာသနာအရေးသည်ဒို့အရေး၊ သာသနာ့တာဝန်သည် ဒို့တာဝန်ဟူသော စိတ်ထားဖြင့် ကိုယ်ဆင်းရဲမှု-ကာယိကဒုက္ခ စိတ်ဆင်းရဲမှု-စေတ သိကဒုက္ခများကို ပဓာနမထားကြပဲ စိတ်အားထက်သန်စွာ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို တွေ့ဆုံခွင့်ရပြီး စာတမ်းဖတ်ပွဲအထမြောက်အောင်မြင်ပါသဖြင့် ဒိဋ္ဌမင်္ဂလာဖြစ်ရပါသည်ဘုရား။ 

  ယနေ့ သုတမင်္ဂလာ ဒိဋ္ဌမင်္ဂလာနှစ်ပါးစုံညီတဲ့နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော် အနေနှင့် ဗဟုသုတနည်းသည်ဟုပင် ဆိုလေမလားစားတမ်းဖတ်ပွဲ ဆိုတာ ယခုအိန္ဒိယရောက်မှ သာ တွေ့ကြုံဖူးပါသည်ဘုရား။ သို့အတွက်ကြောင့် ပုထုဇဉ်ပီပီ အမှားများပါနိုင်သည်ကို ခွင့်လွတ်တော်မူကြပါအရှင်မြတ်တို့ဘုရား။ 

22/12/2012

မျက်မှောက်ခေတ်သာသနာ နှင့် အင်တာနက်

        အနှိုင်းမဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမ စကားတော်တို့ကို သာသနာဟု ခေါ်ပေသည်။ ထိုသာသနာတော်သည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟု သုံးတန်တည်ရှိပေသည်။ ထိုတွင် ပရိယတ္တိဟူသည် ပိဋကတ်စာပေသင်ကြားမှု ဖြစ်၏။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရားဖြစ်သည်။ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်မှုဖြစ်သည်။ ပဋိဝေဓ ဟူသည်မှာမူ- မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်းဖြစ်သည်။ 

         ထိုသာသနာတော် သုံးရပ်တို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ- ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြု နေကြသည်၊ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်၊ မှန်ကန်သော ပဋိပတ်ကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာကို ဆိုက်ရောက်နိုင်ပေသည်။

21/12/2012

ပညာတတ်တစ်ယောက်၏ တန်ဘိုး

        ပညာဟူသော ဝေါဟာရမှာ မြန်မာစာပေနယ်ပယ်မှ များစွာ အသုံးပြုခဲ့ကြ၊ အတိတ်ခေတ်များကပင် တွင်ကျယ်ခဲ့ကြသောကြောင့် မြန်မာဝေါဟာရကဲ့သို့ဖြစ်နေကြသည်။ လူအများ နားလည်းသော အဓိပ္ပါယ်မှာ ငယ်စဉ်မှတက္ကသိုလ်အထိဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံပညာ ဘာသာရပ်များကို ကျောင်းဆရာ၊ ဆရာမတို့မှ တပည့်ကျောင်းသားများကို စာသင်ခန်းထဲမှာ သင်ပြ ပို့ချပေးချက်များ ဟု ဖြစ်ပေသည်။ ပညာဟူသည် ကျောင်း ကျောင်းစာများ နှင့် မကင်းနိုင်ပါ ဆရာ ဆရာမများ နှင့် သက်ဆိုင်လေ့ရှိရာ ဤအနက် အဓိပ္ပါယ် ပေါ်လွင်စေပါသည်။ ပါဠိ အဋ္ဌက ထာကျမ်းဂန်များ၌ ပ+ပ်ဥာ (ဥာ)ဓာတ်၊ ပါရှိသည်။ (ပ)ကရှေ့ဆက် ပစ္စည်းဖြစ်၍ ထူးထူး ခြားခြား အနက် အများအပြားမှုရှိနေသလို(ဥာ)ဓာတ်က သိခြင်း၊ နားလည်ခြင်း၊ ခံယူခြင်းတို့ကို ထွန်းပြ သည်။ ထို့ကြောင့် အသိတစ်ခုခု ပညာရပ် ဘာသာရပ် အတတ် တစ်ခုခုကိုကွဲကွဲ ပြားပြားစုံလင်စွာ တတ်သိ နားလည်၍ သဘောပေါက် ခြင်းကို ပညာဟူ၍ ဆိုကြသည်။  

19/12/2012

လောကပျက်စီးမှုကို ဘယ်လို တားဆီးကြမလဲ..

         ဥပနီယတိ လောကော အဒ္ဓုဝေါ ၊ လောကော-လောကကြီးတစ်ခုလုံးဟာ၊ ဥပနီယတိ-ရွေ့ နေတယ်၊ အဒ္ဓုဝေါ- မမြဲဘူး ၊ပကမ္ပတိ-တုန်လှုပ်နေတယ်၊ ရဌပါလသုတ်မှာ စကားကြီးလေး ခွန်းထဲက တစ်ခွန်းကို ဖေါ်ပြထားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဌပါလသုတ် တရားတော်ကို နာနေတဲ့အချိန် မကြာခင်မှာဘဲ စစ်ကိုင်းပြက်ရွေ့ကြော လှုပ်လာတဲ့ ငလျင်ဒဏ်ကြားရပါတယ်၊ လောကကြီးဟာ တုန်လှုပ်ရွေ့လျော ပျက်စီးနေတယ်ဆိုတာ မှန်တာပဲလို့ သဘောပေါက်လိုက်မိတယ်၊ (၁၁-၁၁-၂၀၁၂)ခုနှစ် ညနေက လှုပ်ခတ်လာတဲ့ မြေငလျင်ကြီး စစ်ကိုင်း မန္တလေး ရွေဘိုတို့ကို ဗဟိုပြုကာ ၆.၈ စကေး ပြင်းအားရှိတဲ့ မြေငလျင်ကြီးဆိုတာ တွေ့ကြုံခံစား ရသူတိုင်း သိကြပါတယ်၊ (ဥပနီယတိ လောကော အဒ္ဓုဝေါ-လောကကြီးဟာ တုန်လှုပ်ပျက်စီး နေတဲ့ အကြောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ပျက်စီးနေပါတယ်။

စီစဉ်သူ၏ မုဒိတာစကား

                                          စီစဉ်သူ၏ မုဒိတာစကား 
    ဤစာတမ်းဖတ်ပွဲကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ တက္ကသိုလ် အသီးသီးတွင် ပညာဆည်းပူးနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ ဆုံဆည်းကြသည့် အမှတ်တရ မိတ်ဆုံပွဲ တစ်ပွဲ ဖြစ်စေရန်၊ ပညာသင် ကျောင်းသားတို့၏ လွတ်လပ်သော အတွေးအခေါ်တို့ကို ထေရ၀ါဒနှင့် ဆန့်ကျင်မှု မရှိဘဲ ပွင့်လင်းစွာ ဖော်ထုပ်ပြနိုင်ရန်၊ နိုင်ငံတကာပွဲများတွင် ပါဝင်ဆင်နွဲနိုင်ရေးအတွက် အလေ့အကျင့် ဖြစ်စေရန် စသော ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။ စာတမ်းများ ကို မျှော်လင့်ထားသည်ထက်ပင် ပိုမို၍ လက်ခံရရှိခဲ့သည်။  

17/12/2012

စာတမ်းဖတ်ပွဲ အစီအစဉ်များ..။

အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲ အခမ်းအနား အစီအစဉ်များ
 ၁။ ရှေးဦးစွာ နမော တဿ - သုံးကြိမ် ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင် ဖွင့်လှစ်ရန်။
 ၂။ ဗာရာဏသီမြို့၊ ဆေးဝင်္ကဘာကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်မဏ္ဍလမှ သြ၀ါဒကထာ ချီးမြှင့်ပေးရန်။
 ၃။ ဗာရာဏသီဆိုက် ကျောင်းသားအဖွဲ့ကြီး၏ ဥက္ကဋ္ဌဆရာတော် အရှင်နိပုဏာလင်္ကာရမှ သန္ဒေသကထာ လျှောက်ကြားရန်။
၎။ စာတမ်းရှင် ဆရာတော်များမှ စာတမ်းများ ဖတ်ကြားတင်သွင်းကြရန်။ 
၅။ စာတမ်းရှင် ဆရာတော်တို့အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးရန်။ 
၆။ အလှူရှင်တို့အား စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ ဂုဏ်ပြု လက်မှတ်တို့ကို ချီးမြှင့်ပေးရန်။ 
၇။ ကြွရောက်လာကြသော သံဃာတော်များမှ ဇယန္တော ဗောဓိယာ- စသော အောင်ဂါထာတော်တို့ကို ရွတ်ဖတ်ပူဇော်ကြရန်။
 ၈။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု - သုံးကြိမ် ရွက်ဆို၍ အခမ်းအနားကို ရုတ်သိမ်းရန်။

15/12/2012

ဗာရာဏသီ စာတမ်းဖတ်ပွဲ ပုံရိပ်များ..။

                                          စာတမ်းများ ဖတ်ကြားတင်သွင်းကြစဉ်..။
ဆန်စခရက် တက္ကသိုလ်မှ အရှင်ဇောတိက

ဗာရာဏသီ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲကို အစီအစဉ် (၈) ချက်တို့ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။ အစီအစဉ်များ နှင့်စာတမ်းများကို တင်ပြပေးသွားပါမည်။
 
အခမ်းအနား စတင်စဉ်

ဆေးဝင်္ကဘာဆရာတော်မှ သြ၀ါဒချီးမြှင့်စဉ်
နာဂဇုနတက္ကသိုလ် အရှင်သုစိတ္တမှ ဖတ်ကြားတင်သွင်းစဉ်။

12/12/2012

အလှုစာရင်းရှင်းတမ်းနဲ့  ပဏာမအလှုအတွက် အစီစဉ် ပြီးစီးအောင်မြင်ကြောင်းl






အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်

ယခုပြုလုပ်တဲ့အလှုအတွက်  ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ

အလှုရှင်များအားလုံးကို  မောင်(စွယ်စုံကျမ်း) မှ  ကျေးဇူးအထူး  တင်ရှိရပါကြောင်း

ပြောကြားပါတယ် ။စိတ်ကူးလိုက်တဲ့ အစီစဉ်လေး ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ

အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ရပါတယ်။ပဏာမအစီစဉ် ၀က်ဆိုဒ်ဆယ်ခုအတွက်

ဒိုမိန်းလှုတာ အောင်မြင်သွားပါပြီ ။